ဘုရားသခင်၏ မဟာကတိတော်များနမူနာ
ဖြူစင်ခြင်း၊ အထူးသဖြင့် စိတ်နှလုံးဖြူစင်ခြင်းကို ရရှိခံစားစေခြင်းငှာ မျှော်လင့်ရကြမည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့် နှုတ်ကပတ်တော်တရားအားဖြင့် အတွင်း၌ ရှေ့ဦးစွာ ဆေးကြောပြီး၊ နာခံခြင်းနှင့် ဆက်ကပ်ခြင်းဖြင့် အပြင်ကား သန့်ရှင်းလိမ့်မည်။ မွေ့လျော်ခြင်းနှင့် ဉာဏ်ပညာတို့တွင် နီးကပ်စွာ ဆက်စပ်မှု ရှိသည်။ မကောင်းမှုကို နှစ်သက်လျှင် ကောင်းမှုကို နားမလည်နိုင်ချေ။ စိတ်နှလုံးမြှေးယှက်လျှင် မျက်စိမှုန်လိမ့်မည်။ မသန့်ရှင်းသောအရာများကို နှစ်သက်သောသူတို့သည် သန့်ရှင်းသောဘုရားကို ဘယ်လိုမြင်နိုင်ပါမလဲ။
ဘုရားသခင်ကို ဖူးမြော်ရခြင်းသည် အလွန်ကြီးမားလှသော အခွင့်ထူးတစ်ခု ဖြစ်ပါသည်တကား။ ကိုယ်တော်ကို တစ်ချက်ဖူးမြင်ခြင်းသည် လောကကောင်းကင်ဘုံနှင့် တူသည်။ ခရစ်တော်၌ စိတ်နှလုံးဖြူစင်သောသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။ ကိုယ်တော်၏ ဇာတိတော်၊ သမ္မာတရား၊ မေတ္တာတော်၊ အကြံစည်တော်၊ အထွဋ်အမြတ်အာဏာတော်၊ ပဋိညာဉ်သစ္စာတော်ကို ကျွန်တော်တို့မြင်ရသည်။ အကယ်၍၊ ခရစ်တော်၌ ဘုရားသခင်ကိုယ်တော်တိုင်ကို မြင်ရသည်။ သို့ရာတွင်၊ မိမိစိတ်နှလုံးထဲမှ အပြစ်တရားကို နှင်ထုတ်ပြီးမှသာ မြင်နိုင်ပါသည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းကို ကြံစည်သောသူများသာလျှင် အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက် နေပါ၏ဟု ပြောဆိုနိုင်သည် (ဆာ၊ ၂၅း၁၅)။ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်ပြီးမှသာ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ (ထွ၊ ၃၃း၁၈) ဟူသော မောရှ၏စိတ်ဆန္ဒသည် ကျွန်တော်တို့၌လည်း ပြည်စုံစေတတ်သည်။ ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတ္တံ့ (၁ယော၊ ၃း၂-၃)။ ပစ္စုပ္ပန်ဘဝ၏ မိတ်သဟာယပျော်ရွင်ခြင်းနှင့် ဘုရားသခင်၏ ထင်ရှားလှသောပေါ်ထွန်းကြွလာခြင်း၏ မျှော်လင့်ခြင်းတို့သည် မိမိစိတ်နှလုံးနှင့် အသက်တာ၏ စင်ကြယ်မှုကို ရှိစေခြင်းငှာ ကျွန်တော်တို့ကို အနိုင်အထက် သွေးဆောင်၏။
သခင်၊ ကိုယ်တော်ကို မြင်ရစေမည်အကြောင်း ကျွန်တော်တို့၏ စိတ်နှလုံးကို ဖြူစင်စေတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။
More