ဘယ်လိုပျော်ရွှင်ရမလဲနမူနာ
သင်ဆိုးရွာတယ်လို့ ခံစားရတယ့်အချိန်လုပ်ဆောင်ရန်
ဤလောကမှာ သင်မကောင်းတယ့် ခံစားချက်တွေ တစ်ချိန်မဟုတ်တစ်ချိန်မှာ ခံစားရမှာ အာမခံတယ်။ ဒ့ါပေမယ့် သင်ဒီမကောင်းတယ့် စိတ်ခံစားချက်တွေကို ဘယ်လိုလုပ်လဲဆိုတာ အရေးကြီးတယ်။
ယနေ့အတွက် ကျမ်းစာကတော့ အခြေခံအားဖြင့် ထိုမကောင်းသောစိတ်ခံစားချက်များကို ထိန်းချုပ်ရန် ပိုကောင်းသည်ဟု ပြောနေပါတယ်။ သင်အော်ဟစ်ခြင်း၊ကြိမ်းမောင်းခြင်းနှင့် သင်ဖြစ်ချင်တယ့် အတိုင်းလုပ်ဆောင်တာက သင်လိုချင်သောအရာကို ရလိမ့်မယ်လို့ သင် ထကောင်းထင်နိုင်တယ်။(တစုံတယောက်ကို ဒေါသထွက် ဝုန်းဒိုင်းကြဲချင်ခြင်း)ဒါပေမယ့် ဒီကျမ်းချက်ဟာ မကောင်းတယ့်ခံစားချက်တွေ သင့်ကို မထိန်းချုပ်တာ ပိုကောင်းတယ်လို့ ရှင်းပြထားပါတယ်။ သင်ကိုယ်တိုင် ထိုမကောင်းတယ့် စိတ်ခံစားချက်များကို ထိန်းချုပ်တာပိုကောင်းပါတယ်
သင့်ကိုထိန်းချုပ်နေတယ့် မကောင်းတယ့်စိတ်ခံစားချက်များမှ လွတ်မြောက်စေသူကတော့ ယေရှုဘဲဖြစ်ပါတယ်။ ဘုရားသခင်က ကြီးမားတယ်၊ ခွန်အားကြီတယ်၊ သင် ခံစားရတယ့် မကောင်းတယ့်စိတ်ခံစားချက်တွေထက် သာ၍ကြီးမြတ်တယ်။ သင်ဘုရားသခင်ကို သင့်အားကူညီရန် ဆုတောင်းပါက သူလုပ်ဆောင်ပေးမှာဖြစ်တယ်။ ဘုရားရဲ့ တန်ခိုးတော်က သင့်ကိုထိန်းချုပ်နေတယ့် မကောင်းတယ့် စိတ်ခံစားချက်များမှ လွတ်မြောက်ခြင်းပေးမှာဖြစ်တယ်။ ဘုရားသင့်ကို ချစ်ပါတယ်၊ သင့်ကို သူဦးဆောင်လမ်းပြနေတာဖြစ်တယ်၊ သင့်မကောင်းတယ့်စိတ်ခံစားချက်တွေ သင့်ကို ဦးဆောင်တာမဟုတ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။
More