YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ

Prodigal Son Transformation With Kyle Idleman

7 ၏ နေ့ 1

AHA ရဲ့နည်းနာ

ကျွန်တော့်မိန်းမဆီမှာ မင်္ဂလာလက်ဖွဲ့ရထားတဲ့ ဟင်းချက်စာအုပ် လက်ဆောင်တစ်ခု ရှိတယ်။ ၎င်းကို "ပါဝင်ပစ္စည်းများသုံးမျိုးပါတဲ့ ဟင်းချက်စာအုပ်" လို့ ခေါ်ပါတယ်။ သူကတော့ ဒီစာအုပ်ကို သူတကယ်မသုံးဖြစ်ဘူးလို့ ပြောပြစေချင်ပါတယ်။ သူချက်ပြုတ်အခါ ပုံမှန်အားဖြင့် ပါဝင်ပစ္စည်း သုံးခုထက်ပိုပါတယ်။ အမှန်က ကျွန်တော်ကပဲ “ပါဝင်ပစ္စည်းသုံးမျိုး ဟင်းချက်စာအုပ်" ကို အသုံးပြုသူ ဖြစ်ပါတယ်။

မီးဖိုချောင်ထဲကို ကျွန်တော်ကို ရှားရှားပါးပါး ဝင်ခွင့်ရတဲ့အခါမျိုးမှာ၊ ဒီဟင်းချက်စာအုပ်က ကျွန်တော့်ရဲ့ ဟင်းချက်အဖော် ဖြစ်ပါတယ်။ ဘာလို့လဲဆို ရိုးရိုးသားသား ပြောရရင် ပါဝင်ပစ္စည်းသုံးမျိုးက ကျွန်တော့်ရဲ့ အချက်အပြုတ်နိုင်စွမ်း အကုန်ပါပဲ။ ခက်ခက်ခဲခဲ သင်ယူခဲ့ရတဲ့ သင်ခန်းစာတစ်ခုကတော့ ပါဝင်ပစ္စည်းသုံးမျိုးပါတဲ့ ဟင်းချက်စာအုပ်မှာ ပါဝင်ပစ္စည်းတွေ မရှိမဖြစ် လိုအပ်ပါတယ်။

ဒါက ဒီဟင်းချက်စာအုပ်ရဲ့ အားနည်းချက် ဖြစ်ပါတယ်။ သင်ပါဝင်ပစ္စည်းနှစ်မျိုးသာ သုံးရင် ဟင်က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။

AHA အတွေ့အကြုံကလည်း ထိုနည်းတူပါပဲ

ဒီနှစ်တွေအတွင်း ထောင်နဲ့ချီတဲ့ လူတွေဆီက AHA အတွေ့အကြုံတွေကို ကျွန်တော်နားထောင်ခဲ့ရပါတယ်။ သမ္မာကျမ်းစာပါ အဓိကပုဂ္ဂိုလ်တွေရဲ့ ပြောင်လဲသွားတဲ့ အတွေ့အကြုံများစွာကိုလည်း ကျွန်တော်လေ့လာခဲ့ရပါတယ်။ ထူးခြားတသတ်မှတ်တည်းရှိမှုက AHA အတွေ့အကြုံမှာလည်း ပါဝင်ပစ္စည်းက အမြဲတမ်း သုံးမျိုး ရှိပါတယ်။ ပါဝင်ပစ္စည်းများထဲမှ တစ်ခုခုမရှိပါက၊ ပြောင်းလဲမှုလုပ်ငန်းစဉ်ကို နှောင့်နှေးစေပါတယ်။

(၁) ရုတ်တရက်နိုးထမှု (၂) အလွန့်အလွန် ရိုးသားမှု (၃) ချက်ချင်းလုပ်ဆောင်မှု (နိုးကြားမှု (Awakening)၊ ရိုးသားမှု (Honesty)၊ လုပ်‌ဆောင်မှု(Action) = AHA)

နိုးကြားမှုနှင့် ရိုးသားမှုရှိသော်လည်း လုပ်ဆောင်မှု မရှိပါက AHA ဖြစ်မလာပါ။

နိုးကြားမှုနှင့် လုပ်ဆောင်မှုရှိသော်လည်း ရိုးသားမှုကို လျစ်လျူရှုပါက AHA သည် တိုတောင်းနေပါလိမ့်မယ်။

ဒါပေမဲ့ ဘုရားသခင့်နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်က ဒီအရာသုံးခုကို မိမိဘ၀ထဲ ပေါင်းစပ်လိုက်တဲ့အခါ၊ အရာအားလုံးကို ပြောင်းလဲပေးပြီး ဘုရားသခင်ပေးတဲ့ အချိန်ဖြစ်တဲ့ AHA အတွေ့အကြုံကို သင်တွေ့ကြုံခံစားရပါလိမ့်မယ်။

မိတ်ဆွေ၊ ဒီအတွေ့အကြုံအတွက် အဆင်သင့်ဖြစ်ပြီလား။ ဒီအဆင့်သုံးဆင့်ကို လိုက်လျောက်ဖို့ ဆန္ဒရှိရဲ့လား။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Prodigal Son Transformation With Kyle Idleman

ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်‌အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/aha/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။