YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ မဟာကတိတော်များနမူနာ

The Promises of God: A 7-Day Devotional

7 ၏ နေ့ 7

လမ်းခရီးသည် အလွန်ချော်သလို၊ ကျွန်တော်တို့ခြေများလည်း အားနည်းလှသည်။ သို့သော်၊ ကိုယ်တော်သည် ကျွန်တော်တို့၏ ခြေတို့ကို စောင့်မတော်မူမည်။ ကျွန်တော်တို့သည် ကိုယ်တော်၏ သန့်ရှင်းသူများဖြစ်စေဖို့ စစ်မှန်သောယုံကြည်ခြင်းဖြင့် ကိုယ်ကိုကိုယ် ငြင်းပယ်လျှင်၊ ကိုယ်တော်သည် ကျွန်တော်တို့၏ အထိန်းဖြစ်လိမ့်မည်။ ကိုယ်တော်သည် သင့်ကို စောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသလို (ဆာ၊ ၉၁း၁၁)၊ သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည် (ဆာ၊ ၁၂၁း၈)။

ကျွန်တော်တို့၏ အဝတ်ကို မညစ်မညူးဘဲ၊ စိတ်ဝိညာဉ်ကို ဒဏ်ရာများနှင့် ကင်းစေလျက် ရန်သူကို မကဲ့ရဲ့စေခြင်းငှာ ထိမိ၍လဲခြင်းအခွင့်ကို ပေးတော်မမူ။

လောကီလမ်း၊ မိုက်သောလမ်းနှင့် မိစ္ဆာလမ်းတို့ကို မဝင်စေခြင်းငှာ ကျွန်တော်တို့ခြေလှမ်းတို့ကို ဖြောင့်စေတော်မူသည်။

ဝေးလှံကြမ်းတမ်းလမ်းခရီး၌ ကျွန်ုပ်တို့၏ ခြေတို့ကို မပွန်းမပဲ့စေခြင်းငှာ စောင့်မတော်မူမည်။

ကျွန်တော်တို့၏ ခြေတို့ကို မနာစေခြင်းငှာ ကိုယ်တော်သည် စီရင်တော်မူလိမ့်မည်။ ကျွန်တော်တို့၏ ဖိနပ်များသည် သံနှင့် ကြေးဝါကဲ့သို့ ဖြစ်စေသောကြောင့်၊ ဓားနှင့် မြွေတို့ကို ခြေဖြင့် နင်းသော်လည်း သွေးမထွက်ဘဲလျက် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။

ကျွန်တော်၏ ခြေကို ကျော့ကွင်းထဲက နုတ်ယူတော်မူမည်။ ကျွန်တော်တို့၏ လိမ္မာသောရန်သူ၏ ပရိယာယ်အားဖြင့် ချည်နှောင်ခြင်းကို မခံရနိုင်ကြ။

ဤကတိတော်မြတ်ကို ထောက်ပြီး၊ ကြောက်ရွံ့ခြင်းကင်းလျက် အားမလျှော့ဘဲ ပြေးကြကုန်အံ့။ ကျွန်တော်တို့၏ ခြေတို့ကို စောင့်မသောသူသည် ထိရောက်စွာ ပြုတော်မူလိမ့်မည်။

ကျမ်းစာများ

နေ့ 6

ဤအစီအစဉ်အကြောင်း

The Promises of God: A 7-Day Devotional

တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။

More

ဤအစီအစဥ်အတွက် Crossway ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://www.crossway.org/books/the-promises-of-god-hcj သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။