YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ

Prodigal Son Transformation With Kyle Idleman

7 ၏ နေ့ 2

နိုးထမှု- အမြင်မှန်ရရှိမှု

ကျွန်တော်တို့ရဲ့ သတိမမူမိခြင်းကြောင့် ကျွန်တော်တို့ဘဝမှာ မြည်နေတဲ့ နှိုးစက်သံများကို မကြာခဏ လွတ်သွားတတ်ကြပါတယ်။ ညှင်သာတဲ့ စောင်းနှိုးစက်သံက အလုပ်မဖြစ်နိုင်ပါ။ ကျွန်တော်တို့နိုးထဖို့ ကျယ်လောင်တဲ့ အချက်ပေးသံ လိုအပ်ပါတယ်။ ကျွန်တော်တို့က နှိုးစက်သံကြောင့်ထမဲ့အစား ပြန်ပြီးပိတ်လိုက်ပါလိမ့်မယ်။ နှိုးစက်သံက ပိုကျယ်လောင်လာပြီး နောက်ဆုံးမှာ အသံကို လျစ်လျူမရှုနိုင်တော့မှ ကျွန်တော်တို့ နိုးထကာ မျက်လုံးကို ပွတ်သပ်ပြီး ပတ်ဝန်းကျင်ရှိ ‌ပျောက်သောသားဇာတ်တော်မှ ဝက်များကို တွေ့ရပါလိမ့်မယ်။ ထိုအခါမှ ဒီဝက်တွေ ဘယ်ကရောက်လာတာလဲလို့ တွေးမိပါလိမ့်မယ်။

သင့်အတွက် ကျွန်တော့်မှာ မေးခွန်းတစ််ခု ရှိပါတယ်။ အခု မိမိဘဝထဲမှာ မြည်နေတဲ့ နှိုးစက်သံတွေ ရှိပါသလား။

သမ္မာကျမ်းစာတွင်၊ ဘုရားသခင်က နှိုးဆော်သံကို ဘယ်လိုအသံပေးလဲဆိုတာ သာဓကများစွာ ရှိပါတယ်။ အရာရာအားလုံးမပျက်စီးခင် မကြာခဏ ဆိုသလို နှိုးစက်သံက ကျွန်တော်တို့ကို နှိုးဆော်တက်ပါတယ်။ တစ်ခါတစ်ရံ လူတွေက သူတို့ အဆိုးဆုံးအခြေအနေရောက်မှ အမြင်မှန်ရမယ်လို့ ထင်ကြပေမဲ့ ဘုရားသခင်က မိတ်ဆွေကို ကြေကွဲစရာများကနေ ကယ်တင်ဖို့ စောစောကာလ ကတည်းက သတိပေးနှိုးဆော်နေပြီးသား ဖြစ်ပါတယ်။

(၆ရာ၊ ၃၆း၁၅) မှာ ဘုရားသခင်က မိမိလူတို့ကို သတိပေးဖို့ အချက်ပေးသံကို မိန့်ဆိုခဲ့ပါတယ်။ "စောစောထခြင်း" ဆိုတဲ့အသုံးအနှုန်းက ဘုရားသခင် စောစောအိပ်ရာထခြင်းကို မဆိုလိုပါ။ ဆိုလိုရင်းက "စောစီးစွာ လုပ်ဆောင်ခြင်း" လို့သာ နားလည်ရပါတယ်။ ဒီအခြေအနေတွင်၊ ပြဿနာများကို သိမြင်လာသည်နှင့်အမျှ ဘုရားသခင်က အချက်ပေးသံကို မြန်မြန်တီးခတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဘာကြောင့် ကိုယ်တော်သတိပေးခဲ့သလဲဆိုရင် – “…သူ၏လူတို့ကို သနားတော်မူသောကြောင့်…” ဖြစ်ပါတယ်။ ဒီနှိုးစက်သံများက ကျွန်တော်တို့ကောင်းဖို့သာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်တာကြောင့်ပါပဲ။

မိတ်ဆွေ၊ လျစ်လျူရှုထားသည့် နှိုးစက်များ ရှိပါသလား။ နောင်တွင် စိတ်နှလုံးကြေကွဲခြင်း/အပြစ်များမှ မိတ်ဆွေကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် မိတ်ဆွေအား စောစောနှိုးဆော်ပေးသည့်အချိန်ကို စဉ်းစားနိုင်ပါသလား။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Prodigal Son Transformation With Kyle Idleman

ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်‌အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.dccpromo.com/aha/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။