ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ
သားနှစ်ယောက်လုံးအတွက် ကျေးဇူးတော်
သားကြီးက သူဖခင်ရဲ့ လုပ်ရပ်ကို ဒေါသတကြီး ဖြစ်နေပါတယ်။ သူက ဖခင်ရဲ့ လယ်ကွက်မှာ ကြိုးကြိုးစားစား အလုပ်လုပ်ပေမဲ့လည်း ဖခင်ရဲ့ အိမ်မှာတော့ သူက မမြင်ရသယောင်ပျောက်ကွယ်နေပါတယ်။
နှိုးကြားမှုလည်း မရှိ၊ ရိုးသားမှုလည်း မရှိ၊ လုပ်ဆောင်ချက်တွေလည်း မရှိပါ။
အမှန်တကယ်က သားကြီးကိုယ်တိုင် ပျောက်သောသား ဖြစ်နေတာပါပဲ။ သူရဲ့ နှလုံးသားက ဖခင်နဲ့ ဝေးရာမှာရောက်နေပါတယ်။ သူကိုယ်တိုင် ပျောက်ဆုံးနေပေမဲ့ ဒါကို သူမမြင်နိုင်ပါဘူး။ ဆရာတင်မ်ကယ်လာ (Tim Keller) က၊ ဒါကို "ဆိုးတဲ့သားတဲ့ သူ့ရဲ့ ဆိုးသွမ်းမှုတွေကြောင်း ပျောက်ဆုံးနေပေမဲ့၊ လိမ္မာတဲ့ သားကတော့ သူရဲ့ ကောင်းမြတ်မှုတွေကြောင့် ပျောက်ဆုံးနေတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
မိတ်ဆွေက ဝေးလံတဲ့ နေရာမှာ မရှိပေမဲ့လည်း၊ အထင်ကြီးစရာ ဘာသာရေးဆိုင်ရာ ကိုယ်ရေးမှတ်တမ်းလည်းရှိ၊ စည်းမျဉ်းတွေလည်းလိုက်နာ၊ ဝေးလံတဲ့နေရာမှာရှိတဲ့ လူတွေအကြောင်းရေးထားတဲ့ ဒီစာအုပ်လည်း ဖတ်ပြီးပေမဲ့လည်း မိတ်ဆွေက ယေရှုကို အစဉ်တစိုက် စကားပြောနေရဲ့လားဆိုတာ မေးစရာတစ်ခုပါပဲ။
ကျေးဇူးတော်အားဖြင့်၊ သားကြီး လယ်ကွက်ထဲ အလုပ်လုပ်နေချိန် ဖခင်က စားသောက်ပွဲမှာ မနေဘဲ သားကြီးနဲ့ အတူရှိနေတယ်။ သားကြီးကို တိုက်ရိုက် စကားပြောပါတယ်။
ဒါက ဘုရားသခင််အကြောင်း ဘာပြောပါသလဲ? မိတ်ဆွေသည် သားကြီးဖြစ်ဖြစ်၊ သားငယ်ဖြစ်ဖြစ်၊ ဘုရားသခင်က မိမိသားသမီးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို လိုလားပါတယ်။
သားငယ်ရဲ့ ဆိုးသွမ်းတဲ့ နေထိုင်မှုနဲ့ ဆိုးရွားတဲ့ ရွေးချယ်မှုတွေကိုတောင် ဖက်လဲတကင်း အနမ်းများနဲ့ ပြန်ကြိုဆိုပါတယ်။ သားကြီးရဲ့ ခက်ထန်တဲ့ စကားလုံးတွေနဲ့ အရိုအသေတန်မှုကိုတောင် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည်ရှင်းပြပါတယ်။ ရှေးတုန်းက အိမ်ထောင်ဦးစီးက ဘယ်တော့မှ သူကိုယ်သူ မရှင်းပြပါ။ အိမ်တွေမှာလည်း ဒီမိုကရေစီဆိုတာ မရှိပါ။ သူတို့က အာဏာရှင်တွေလိုပဲ အာဏာရှိကြတယ်။ ဒါတောင်မှ ဖခင်က သားကြီးရဲ့ ဒေါသကို စိတ်ရှည်မှု၊ ကျေးဇူးတော်တွေနဲ့ ရှင်းပြပေးတယ်။
ကျွန်တော်တို့က အဖဘုရားသခင်ကို တရားမျှတမှုလိုတဲ့ စိတ်တိုတဲ့ ဖခင်ဖြစ်ဖို့ မျှော်လင့်ကြတယ်၊ ဒါပေမဲ့ ယေရှုကတစ်ဆင့် ကျွန်တော်တို့နဲ့ မထိုက်တန်တဲ့ မေတ္တာနဲ့ ကျေးဇူးတော်ကို အဖဘုရားသခင်က ပေးထားပါတယ်။ (လု၊ ၁၅) ရှိ ဇာတ်တော်က မနာခံတဲ့ သားနှစ်ယောက်အကြောင်း မဟုတ်ဘဲ တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်တဲ့ ဖခင်ရဲ့ ကြီးမားမေတ္တာအကြောင်းပဲ ဖြစ်ပါတယ်။
မိတ်ဆွေသည် ပြစ်မှားမိတဲ့အခါ၊ ဘုရားသခင်က မိတ်ဆွေကို ဘယ်လိုမြင်လဲလို့ ဘယ်လိုထင်ပါသလဲ။ ဒီ AHA ဖြစ်စဉ်မှာ သူရဲ့ တုနှိုင်းမရတဲ့ ကျေးဇူးတော်နဲ့ ချစ်ခြင်းမေတ္တာက ဘယ်လို လှုံ့ဆော်ပါသလဲ
မိတ်ဆွေက ဒီဖတ်စာကို သဘောကျပါက၊ တစ်အုပ်လုံးဖတ်နိုင်ရန်သို့ သွားပါ
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။
More