ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ
ရိုးသားပွင့်လင်းမှု - ပျောက်ကင်းမှုကို ယူဆောင်လာသော ရိုးသားပွင့်လင်းမှု
ခရစ်ယာန်တော်တော်များများက ဘုရားရှေ့ လူရှေ့မှာ ရိုးသားပွင့်လင်းမှု ရှိရမယ်ဆိုတာ သိကြပြီး လက်ခံကြပါတယ်။ ရှင်ယောဟန် ပထမစောင်မှာ ကျွန်တော့်တို့ အပြစ်တွေကို ဝန်ခံရင် ဘုရားသခင်က သစ္စာရှိပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လျက် မဖြောင့်မတ်မှုတွေကို သန့်စင်ပေးတယ် ဆိုပြီး ကျမ်းစာက ဖော်ပြထားပါတယ်။ သခင်ယေရှုက ကျွန်တော့်ကျခံသင့်တဲ့ အပြစ်တွေကို ခံယူဖို့ ကားတင်အသေခံခဲ့တယ်လို့လည်း ကျမ်းစာက ပြောပါတယ်။ ယေရှုက ကျွန်တော်တို့ အပြစ်တွေအတွက် အသေခံပြီးတာကြောင့် ကျွန်တော်သာ အပြစ်ဝန်ခံရင် ဘုရားသခင်က ခွင့်လွှတ်ပြီး ဖြစ်ပါတယ်။
တစ်ခါတလေ ကျွန်တော်တို့က အမှားဝန်ခံရုံလုံလောက်တယ် ထင်ရပေမဲ့ AHA အတွက်ဆို ဒီထက်ပိုလိုပါတယ်။
(ယာ၊ ၉း၁၆) က အမှားကို တစ်ဦးနှင့် တစ်ဦး ဝန်ခံ၍ ဆုတောင်းပေးကြဖို့ မှာထားပါတယ်။ ဒါက ကျွန်တော်တို့ကို ခံစားရမှုများကနေ သက်သာစေမှာ ဖြစ်ပါတယ်။ ဘုရားသခင်ထံ ဝန်ခံရင် ခွင့်လွှတ်ခြင်းရပြီး အချင်းချင်းထံ ဝန်ခံရင် သက်သာပျောက်ကင်းခြင်းရမှာ ဖြစ်ပါတယ်။
သက်သာပျောက်ကင်းခြင်းဆိုတာဘာလဲ။
တစ်ဦးကို တစ်ဦးဝန်ခံရင် တာဝန်ယူမှုတစ်ခု ဖြစ်လာပြီး အချင်းချင်း အားပေးမှုနဲ့ ခံစားရမှု သံသရာကနေ လွတ်မြောက်မှာဖြစ်ပါတယ်။ အမှောင်ထဲမှာ ကျွန်တော်တို့ ထားထားတဲ့အရာကို အလင်းထဲ ယူလာပါက အပြစ်ရဲ့ တန်ခိုးက လျော့နည်းလာမှာ ဖြစ်ပါတယ်။
ရှင်ယာကုပ်ပြောတဲ့ သက်သာပျောက်ကင်းခြင်းဆိုတာ ကျွန်တော်တို့ တွေ့ထင်နေတာထက် ပိုပါတယ်။ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းခြင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ လောကခေတ်ပြိုင် စိတ်ပညာဖတ်စာအုပ်က ဝန်ခံခြင်းရဲ့ သက်သာပျောက်ကင်းနိုင်စွမ်းကို အတည်ပြုထားပါတယ်။ စာရေးဆရာက “လျှို့ဝှက်ထားတတ်တဲ့ လူတွေဟာ ပျမ်းမျှအားဖြင့်၊ ဒီလို အလေ့အထ မရှိသူတွေထက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မကျေနပ်ချက်တွေ ပိုရှိတတ်ပါတယ်…ပိုကြီးတဲ့ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာလိုမျိုး ကိုယ်ခန္ဓာဆိုင်ရာ လက္ခဏာတွေလည်း ရှိကြတယ်။ ဝန်ခံမှုရဲ့ ကနဦးအစ ရှက်ရွံ့မှုက အမှောင်ထဲက လျှို့ဝှက်မှုတွေကို ပြောလိုက်လို့ ရလာတဲ့ စိတ်ပေါ့ပါးမှုကို ရလာစေပါတယ်။
(သု၊ ၂၈း၁၃) က၊ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာ မရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်လို့ ပြောပါတယ်။
အချင်းချင်း အပြစ်ဝန်ခံခြင်းက ဘယ်လောက် အထောက်အကူ ပြုခဲ့ပါသလဲ။ အလင်းထဲကို ယူလာဖို့ တွန့်ဆုတ်နေတဲ့ အပြစ်တွေ ရှိပါသလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။
More