ဘယ်လိုပျော်ရွှင်ရမလဲနမူနာ
စိတ်ခံစားချက်တိုင်းသည် အရာအားလုံးမဟုတ်ပါ
သင်အင်မတန်မှခက်ခဲသော အရာတွေကိုဖြတ်သန်းခဲ့ဘူးပါသလား။ သင့်ကို ဘယ်လိုခံစားစေခဲ့သလဲ။ သင် ထိုခံစားချက်ကနေ ဘယ်လိုမှမထွက်နိုင်ဘူးလို့ ခံစားမိခဲ့ပါသလား။ မည်သူမှ သင့်လို ဆိုးရွားစွာ နာကျင်တာ သို့မဟုတ် သင် ကျော်ဖြတ်နေရတယ့်အတိုင်း ဘယ်သူမှ မကျော်ဖြတ်ပါဘူးလို့ သင် ခံစားမိနိုင်ပါတယ်။
ရန်သူက သင်တယောက်တည်း အထီးကျန်တယ်လို့ ခံစားစေချင်တာပါ။ အရေးကြီးဆုံးကတော့ ကျွန်ုပ်တို့ ရန်သူက မျှော်လင့်ခြင်းမရှိဘူးလို့ ကျွန်ုပ်တို့ကို ယုံစေချင်တာက ဘယ်အရာမှပြောင်းလဲမှာမဟုတ်တာကြောင့်ဖြစ်တယ်။
ဒါပေမယ့် အရာအားလုံးမှာ သူ့အချိန်ရှိပါတယ်။ ကျွန်တော်တို့ ရာသီအချိန်အခါမျိုးစုံ ဖြတ်သန်းကြရတယ်။ တချို့ အချိန်တွေ အရမ်းကောင်းပြီး ဆိုးရွားလွန်းတယ့် အချိန်တွေလဲရှိပါတယ်။ သင် ကောင်းသောအရာနှင့်ကြုံတွေ့ရပါက ထိုအရာအပေါ် ဆုပ်ကိုင်ထားပါ၊ ပျော်မွေ့ပါ၊ ချီးမွမ်းပါ။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ။
ဒါပေမယ့် ဘဝက ခက်ခဲလာပြီး သင် အားလျှော့ပြီး၊ ဝမ်းနည်း၊ စိတ်ဆိုးတယ့် အချိန်မှာ စိတ်ဓာတ်မကျပါနဲ့၊ ဘာကြောင့်လဲဆိုတော့ အချိန်ခဏတာဖြစ်ပြီး ထို အရာကပြီးဆုံးသွားပါလိမ့်မယ်။ သင် တသက်လုံးခံစားရမှာမဟုတ်ပါ။
ကမ္ဘာကြီးပြီးဆုံးတော့မယ်လို့ သင်ခံစားရနိုင်တယ် ဒါပေမယ့်မဟုတ်ပါ။ အသစ်သောအရာတခုရဲ့ နိဒါန်းဖြစ်ဖို့များတယ်။ သူငယ်ချင်းနဲ့ ရင်းနှီးမှုကို ဆုံးရှုံးတာ၊ ဝါသနာတခု၊ အိမ်မက်တခု သို့မဟုတ် အကြံတခုခုကို ဆုံးရှုံးတာက သင့် နောက်ရာသီအတွက် လမ်းပြပေးနိုင်ပါတယ်။ သင်တခါမှ မခံစားဖူးသော ပိုပြီးပျော်ရွှင်တယ့် အချိန်အခါလဲ ဖြစ်နိုင်ပါတယ်။
သင်ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရပါက ထိုအရာတွေက တသက်လုံးမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ သင့်အတွက် ပြောင်းလဲလာမှာဖြစ်တယ်။
ဘုရားသခင်က သင့်အတွက် သိမ်းဆည်းထားတယ့် အရာတွေရှိတယ်ဆိုတာ သိစေချင်တယ်။ သင့်အတွက် ကြီးမားသော အကြံစည်တော်များရှိတယ်။ သင်ကြုံတွေ့နေရတယ့် ဘယ်အရာကိုမဆို ဘုရားယူပြီး သူ၏ဘုန်းတော်အတွက်နှင့် အခြားသူများကို ကူညီရာမှာ အသုံးပြုနိုင်တယ်။
သင်ယခု ရှိနေတယ့် အချိန်အခါက ကြမ်းတမ်းနိုင်ပေမယ့် သင့် ရာသီအချိန်အခါတွေ ပြောင်းလဲလာမယ်ဆိုတာ ကျွန်တော်ကတိပေးရဲတယ်။
ဤအစီအစဉ်အကြောင်း
ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။
More