YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ မဟာကတိတော်များနမူနာ

The Promises of God: A 7-Day Devotional

7 ၏ နေ့ 4

ကယ်တင်ခြင်းသို့ရောက်သော ကျွန်တော်တို့သည် အရှင်ယေရှုဘုရား၏ ချမ်းသာသို့ ဝင်ရကြသည်။ ကယ်တင်ခြင်းမခံရသောသူတို့သည် ကိုယ်တော်ထံသို့လာလျှင် ချမ်းသာရကြလိမ့်မည်၊ အကြောင်းမူကား၊ ကိုယ်တော်သည် ချမ်းသာပေးမည်ဟု ကတိတော်ပေးခဲ့သည်။ အခမဲ့လက်ဆောင်တစ်ခုမှတစ်ပါး အခြားပိုမိုအခမဲ့သောအရာများ မရှိပေ။ ကိုယ်တော်သည် ဝမ်းမြောက်စွာ ပေးသောအရာကို ဝမ်းမြောက်စွာ လက်ခံကြကုန်အံ့။ ပိုက်ဆံနှင့် ဝယ်မရသလို၊ မချေးရဘဲ၊ လက်ဆောင်အဖြစ်သာ ခံယူနိုင်သည်။ မိတ်ဆွေသည်၊ ကိလေသာမီးနှင့် သောကမီးကို လောင်လျက်၊ လောဘစိတ်နှင့် မက်မောစွဲလမ်းစိတ်ဖြင့် ပင်ပန်းစွာ ကြိုးစားအားထုတ်နေပါသသလော။ ကိုယ်တော်သည် မိတ်ဆွေကို ၎င်းခိုင်မာလှသည့် ဆီးတားသောအရာများမှ လွတ်မြောက်ချမ်းသာ ပေးပါလိမ့်မည်။ မိတ်ဆွေသည် ဝန်လေးနေပါသလား။ အကယ်၍၊ မိတ်ဆွေသည် အပြစ်တရား၊ ကြောက်ခြင်းသံဝေဂ၊ စိတ်ပူပန်ခြင်း၊ နောင်တကြီးစွာရခြင်း၊ သေဘေးကိုကြောက်ခြင်း စသည့်အရာများဖြင့် ဝန်လေး၍ ပင်ပန်းနေပါပြီ။ သို့သော်၊ အရှင်ယေရှုဘုရားထံသို့ လာလျှင်၊ လေးသမျှဝန်ကို ချပေးပါမည်။ ကျွန်တော်တို့၏ အလွန်လေးလှသော အပြစ်ဒုစရိုက်ကို နောက်တစ်ဖန် မသယ်ဆောင်နိုင်စေခြင်းငှာ၊ အရှင်ယေရှုဘုရားကိုယ်တော်တိုင် သယ်ဆောင်တော်မူခဲ့သည်။ ကျွန်တော်တို့၏ ကြီးမားလေးလှသောဝန်များ၏ ဖိအားအောက်တွင် ဖိနှိပ်မခံစေခြင်းငှာ ကိုယ်တော်တိုင်သည် မဟာဝန်ဆောင်သူအဖြစ် ယူဆောင်ခဲ့သည်။

အရှင်ယေရှုဘုရားသည် ချမ်းသာပေးသည်။ မိတ်ဆွေသည် ၎င်းချမ်းသာကို စုံစမ်းလျက် ယုံကြည်လက်ခံမည်လော။ အလျင်အမြန် ပြုလိမ့်မည်လော။ အခြားမျှော်လင့်ချက်မရှိဘဲ၊ ကိုယ်တော်အကြောင်းတွေးလျက်၊ သူ့အကြောင်းဖော်ပြခဲ့သည့် ဘုရားသခင်၏ သက်သေခံချက်ကို ယုံကြည်ပြီး အရာရာ၌ ယုံကြည်စိတ်ချစွာ အရှင်ယေရှုဘုရားထံ လာပါ။ ဤနည်းလမ်းဖြင့် လာလျှင်၊ အရှင်ယေရှုဘုရားသည် လေးနက်၊ လုံခြုံ၊ သန့်ရှင်း၊ ထာဝစဉ်တည်သော ချမ်းသာပေးပါလိမ့်မည်။ အရှင်ယေရှုဘုရာပေးသောချမ်းသာသည် ကောင်းကင်ဘုံရောက်သည့်တိုင် ပို့ဆောင်ပေးလိမ့်မည်။ ကိုယ်တော်ထံသို့ လာသောသူအပေါင်းတို့အဖို့ လာသည့်နေ့၌ပင် ပေးတော်မူလိမ့်မည်။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

The Promises of God: A 7-Day Devotional

တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။

More

ဤအစီအစဥ်အတွက် Crossway ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://www.crossway.org/books/the-promises-of-god-hcj သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။