YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 8:22-43

၃ ဓမ္မရာဇဝင် 8:22-43 JBMLE

တစ်​ဖန် ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့ အ​လယ်​မှာ​နေ၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊ အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ထက်​ကောင်း​ကင်​ဘုံ​နှင့် အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို​မ​ဖျက်၊ မိန့်​တော်​မူ​သည်​အ​တိုင်း ယ​နေ့​ပြု​တော်​မူ​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည် ငါ့​ရှေ့​မှာ​ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​ရှေ့​မှာ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို​သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု​စောင့်​တော်​မူ​ပါ။ အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ ဧ​ကန်​အ​မှန်​ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​ပါ​သ​နည်း။ သို့​သော်​လည်း အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။ ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ရန်​သူ​ရှေ့​မှာ​ရှုံး​ရ​သော​အ​ခါ၊ ကိုယ်​တော်​ထံ​သို့ ပြန်​လာ၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက်၊ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့ တစ်​ဖန်​ပို့​ဆောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏​လူ​တို့​အား အ​မွေ​ပေး​သော​မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။ ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍၊ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌​နား​ထောင်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော သူ​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက်၊ သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး​ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော နာ​မ​တော်၏​သ​တင်း​နှင့် တန်​ခိုး​ကြီး၍၊ ဆန့်​တော်​မူ​သော လက်​ရုံး​တော်၏ သ​တင်း​ကို​ကြား​သော​ကြောင့်၊ နာ​မ​တော်​ကို ထောက်​သ​ဖြင့် ဝေး​သော​ပြည်​မှ​ရောက်​လာ၍၊ ဤ​အိမ်​တော်​ကို မှီ​ခို​လျက်​ဆု​တောင်း​လျှင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။