YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 2

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဘယ်ဟာကအ‌ရေးပါပြီး ဘယ်ဟာကမပါလဲဆိုတာသိပါ

မနက်တိုင်းသင် နိုးလာချိန်မှာ ဘယ်အရာကအရေးကြီးလဲ မကြီးလဲဆိုတာ သင့်ကိုယ်သင် သတိပေးပါ။ ဘဝမှာ အရေးမပါတယ့်အရာနဲ့ သေးငယ်သောအရာများကြောင့် အာရုံမနောက်ပါစေနဲ့။

ဒီအလေ့အကျင့်က ဘာလို့အရေးကြီးတာလဲ။ သေးငယ်သောအရာတွေအပေါ်မှာ သင်ဝမ်းမြောက်ခြင်းအလွယ်တကူ ဆုံးရှုံးနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ ‌ဒေါသအနည်းငယ်ထွက်ခြင်းက သင့်ရဲ့ ပျော်ရွှင်ခြင်းကို ဆုံးရှုံးစေတာဖြစ်တယ်။ သင်ကား‌ကွေ့ခါနီး တစုံတယောက်က သင့်ကိုဖြတ်တားလိုက်ပြီး သင်ပျော်ရွှင်မှုမရှိတော့ပါ။ သင့်ဆံပင်ကြောင့်ဆိုးရွားတယ့်နေ့ကို သင်ဖြတ်သန်းနေရတယ် ဒါမှမဟုတ် သင်ဝတ်နေကျ အဝတ်အစားတွေ မတော်သောကြောင့် သင်ပျော်ရွှင်မှုမရှိတာဖြစ်နိုင်တယ်။ အဲ့သေးငယ်တယ့်အရာ‌‌တွေကြောင့် ဘာမှမဟုတ်ပေမယ့် တခါတရံ ကျွန်တော်တို့အ‌ပေါ် သက်‌ရောက်မှု အရှိနိုင်ဆုံးဖြစ်တယ်။

ဖိလိပ္ပိ ၃:၇မှာ"သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။"ပြောထားတယ်။

ယေရှခရစ်တော်ကို မသိခင်က ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးဖြစ်သလဲ။ အလုပ်လား။ လုပ်ငန်းလား။ ပိုက်ဆံရှာခြင်းလား။ ချိန်းတွေ့ဖို့လဲ ဖြစ်နိုင်တယ်။ ကျော်ကြားဖို့လဲ ဖြစ်နိုင်တယ်၊။ လုံခြုံရေးရှိဖို့ ဒါမှမဟုတ် နာမည်ကြီးချင်တာလဲ ဖြစ်နိုင်တယ်။

ယေရှုနဲ့ နှိုင်းယှဥ်ရင် ထိုအရာတွေအားလုံးက ဘာမှမဟုတ်တော့ပါလို့ ရှင်ပေါလုက ပြောထားတယ်။

ဒီအလေ့အကျင့်တိုးတက်ရာကို ဟန့်တားစေတယ့် ထောင်ချက်ကတော့ ယနေ့ခေတ် လူများအကြိုက် ယဥ်ကျေးမှုဖြစ်တယ်လို့ ရှင်ပေါလုပြောပြထားတယ်။ "ဒီပစ္စည်းကိုမှမရရင် သင်ဘာနဲ့မှမထိုက်တန်ဘူး"ဆိုတယ့် ထောင်ပေါင်းများစွာသော ကြော်ငြာတွေ ‌နေ့တိုင်းတွေ့နေရတယ်။ တီဗွီသတင်းတွေကတောင် သတင်းတိုင်းကို အရေးကြီးတယ်ဆိုပြီး ပြောနေတတ်ကြတယ်။ မဟုတ်ပါဘူး။ ဘယ်အရာကမှ မနေ့ကထုတ်တယ့် သတင်းစာ‌လောက်တန်ဖိုးမရှိပါ။ အရေးတကြီးဖြစ်ပြီး ချက်ချင်းလုပ်ရတာကြောင့် အရေးကြီးတယ်လို့ မဆိုလိုပါ။

သင့်ကိုယ်သင် အရာအားလုံးကိုမေးသင့်တယ်။ ဒီကိစ္စဟာ နောက်နှစ်ပေါင်း၁၀၀အတွင်း ဘယ်လိုအ‌ရေးပါမလဲ။ ယခုစိုးရိမ်နေတယ့်အရာတွေက နက်ဖြန်ရောက်ရင် အရေးကြီးပါ့မလား။နက်ဖြန်ရောက်ရင် အရေးကြီးမှာမဟုတ်ပါသလို ထာဝရအတွက် အရေးပါမှာမဟုတ်ပါ။ ထာဝရ အလင်းထဲမှာ သင်အသက်ရှင်ဖို့ လိုအပ်ပါတယ်။

အမေရိကားက သေးငယ်သောအရာတွေကိုဘဲ လိုက်ရှာဖွေနေကြတယ်။ တကယ်အရေးမကြီးတယ့် အရာတွေအတွက် ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ ဒီယဥ်ကျေးမှုကြီးကို တွန်းလှန်ဖို့ ထာဝရကို သင်အာရုံစိုက်ရမှာဖြစ်ပြီး ယခုအရာတွေကို အာရုံထားရမှာမဟုတ်ပါ။ သင်ထာဝရ အလင်းထဲမှာ အသက်ရှင်ရင် သင်စိုးရိမ်နေတယ့် သေးငယ်သောအရာတွေက ထာဝရမှာ ဘာမှမဟုတ်တော့ဖြစ်ပြီး စိတ်ဖိစီးနေမယ့်အစား သင်ပိုပြီးပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်မှာဖြစ်တယ်။

ကျွန်ုပ်၏သခင်ခရစ်တော်ယေရှုကို သိကျွမ်းခြင်း၏ အဆုံးမရှိတန်ဖိုးနှင့် နှိုင်းစာလျှင် အခြားအရာအားလုံးသည် တန်ဖိုးမရှိပေ (ဖိလိပ္ပိ​ဩဝါဒစာ၃:၈)။ ဘယ်အရာက အ‌ရေးကြီးသလဲဆိုတာ နေ့တိုင်း သတိရပါ။

Listen to audio teaching

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org