ဘယ်လိုပျော်ရွှင်ရမလဲနမူနာ
စိတ်ခံစားချက်တိုင်းအမြဲမမှန်ပါ
စိတ်ခံစားချက်တွေအကြောင်းပြောရရင် ဘယ်အရာက အမှန်ဖြစ်ပြီး သင့်အတွက် ဘယ်အရာက မှန်ကန်လဲဆိုတာ သိဖို့ ခက်ခဲနိုင်တယ်။
ဒီလိုစဥ်းစားကြည့်ပါလား။ သင်ကလေးငယ်တယောက်ကို ထိန်းကျောင်းနေရတယ်။ သူတို့ရဲ့ တုတ်တုတ်ကစ်ကစ် လက်ချောင်းလေးတွေကို မီးခလုတ် ပလက်ပေါက်ထဲ အကြောင်းမရှိဘဲ ထည့်တာကို စွဲလန်းလာတယ်။
မီးခလုတ်အဖုံးပိတ်မပိတ်ကြည့်ရမှာ သင့်တာဝန်ဖြစ်တယ်။ သင်ကလေးကို ဖယ်လိုက်တယ်။ ကစားစရာအရုပ်တွေနဲ့ ကာပိတ်ထားလိုက်တော့ ချစ်စရာကောင်းတယ့် ကလေးငယ်က မြင်ရတော့မှာမဟုတ်ပါ။ ဒါပေမယ့် ရှိနေသေးတယ်ဆိုတာ သူသိတယ်။ ထို ပလက်ပေါက်က ပျော်စရာကောင်းတယ်ထင်ပြီး သင်ကတော့ သူတို့အတွက်လူဆိုးကြီးပေါ့။ မျက်ရည်ကျမယ်၊ လက်တွေရမ်းကားနေမယ်၊ အော်ဟစ်မယ်၊ ကန်နေမယ်။ လှပတယ့်မြင်ကွင်းတော့မဟုတ်တော့ပါ။
ကလေးငယ်လေးက စိတ်ဆိုးဒေါသထွက်နေပြီ၊ စိတ်လဲပျက်ပြီပေါ့။ အဲ့တာကိုငြင်းဆန်လို့မရပါ။ "ငါ အလိုချင်ဆုံးက လျှပ်စစ်ပလပ်ပေါက်။ ဘဝက ရက်စက်တယ်။" ဆိုပြီး ပြောကောင်းပြောနေလိမ့်မယ်။ ကလေးငယ်တွေမှာ ခံစားချက်ရှိတာ အမှန်ဘဲ။ ဒါပေမယ့် ထိုခံစားချက်တွေက အမှန်တရားပေါ်မှာ အခြေခံထားတာမဟုတ်ပါ။
သင် စိတ်ထဲခံစားနေရတာကြောင့် မှန်ကန်တယ့်အဆုံးသတ်ကို ရောက်တာမဟုတ်ပါ။ ကျွန်တော်တို့ထင်သလို မဟုတ်တယ့်အခါ ဒေါသထွက် ဝမ်းနည်းတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်က ပညာရှိသူတွေရဲ့ စကားကို နားထောင်ပါက အမြင်သစ်ကို ရရှိမှာ ဖြစ်တယ်။ ဘယ်အရာက စိတ်ပျက်စေတာလဲဆိုတာ ကျွန်တော်တို့ စတင်သဘောပေါက်လာမှာဖြစ်ပြီး ကျွန်တော်တို့ ဝမ်းနည်းနေတာက ကျွန်တော်တို့ကောင်းဖို့အတွက်ရည်ရွယ်ချက်ဆိုတာကို နားမလည်သေးတာဖြစ်တယ်။
တချိန်မှာ သင့် သူငယ်ချင်းနဲ့ ရင်းနှီးမှုပျက်သွားခဲ့တာက သင့်အတွက် သို့မဟုတ် သူ့အတွက် ပိုကောင်းတယ်ဆိုတာ သင်နားလည်လာလိမ့်မယ်။ အသင်းအတွက်သင် ရွေးချယ်ခြင်းမခံရပါက သင်အားလပ်ချိန်မှာ တခြားဝါသနာပါတာလုပ်ရင်း သင့်ဘဝပိုကောင်းလာဖို့ပြောင်းလဲရမှာပါ။ တစုံတယောက်က သင့်ကို ထိခိုက်အောင်ပြောလို့ သင် စိတ်ဆိုးနေမယ်၊ ဒါပေမယ့် သူတို့စကားလုံးတချို့က သင့်ကို တိုးတက်စေရင်ရော၊ သူတို့ ကြောင့်ဖြစ်တယ့် အနာကို သင် မမြင်တော့ရင်ရော။
စိတ်ဆန္ဒပြင်းပြနေပါက စိတ်လျှော့ဖို့ ကြိုးစားပါ။ အသက်ရှူပါ။ စဥ်းစားပါ။ သုံးသပ်ပါ။ ဒီနေ့ ကျမ်းစာဖတ် အစီအစဥ်က ရှင်ယာကုပ် ပြောတယ့်အတိုင်း ဒေါသမထွက်အောင် ထိန်းချုပ်ရမှာဖြစ်တယ်။ ဝမ်းနည်းခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်ပျက်ခြင်း၊ ကွဲထွက်နေခြင်းတို့ လွယ်လွယ်နဲ့မခံစာရအောင် ဆင်ခြင်ရမှာဖြစ်တယ်။ အခြေအနေထဲမှ ဘာကောင်းတာထွက်နိုင်လဲဆိုတာမှာဘဲ အာရုံစိုက်ပါ။ ထိုအရာအတွက် ငိုဖို့လိုရင် ငိုချလိုက်ပါ။ ဒါပေမယ့် မှတ်ထားပါ၊ သင် စိတ်တမျိုးခံစားနေရတာက မှန်ကန်တယ့် ခံစားချက်မဟုတ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။
More