YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ မဟာကတိတော်များနမူနာ

The Promises of God: A 7-Day Devotional

7 ၏ နေ့ 6

ကျွန်တော်တို့၏ သခင်ယေရှုသည် အချည်းနှီး အသေခံတော်မူခြင်းမဟုတ်ပေ။ သူ၏သေခံခြင်းသည် ကျွန်တော်တို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ မိမိ၏သက်တော်ကို ကျွန်တော်တို့အဖို့ကိုယ်စား ပေးဆပ်ရာယဇ်ပြု၍ ပူဇော်ခဲ့သည်။ ဘုရားသခင်သည် ဤပူဇော်ခြင်းကို လက်ခံတော်မူသောကြောင့်၊ သူ၏အသက်စွန့်ခြင်းကို လက်ခံသူမှန်သမျှကို ကယ်တင်တော်မူသည်။ ကိုယ်တော်သည် မိမိသေခြင်းအားဖြင့်၊ ပျက်သောစပါးစေ့ကဲ့သို့ဖြစ်လျက် များစွာသောအသီးကို သီးသောသူ ဖြစ်သည်။ အရှင်ယေရှုဘုရားသည် ထာဝရအဘ (ဟေရှာ၊ ၉း၆) ဖြစ်တော်မူသောကြောင့် ကိုယ်တော်အဖို့ သားသမီးတော် အမြောက်အမြား ဖွားလာရလိမ့်မည်။ ကိုယ်တော်ကား၊ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု မြွက်ဆိုလိမ့်မည် (ဟေဗြဲ၊ ၂း၁၃)။ လူသည် မိမိသားမြေးတို့ဖြင့် ဂုဏ်အသရေရှိသလို၊ အရှင်ယေရှုဘုရား၏ မြားတောင့်ကို အနန္တတန်ခိုးရှင်ဘုရား၏ သာသမီးတော်များနှင့် ပြည့်စေတော်မူပြီ (ဆာ၊ ၁၂၇း၅)။

ယောက်ျား၏ ဘုန်းသည် မိမိသားသမီးဖြင့် ထင်ရှားပြသသလို၊ ခရစ်တော်၏ ဘုန်းတော်သည် ခရစ်ယာန်များဖြင့် ထင်ရှားပြသစေသည်။ သူတစ်ဦး၏ အမျိုးအနွယ်ဖြင့် မိမိ၏အသက်ကို ဆက်လက်ရှည်ကြာစေသလို၊ သခင်ယေရှု၏အသက်တော်သည် ယုံကြည်သူများ၌ ဆက်လက်ရှည်ကြာစေသည်။

အရှင်ယေရှုဘုရားသည် မိမိအမျိုးအနွယ်အဖို့ အသက်ရှင်တော်မူသည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို နှစ်သက်စွာ စေ့စေ့ကြည်ရှုလျက်၊ မိမိစိတ်ဝိညာဉ်တော်၏ လုပ်ဆောင်သောအသီးကို သီးသည်ကို သိတော်မူသည်။ ကျွန်တော်တို့သခင်၏ ကြောက်မက်ဖွယ်ကောင်းသော ယဇ်ပူဇော်ခြင်း၏ အကျိုးကို မခံစားဘဲမနေနိုင်လျက်၊ မိမိအသေခံခြင်းကို ပြုစုသော စပါးရိတ်စရာကို အစဉ်မပြတ် ကြည့်ရှုတော်မူသောကြောင့် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ တစ်ချိန်က၊ ကျွန်တော်တို့အားဖြင့် မျက်ရည်ကျခဲ့ရသော မျက်စိတော်များသည် ယခုတွင် ကျွန်တော်တို့ကို ကြည်နူးစွာ ကြည့်ရှု‌နေသည်။ ကိုယ်တော်ကို မျှော်ကြည့်သောသူတို့အား သတိနှင့်ကြည့်ရှုတော်မူသည်။ ကျွန်တော်တို့နှင့် ကိုယ်တော်သည် အချင်းချင်း ကြည့်ရှုလျက် အလွန်ပျော်ရွှင်ဖွယ်ရာဖြစ်ပါသည်တကား။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

The Promises of God: A 7-Day Devotional

တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။

More

ဤအစီအစဥ်အတွက် Crossway ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://www.crossway.org/books/the-promises-of-god-hcj သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။