YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ မဟာကတိတော်များနမူနာ

The Promises of God: A 7-Day Devotional

7 ၏ နေ့ 1

ဤအရာသည် အပြစ်တရား၌ကျဆင်းခဲ့သောလူသားများအဖို့ ပထမဦးဆုံး ကတိတော်မြတ် ဖြစ်သည်။ ကတိတော်တွင်၊ မိမိလူမျိုးတော်ကို ကယ်တင်ရန် ဘုရားသခင်၏ ထာဝရအကြံအစည်တော်၊ ကျေးဇူးတော်၏ ပဋိညာဉ်နှင့် စုံလင်သောဧဝံဂေလိရားတို့ပါဝင်သည်။ ထိုအရာတို့သည် စုံလင်လျက် ရှိပြီဖြစ်သည်။ မိန်းမ၏ အမျိုးအနွယ်ဖြစ်သော သခင်ယေရှုသည်၊ သူ၏ ဖနောင့်ကို ကြိတ်ခံခဲ့သောအခါ၊ လောကငရဲဒုက္ခဝေဒနာကို ရရှိခံစားခဲ့လျက် ၎င်းဒုက္ခဝေဒနာသည် အလွန်တရာ ဆိုးဝါးခဲ့သည်။ နောက်ဆုံးကာလ၌ မြွေ၏ ခေါင်းကြိတ်ခြင်းသည် သာ၍ဆိုးဝါးလိမ့်မည်တကား။ အရှင်ယေရှုဘုရားသည် အပြစ်တရားကို ဖယ်ရှားပြီး၊ သေမင်းကို အောင်လျက် မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးသောအခါ မြွေ၏ ခေါင်းကို ကြိတ်ခဲ့သည်။ သို့သော်၊ ကျွန်တော်တို့၏သခင် ဒုတိယအကြိမ်ကြွလာခြင်းနှင့် တရားစီရင်ရာနေ့၌ ပိုမိုပြည့်ဝစုံလင်ပါလိမ့်မည်။

ဤကတိတော်သည် ကျွန်တော်တို့အဖို့ ပရောဖက်ပြုချက်တစ်ခု ဖြစ်ပြီး၊ ကျွန်တော်တို့၏ သင်္ခါရလောကရှိ အသက်တာတွင် မကောင်းဆိုးဝါးတန်ခိုးဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလျက်၊ ကျွန်တော်တို့၏ ဖနောင့်ကို ကြိတ်ခံနေရမည်။ သို့ရာတွင်၊ ရှေးမြွေဟောင်း၏ ခေါင်းကို ကြိတ်သူတည်းဟူသော ခရစ်တော်အားဖြင့် ကျွန်တော်တို့သည် အောင်မြင်ချမ်းသာအခွင့် ရရှိခံစားပါသည်။ ဤနှစ်တွင်၊ မာရ်နတ်၏ စုံစမ်းသွေးဆောင်မှုများနှင့် မာရ်နတ်၏ သားများတည်းဟူသော အဓမ္မလူများ၏ မကြင်နာမှုတို့ကို ကိုယ်တိုင်ကြုံတွေ့ခြင်းဖြင့် ဤကတိတော်၏ တစ်စိတ်တစ်ပိုင်းကို သင်ယူရပေမည်။ ထိုသူတို့သည် ကျွန်တော်တို့၏ ဖနောင့်များကို ကြိတ်သောကြောင့် နာကျင်စွာ ထော့နဲ့သွားစေနိုင်ပါသည်။ သို့ရာတွင်၊ ကျွန်တော်တို့သည် ဤကျမ်းပိုဒ်၏ ဒုတိယအပိုင်းကို နားလည်သဘောပေါက်လျှင် စိတ်ပျက်ခြင်းသို့ မရောက်နိုင်ကြပေ။ ကျွန်တော်တို့သည် မိန်းမ၏အမျိုးအနွယ်တည်းဟူသော အရှင်ယေရှုဘုရားနှင့်အတူ စိုးစံလိမ့်မည်ဟု ယုံကြည်ခြင်းအားဖြင့် ဝမ်းမြောက်ကြပါစို့။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

The Promises of God: A 7-Day Devotional

တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) စာရေး၍ ဆရာ Tim Chester မွမ်းမံခဲ့သော ဝတ်ပြုသောအစီစဉ်များမှတစ်ဆင့် ဂန္ထဝင်စာအုပ်ကို ဘုရားသခင်၏ ကတိတော်များအဖြစ် ကိုးကားလျက်၊ ဤ (၇) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်ကို ဖန်တီးခဲ့သည်။ ဆရာကြီး စပါးဂျန်းသည် အလွန်ပြင်းထန်သော စိတ်ဓာတ်ကျခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားနေရသောအချိန်များတွင် မိမိစိတ်နှလုံးကို ခိုင်မြဲစေသည့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြထားပါသည်။

More

ဤအစီအစဥ်အတွက် Crossway ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://www.crossway.org/books/the-promises-of-god-hcj သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။