YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘယ်လိုပျော်ရွှင်ရမလဲနမူနာ

How To Be Happy

7 ၏ နေ့ 6

ပိတ်မိခြင်း

ဟုတ်ပြီ၊ ဒါဆိုတော့ ရပ်တန့်ခြင်း၊ စဥ်းစားခြင်းနှင့် ဘုရားသခင်မှာ ကိန်း‌ဝပ်ခြင်း၊ ကောင်းသောစိတ်ခံစားချက်များတွင် တည်နေခြင်းကို ‌ရွေးချယ်ခြင်းက သင် ရှုပ်ထွေးသောခံစားချက်များတွင် တက်ကြွစွာ လုပ်ဆောင်နိုင်ရန် အခန်းကဏ္ဉရှိကြောင်း သင်နားလည် သဘောပေါက်လာမှာဖြစ်တယ်။

တခါတလမှာ ဘဝကလွှမ်းမိုးခြင်းများရှိပြီး သင်ခံစားနေရတယ့် စိတ်ခံစားချက်တွေက ကြီးမားတယ်။ သင် အလွန်ခံစားရခက်သော အိမ်ထောင်ကွဲခြင်း၊ ချစ်ရသောသူ သေဆုံးခြင်း၊ အပြင်းအထန်ဖျားနာခြင်း၊ ဒါမှမဟုတ် ကြမ်းတမ်းသော အခြေအနေမှ စိတ်သက်သာရာ ရနေချိန် အလယ်မှာ သင် အတွေးတွေပူနေမှာ သေချာတယ်။ သင် အကြံဉာဏ်တောင်းဖို့လိုမှာဖြစ်ပြီး အမြန်ဆုံးရှာဖွေရန် လိုအပ်တယ်။

တချို့အတွက်တော့ ဦးနှောက်ထဲမှာ အဘယ်အကြောင်းအရာကြောင့်မဟုတ်ဘဲ စိတ်ခံစားချက်တွေ စဖြစ်လာတာဖြစ်တယ်။ ဖော်ပြဖို့ ခက်တယ်။ ဘယ်အရာမှ "မမှားပါ"။ ပြဿနာကြီးကြီးမဟုတ်ပါ လစ်ဟာနေတယ့် စိတ်ခံစားချက်ဖြစ်တယ်။ ဒါမှမဟုတ် စိုးရိမ်နေတယ့် ခံစားချက်ဖြစ်တယ်။ သို့မဟုတ် တနေ့ပြီးတနေ့ အရာအားလုံးကို ထူးဆန်းပြီး မကောင်းတယ့် စိတ်ခံစားချက်တွေက ပျက်စီးစေတာဖြစ်တယ်

ဒီလို သဘောတူရအောင်။ သင် သို့မဟုတ် တစုံတယောက်က ပိတ်မိနေသလို စိတ်ထဲခံစားရနိုင်တယ်။ လေးနက်တယ့် ကိစ္စတခုကြောင့် ဖြစ်နိုင်တယ်။ မျိုးရိုးဗီဇကြောင့်လဲ ဖြစ်ကောင်း‌ဖြစ်နိုင်တယ်။ အရေးကြီးဆုံးအရာကတော့ သင် သို့မဟုတ် သင့် သူငယ်ချင်းက ပိတ်မိနေသလိုဖြစ်ပါက အကူအညီတောင်းရန် သတ္တိရှိပါ။ ခက်ခဲပြီးကြီးမားတယ့် အရာမဟုတ်ပါ။ ကိုယ်ယုံကြည်လို့ရတယ့် ဆရာ သို့မဟုတ် ခေါင်းဆောင်တွေကို စာပို့တာလဲ ဖြစ်နိုင်တယ်။ "ကျွန်တော် အရမ်းခက်ခဲနေတယ့်အချိန်ကို ဖြတ်သန်းနေရတယ်၊ ကူညီပေးပါလား"လို့ မိဘတွေကို ပြောလို့ရတယ်။

မကြောက်ပါနဲ့။ ရဲရင့်ပါ၊ အသိတရားရှိပါ။ ဒီကျမ်းစာဖတ်ခြင်း အစီအစဥ်က သင့်ကို ဘုရားပေးတယ့် စိတ်ခံစားချက်တွေက အချိန်အခါတခုထိရှိတယ်ဆိုတာ သင်ကြားပေးပြီးဖြစ်တယ်၊ ယေရှုက ထိုစိတ်ခံစားချက်တွေနဲ့ ငြိမ်သက်ခြင်းကိုပေးနိုင်တယ်၊ ထိုအရာတွေက အမှန်တရားကို ပြည့်စုံအောင် အမြဲဖော်ပြတာမဟုတ် တခြားသူတွေအပေါ် စိတ်ခံစားချက်တွေကို ပျောက်ကင်းစေတာဖြစ်တယ်။

သင် သို့မဟုတ် သင့်မိတ်ဆွေက စိတ်ပိုင်းဆိုင်ရာ ပိတ်မိနေသလို ခံစားရပါက ပညတ်တရားနှင့် အကြံဉာဏ်‌ကောင်းကို ရှာဖွေရန် အချိန်ရောက်ပြီဖြစ်တယ်။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

How To Be Happy

ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့‌ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။