YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ

Prodigal Son Transformation With Kyle Idleman

7 ၏ နေ့ 3

နှိုးထမှု- အစာခေါင်းပါးမှုကို ပယ်ဖျက်ခြင်း

မကြာသေးမီက စိတ်ပညာရှင် ဆရာ Jonathan Haidt ရဲ့ စမ်းသပ်ချက်တစ်ခုအကြောင်း ဖတ်လိုက်ရပါတယ်။ သူက စိတ်ဝင်စားစရာကောင်းတဲ့ တွေးခေါ်မှုဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုကို ပြောပြတယ်။

စမ်းသပ်မှုမှာ ပါဝင်သူတွေကို လူတစ်ဦးရဲ့ ဘဝအကျဉ်းချုပ်ပေးပြီး ဖတ်ရှုခိုင်းပါတယ်။ ပြီးတော့၊ ပါဝင်လာသူများကို ထိုလူကို မိမိရဲ့သမီးအဖြစ် စိတ်ကူးကြည့်ခိုင်းပါတယ်။ ဒါက သူရဲ့ ရှောင်လွှဲမရတဲ့ ဘဝဇာတ်ကြောင်း ဖြစ်ပါတယ်။ သူက မမွေးသေးပေမဲ့ မကြာခင် မွေးဖွားတော့မှာ ဖြစ်ပြီး ဒါက သူ့ဘဝ ဦးတည်ရာအစ ဖြစ်ပါတယ်။ ထို့နောက် ပါဝင်သူများကို သူရဲ့ ဇာတ်လမ်းတည်းဖြတ်ရန် ငါးမိနစ် အချိန်ပေးခဲ့တယ်။ ခဲဖျက်ကိုင်ပြီး သူဘဝဇာတ်လမ်းထဲက သူတို့မလိုချင်တာမှန်သမျှ ဖယ်ထုတ်ပစ်နိုင်တယ်။

ပါဝင်သူတွေကို မေးတဲ့မေခွန်းက ဘယ်အရာကို ပထမဆုံး ဖျက်မှာလဲ။

ကျွန်တော်တို့အများစုက မသန်စွမ်းမှု၊ ကားမတော်တဆမှု၊ ငွေကြေးအခက်အခဲအစရှိတာတွေကို အလိုလို မေ့ပစ်ချင်ကြပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့သားသမီးများကို ချစ်မြတ်နိုးပြီး ဒီအခက်အခဲများ၊ နာကျင်မှုများနဲ့ ဆုတ်ယုတ်မှုများ မရှိဘဲ ဘဝကို နေထိုင်စေချင်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ သားသမီးများကို ဘ၀ရဲ့ နာကျင်မှုတွေနဲ့ ကင်းဝေးစေလိုကြပါတယ်။

ဒါပေမဲ့၊ ဒီလိုနေထိုင်တာက အကောင်းဆုံးလားလို့ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပါ။

အခက်အခဲမရှိတဲ့ အခွင့်ထူးခံဘဝက ကျွန်တော်တို့ရဲ့ သားသမီးတွေကို ပျော်ရွှင်စေမယ်လို့ တကယ်ပဲ ထင်ပါလား။ သူတို့ကို ဆုတောင်းဖို့ နှိုးပေးမယ့် ခက်ခဲတဲ့အခြေအနေတစ်ခုကို သင်ဖျောက်ဖျက်မိရင် ဘယ်လိုဖြစ်မလဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဝမ်းမြောက်စေမယ့် အခက်အခဲတစ်ခုကို ဖျောက်ဖျက်မိတယ်ဆိုရင်ကော။ ဘုရားသခင်ထံ အော်ဟစ်ငိုကြွေးဖို့ သားသမီးတို့ဘဝတွင် ဘုရားသခင်အသုံးပြုတဲ့ နာကျင်မှုနှင့် ဆင်းရဲဒုက္ခအချို့ကို ဖျောက်ဖျက်မိရင်ကော ဘယ်လိုဖြစ်မလဲ။ သူတို့အသက်တာအတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နှိုးဆွပေးတဲ့ ခက်ခဲတဲ့အခြေအနေတစ်ခုကို ဖျောက်ဖျက်မယ်ဆိုရင်ကော။

နားဝင်ချိုစရာတော့ မဟုတ်ပေမဲ့ တကယ်တော့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးကြီးထွားမှုအတွက် အဓိကလိုတာက တရားဒေသနာများ၊ စာအုပ်များ (သို့) ဆုတောင်းအစုအဖွဲ့တွေမဟုတ်ဘဲ ခက်ခဲတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒါကို ကိုယ်ရေးကိုယ်တာ အတွေ့အကြုံ၊ ဝိညာဉ်ရေးတိုးတက်မှု စစ်တမ်းတွေဖတ်ရှုပြီး နှစ်ပေါင်းများစွာ လူထောင်ပေါင်းများစွာနှင့် စကားပြောပြီးမှ ဒီအထောက်အထားတွေကို ကျွန်တော်ပြောနိုင်တာဖြစ်ပါတယ်။ AHA သည် ဘဝရဲ့ ဆင်းရဲဒုက္ခများ၊ ဆုတ်ယုတ်မှုများနဲ့ စိန်ခေါ်မှုများမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လူတော်တော်များများက ဒီအခိုက်အတန့်များကို သူတို့ရဲ့ ဝိညာဉ်ရေးနိုးကြားမှုရဲ့ အကြီးမားဆုံးအချိန်များလိုဆိုပါတယ်။

မိမိဘ၀တွင် ဘယ်အချိန်များမှာ ဝိညာဉ်ရေးတိုးတက်မှုအရှိဆုံးကို ကြုံတွေ့ခဲ့ရပါသလဲ။ ‌ကြွယ်ဝပေါများတဲ့အချိန်လား၊ ခက်ခဲနေတဲ့အချိန်လား။ ယခု၊ ဘုရားသခင်က ခက်ခဲသောစမ်းသပ်မှု (သို့) အခြေအနေအချို့နဲ့ မိတ်ဆွေအား ဝိညာဉ်ရေးတိုးတက်လာစေဖို့ ကြိုးစားနေပါသလား။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Prodigal Son Transformation With Kyle Idleman

ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်‌အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/aha/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။