ဘုရားသခင်၏ မဟာကတိတော်များနမူနာ
ဘုရားသခင်သည် မောရှေကို စေလွှတ်တော်မူသောအခါ၊ သူ့ကို တစ်ဦးတည်း ပစ်ထားခဲ့သည် မဟုတ်ပေ။ လောက၌ တန်ခိုးအရှိန်အဝါကြီးသည့် ဖာရောဘုရင်ကို တိုက်ခိုက်ရန် ဟေဗြဲလူဖြစ်သည့် မောရှေတစ်ဦးတည်းကိုသာ စေလွှတ်လျက်၊ စွန့်ပစ်ထားခဲ့ရန် ဘုရားသခင်အဖို့ ကြီးမာသောစွန့်စားမှု ဖြစ်လျက်၊ အင်မတန်မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ သဗ္ဗညုတဘုရားသည် သူ၏ အတူပါရှိမှုမပါဘဲ၊ ဖာရောဘုရင်နှင့် သူ၏ စစ်တပ်ကြီးကို တိုက်ခိုက်ရန် မောရှေတစ်ဦီးတည်းကိုသာ ရင်ဆိုင်စေခြင်းသည် မယုံကြည်နိုင်စရာ ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည်၊ မေးခွန်းမေးစရာဖြစ်သည့် သူတစ်ဦးတည်းစေလွှတ်ခြင်းလားဆိုသည်ကို ရှင်းလင်းပေးသည့်အနေဖြင့် ငါသည် သင့်ဘက်၌ ရှိလိမ့်မည်ဟု ဆိုလျက် မောရှေအား စိတ်ချမှုအာမခံ ပေးခဲ့သည်။ (ထွ၊ ၃း၁၂)
ထိုသမ္မာတရားသည် ကျွန်တော်အဖို့လည်း ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်၏ အမှုတော်တွင် ပါဝင်ဆောင်ရွက်ပါလျှင်၊ သူ၏ တန်ခိုးတော်အပေါ် ရိုးရှင်းစွာ မှီခိုခြင်းနှင့် သူ၏ ဘုန်းတော်အတွက်သာ ရည်စူးလုပ်ဆောင်ခြင်းပြုသည့်အခါ ဘုရားသခင်သည် ကျွန်တော်နှင့်အတူရှိမည်ကို စိတ်ချနိုင်ပါသည်။ ကျွန်တော့်ကို စေလွှတ်သောဘုရားသခင်သည် ကျွန်တော့်ကို ထောက်ပံ့မစခြင်းအတွက် တာဝန်ယူသောသူလည်း ဖြစ်သည်။ ထိုအရာသည် လုံလောက်သည့် စိတ်ချစရာမဟုတ်ပါလား။ ထိုအရာထက်၊ ကျွန်တော် ဘာတွေများ လိုနိုင်ပါသေးသလဲ။ ကျွန်တော့်ဘေးတွင်၊ ကောင်းကင်တမန်များနှင့် အကွယ်အကာပေးသူများ ရှိခဲ့သော်လည်း၊ ကျွန်တော်ကျရှုံးနိုင်ပါသည်။ သို့သော်၊ ဘုရားသခင်သာ အတူရှိခဲ့ပါလျှင်၊ အောင်မြင်မှုသည် သေချာပါသည်။
သို့ရာတွင်၊ ကျွန်တော်သည် ၎င်းကတိတော်မြတ်ကို ရဲရင့်သတ္တိ၊ ဇွဲသတ္တိ၊ သမ္မာသတိနှင့် စိတ်နှိမ့်ချသဘောတို့ဖြင့် သစ္စာရှိစွာ ပြန်လည်းတုံ့ပြန်ရမည်။ ဘုရားသခင်နှင့်အတူသွားလာခြင်းသည် ၎င်းပါရမီများမှတစ်ပါး အခြားသောအရာများကို မတောင်းဆိုပါ။ မောရှေကဲ့သို့ပင် ကျွန်တော်သည် မကြောက်ဘဲလျက် ဖာရောဘုရင်ထံသို့ ရဲရင်စွာ ဝင်ရမည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။
More