ဆရာ Kyle Idleman ရဲ့ ပျောက်သောသားရဲ့ ပြောင်းလဲမှုနမူနာ
ရိုးသားမှု - မိမိကိုယ်ကိုစကားပြောခြင်း
(လု၊ ၁၅း၁၇) မှာ တွေ့ရသလိုပဲ၊ AHA ရဲ့ ဒုတိယပါဝင်မှုက မိမိကိုယ်ကို စကားပြောခြင်း ဖြစ်ပါတယ်။
သားငယ်ရဲ့ ဘေးနားမှာ ဘယ်သူမှမရှိတော့ဘဲ သူနဲ့ ဝက်တွေပဲ ရှိတော့တာကို တွေ့ရပါတယ်။ တစ်ခါတလေကျရင် အခက်အခဲဆုံးစကားဝိုင်းက ကိုယ့်ကိုယ်ကို စကားပြောတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အလွန်အမင်း ရိုးသားမှုဆိုတာ မှန်ထဲကို တည့်တည့်ကြည့်ပြီး မြင်တာကို အမှန်အတိုင်း ပြောရာက စပါတယ်။ AHA မှာ လိုအပ်တာ မိမိအကြောင်းကို အမှန်အတိုင်း ကိုယ့်ကိုယ်ကို ပြောဖို့ပါပဲ။
ပျောက်သောသားက သူဘာကိုထိုက်တန်တယ် မတန်ဘူးဆိုတာကို သူ့ကိုယ်သူ အမှန်တိုင်း သိရှိပြောကြားခဲ့တယ်။ ဒါက လွယ်ကူတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အများစုက ရိုးသားမှုမပါတဲ့ နှိုးကြားမှုကို လိုလားကြပါတယ်
ဝေဖန်တတ်တဲ့ အကျင့်ရှိတဲ့ ဇနီးသည်လိုပဲ “အဆိုးမြင်တာ ကျွန်မမှားသွားပြီ။ ကျွန်မခင်ပွန်းက ကျွန်မရဲ့ အားပေးမှုနှင့် ပံ့ပိုးမှုများ လိုအပ်တာကို ကျွန်မသိပေမဲ့ အပြစ်တင်တာမျိုးပဲ လုပ်ဖြစ်တယ်လို့" ပြောဖို့ ဝန်လေးနေတာမျိုးပေါ့။
သူရဲ့မတရားသောမေထုန်အပြစ်ကို နားလည်သော်လည််း "ကျွန်တော့်ရဲ့ ညစ်ညမ်းရုပ်ပုံကြည့်တဲ့ပြဿနာက ကျွန်တော့်အိမ်ထောင်ရေးမှာ ပြဿနာတွေ ဖြစ်စေပြီး ဇနီးသည်အပေါ် ကျွန်တော့်ရဲ့ စိတ်က ခက်ထန်စေတယ်" ဆိုတာကို ပြောဖို့ ငြင်းဆန်နေတဲ့ ခင်ပွန်းလိုမျိုး။
ပွင့်လင်းရိုးသားမှု မရှိရင် အလွယ်လမ်းနဲ့ ရေရည်မတည်တံ့တဲ့ ပြောင်းလဲမှုသာ ဖြစ်ပါလိမ့်မယ်။ သိမြင်ပေမဲ့ နောင်တရမှု မရှိရင် ပြောင်းလဲမှုက မဖြစ်ပေါ်ပါဘူး။ ပျောက်သောသားက အမြင်ပွင့်သွားတဲ့အခါ သူ့ကိုယ်သူ မှန်ကန်စွာ အရေးယူတယ်။ နိုးကြားမှုက ရိုးသားမှုကို ရစေမယ်။ ကိုယ့်ကိုယ်ကို အမြင်မှန်ရစေခြင်းကနေ အမှားဝန်ခံဖို့ ဖြစ်လာပါမယ်။
ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံရှင် အဖက အရာအားလုံးကို သိမြင်တာမို့ ကျွန်တော်တို့အမှားလုပ်မိရင် ဖုံးကွယ်စရာ မလိုပါဘူး။ ကျွန်တော်ပြောတဲ့ ပွင့်လင်းရိုးသားမှုရှိရမယ်ဆိုတာ အသိအမှတ်ပြုတာထက် ပိုပါတယ် ကြေကွဲစွာ ဝန်ခံခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အမှားလုပ်မိတဲ့အခါ တောင်းပန်စကားပြောတာထက် ပိုလုပ်သင့်ပါတယ်။ ကျွန်တော်တို့အမှားလုပ်မိတာကို ဘယ်သူ့မှ မမြင်ရရင်တောင် ကိုယ့်ကိုယ်ကို ဝန်ခံပြီး အမှားကို သိမှတ်ရပါတယ်။
ဒါက နောင်တရခြင်းနဲ့ အမှားကို ဝန်ချတောင်းပန်ခြင်းရဲ့ ခြားနားမှု ဖြစ်ပါတယ်
ကိုယ့်ကိုယ်ကို အလွန်ရိုးသားပွင့်လင်းမှုရှိပြီး နှိုးကြားမှုကို လိုက်လျှောက်ပါပြီလား။ ကိုယ့်ရဲ့ မှားယွင်းကြေကွဲနေမှုကို မြင်ပြီး သခင့်ရှေ့မှာ မကောင်းမှုများလုပ်နေကြောင်းကို ဝန်ခံဖို့ ရိုးသားပွင့်လင်းမှု ရှိရဲ့လား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်ုပ်တို့ ဘုရားသခင်ထံ ပိုမိုနီးကပ်စေပြီး ကျွန်ုပ်တို့ရဲ့ဘဝကို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာ Kyle Idleman ရဲ့ "AHA" စာအုပ်မှ အချက် (၃) ချက်ကို ဒီအစီအစဉ်ကနေ လေ့လာကြပါစို့။ အရာအားလုံးကို ပြောင်းလဲပေးတဲ့ ဘုရားသခင်ရဲ့ အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်ပြီလား။
More