ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ
![Every Step An Arrival](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F12716%2F1280x720.jpg&w=3840&q=75)
မြင်တွေ့နိုင်တဲ့ အသင်းတော်
ရှောလမုန်မင်းကြီးက ဗိမာန်တော်အသစ်ရှေ့တွင် မတ်တပ်ရပ်လျက် ကျွန်တော်တို့အားလုံးလည်း တစ်ခါတလေ မေးတတ်တဲ့ မေးခွန်းကို မေးခဲတယ်– ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန်ကျိန်းဝပ်တော်မူမည်လော (၃ရာ၊ ၈:၂၇)။
ရှောလမုန်က သံသယစိတ်ကြောင့် ချေမှုန်းခံရပေမဲ့ ဆုတောင်းပေးခဲ့ပါတယ်။ ဘုရားသခင်က သူ့လူတွေ ဗိမာန်တော်သို့ လာရောက် ဆုတောင်းတဲ့အခါ ပတ္ထနာစကားအသံ နားညောင်းဖို့၊ လူတွေလိုအပ်တဲ့ အရာတွေကို နေ့ညမပြတ် မစတော်မူရန်နဲ့ သူတို့ရဲ့ အပြစ်များကို ကြားလျက် ခွင့်လွှတ်ပေးရန် ရှောလမုန်က ဆုတောင်းပေးခဲ့တယ်။
ရှောလမုန်မှ ကျွန်တော်တို့ထံသို့ သံသယစိတ်မျိုးစုံ ထပ်သလဲလဲ ဖြစ်လာခဲ့တယ်။ ရှောလမုန်လိုပဲဲ ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး ဆုတောင်းကြပါတယ်။ ဆုတောင်းရာအိမ်တော်တွင် မြေကြီးပေါ်မှာ ကျိန်းဝပ်နေတဲ့ ဘုရားအား ကန့်ကွက်ခြင်း၊ ဝတ်ပြုရာနေရာ၌ ဘုရားသခင်တွေ့ဆုံခြင်းကို ကန့်ကွက်ခြင်းစတဲ့ ဘုံသဘောကန့်ကွက်ခြင်းတို့က အတွေ့အကြုံနှင့် ယုံကြည်ခြင်းရဲ့ သက်သေအထောက်အထားတွေကြောင့် မရှင်သန်နိုင်ခဲ့ပါ။ ဒါကြောင့်၊ သာမန် အသိတရားက လက်တွေ့ဘဝကို စမ်းသပ်ဖို့ အားကိုးဖို့ ခက်တဲ့ စမ်းသပ်ခြင်း ဖြစ်တယ်။ ဖြစ်ပါ့မလားဆိုတဲ့ သံသယရှိ မေးခွန်းကို လုံးဝဖြစ်နိုင်တယ်လို့ လေးနက်တဲ့ အကြောင်းပြချက်၊ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ လက်တွေ့ကျတဲ့ ယုံကြည်ခြင်းက ဖြေဆိုလိုက်ပါတယ်။
ဒီကျမ်းပိုဒ်ရဲ့ ရှောလမုန်ဆုတောင်းချက်မှ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်တဲ့ ပြွန်လမ်းကြောင်း နယ်ပယ် (၃) ခုကို မြင်နိုင်ပြီး ထို နေရာတွေမှာ ဒီနေ့ ကျွန်တော်တို့ ပါဝင်ပတ်သက်နေပါတယ်။ ပထမဦးစွာ သမိုင်းအကြောင်းနဲ့ စတင်ရမှာ ဖြစ်တယ်။ ရှောလမုန်က အတိတ်မှာ ဘုရားနဲ့ ထိတွေ့ခဲ့တဲ့ အမှတ်တရများကို ချပြထားပါတယ်။ မှတ်ဉာဏ်မကောင်းခြင်းဟာ ကျွန်တော်တို့ ဆုတောင်းခြင်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။
ဒုတိယက ခွင့်လွှတ်ခြင်း ဖြစ်တယ်။ များသောအားဖြင့် ကျွန်တော်တို့ ဆုတောင်းတဲ့အခါ ဘုရားကို ကျွန်တော်တို့ဘက်မှာ ပြုလုပ်ပေးရန် ချဥ်းကပ်ဆုတောင်းကြပါတယ်။ ဒါပေမဲ့ မြင်နိုင်တဲ့ အသင်းတော်က ထိုအရာကို ထောက်ပြမှာ ဖြစ်တယ်။ ခွင့်လွှတ်ခြင်းက ဆုတောင်းခြင်းမှာ နောက်သို့ ပြန်လှည့်တဲ့ ဆုံမှတ် ဖြစ်တယ်၊ မိမိသွားလိုရာလမ်းမှ ဘုရားသခင် အလိုတော်ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဘဝကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတဲ့ ပြောင်းလဲခြင်း ဆုံမှတ် ဖြစ်တယ်။
တတိယအချက်ကတော့၊ တိုင်းတစ်ပါးလူမျိုး တခြားဝေါဟာရအနေနဲ့ သူစိမ်းလို့ ရှောလမုန်က ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဦးစားပေး အလေးထားတဲ့အရာက ကျွန်တော်တို့ နီးစပ်ရာ အသိမှတ်ဆွေ၊ မိသားစုနဲ့ မိမိကိုယ်ကို ဖြစ်နေပါက လောကနဲ့ မိတ်သဟာယဖွဲ့ဖို့ ရှာဖွေနေတဲ့ ခရစ်တော်နဲ့ ကျယ်ပြန့်တဲ့ ခရစ်တော့်အသင်းတော်ကို ကျွန်တော်တို့ အာရုံမစိုက်နိုင် ဆုံးရှုံးသွားမှာဖြစ်တယ်။
ရှောလမုန်ရဲ့ ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ သင်ခန်းစာ (၃) ခုကို စကားလုံး (၃) ခုဖြင့် အကျဥ်းချုံ့နိုင်သည် - သမိုင်း (အတိတ်မှာ ဘုရားပြုခဲ့သောအမှု)၊ ခွင့်လွှတ်ခြင်း (ဘုရားအလိုတော်ဆီသို့ ဦးတည်ခြင်း)နှင့် တခြားအရာများ (သို့မဟုတ် သူစိမ်းများ) ဖြစ်တယ်။ ယခု မိတ်ဆွေကို သီးသန့်ပြောဆိုနေတဲ့အရာကို နှုတ်ကပတ်တော် အလင်းထဲမှာ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![Every Step An Arrival](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F12716%2F1280x720.jpg&w=3840&q=75)
ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး (သို့) စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ ဘယ်တော့မှ မသိနိုင်တဲ့အတွက် ဆရာယူဂျင်းပီတာဆန် (Eugene Peterson) ရဲ့ ဆုတောင်းခြင်းအစီအစဥ်က မိမိရဲ့ စိတ်နှလုံးကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ မိမိရဲ့ တစ်နေ့တာ ဆုတောင်းခြင်းအစီအစဥ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဥ်အဆုံးမှာ အသုံးချဖို့ ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ မိတ်ဆွေကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်းအဖြစ် သတ်မှတ်ပါ။
More