YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ

Every Step An Arrival

5 ၏ နေ့ 3

စိတ်ဝိညာဥ်ရဲ့ ကျွမ်းကျင်မှု တစ်ခု

ကျွန်တော်တို့ ရှင်းပြလို့မရနိုင်တဲ့ အရာတစ်ခု ဖြစ်လာပြီဆိုရင် နိမိတ်လက္ခဏာလို့ ကျွန်တော်တို့ ပြောကြပါတယ်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအနက် မျက်လှည့်ပညာရှင်တစ်ယောက် လုပ်ပြတဲ့ ပြကွက်တွေဟာ ကျွန်တော့်အတွက်တော့ နိမိတ်လက္ခဏာလို ထင်ရပေမဲ့ မဟုတ်ကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ သမ္မာကျမ်းစာအရ၊ နိမိတ်လက္ခဏာဆိုသည်မှာ ကျွန်‌တော်တို့ နားမလည်နိုင်တဲ့အရာ မဟုတ်ဘဲ ကျွန်တော်တို့ မလုပ်နိုင်တဲ့အရာကို လုပ်ပေးခဲ့ခြင်း ဖြစ်တယ်။ နိမိတ်လက္ခဏာက လက်တွေ့ကျပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်တဲ့အရာကို တခြားလူအားဖြင့် (သို့) ဘုရားအားဖြင့် လုပ်ဆောင်ပေးခြင်း ဖြစ်တယ်။

မိတ်ဆွေနားလည်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေနားလည်ရင်တောင် နိမိတ်လက္ခဏာက ရပ်တန့်သွားမှာ မဟုတ်ပါ။ ဆိုလိုတဲ့ အဓိပ္ပာယ်က၊ ကျွန်တော်တို့နားလည်မှုထက် ကျော်လွန်တာ မဟုတ်ဘဲ ကျွန်တော်တို့ တတ်စွမ်းနိုင်တာထက် ကျော်လွန်တာကို ပြောချင်တာဖြစ်တယ်။ ဒါကြောင့်၊ မနက်ခင်းမှာ လမ်းလျှောက်ရင်း ‌မိုးကုပ်စက်ဝိုင်းမှ နေထွက်လာတာကို ကြည့်လျက် အဲ့တာ နိမိတ်လက္ခဏာဖြစ်တယ်လို့ ပြောလိုက်ပါ။ ‌ဒါကြောင့်၊ သမ္မာကျမ်းစာအရ၊ ကျွန်တော်မှန်ကန်နိုင်ပါတယ်။ မနက်ခင်းတိုင်းဟာ နိမိတ်လက္ခဏာ ဖြစ်တယ်။

ဒါဆို၊ နေ့ရက်တိုင်း နိမိတ်လက္ခဏာ မြင်နိုင်ဖို့ မိမိမျက်လုံးတွေကို ဘယ်မှာအာရုံစူးစိုက်သလဲ။ ဒုစရိုက်ဖြင့် သာယာနေတဲ့အသံမှ အမြင့် ဆုံးမှာရှိတဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းသီဆိုနေတဲ့ ကောင်းကင်တမန်တို့ရဲ့ တေးသံသို့ ပြောင်းလဲအောင် ထို စည်းကမ်းချက်ကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်မလဲ။

မိမိရဲ့ စိတ်အာရုံစူးစိုက်မှု၊ မိမိစိတ်သဘောထားသတိရှိမှု၊ မိမိရဲ့ စူးစမ်းလေ့လာမှု၊ မိမိရဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ကို ပေးပါတယ်။ နားထောင်ခြင်းက ဇီဝဗေဒဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု မဟုတ်ပါ။ အဲ့တာက ဝိညာဥ်ရေးရာ ကျွမ်းကျင်မှုတစ်ခု ဖြစ်တယ်။

နွားတင်းကုပ်ထဲမှာရှိတဲ့ ကလေးသူငယ်လေးကြောင့် လမ်းမလွှဲပါနဲ့။ သူက ကလေးငယ်ဖြစ်ပေမဲ့ ပရောဖက်မောရှေရဲ့ အမျိုးနွယ်ဖြစ်ပြီး မိတ်ဆွေကို ယနေ့ စကားပြောနေတာ ဖြစ်တယ်။ မိမိအသက်တကို အုပ်စိုးစေမယ့်အရာကို သူက ပြောနေတာဖြစ်တယ်။ အသစ်တဲ့အရာထဲကို ဦးဆောင်ရန် ပြောနေတာဖြစ်တယ်။ ထာဝရဖြစ်တည်မှုကို တုံ့ပြန်စေသောအရာကို ပြောနေတာဖြစ်တယ်။ မိတ်ဆွေက ဘုရားရဲ့ ချစ်ခြင်းကို၊ မိတ်ဆွေကို ဘုရားက လက်ခံကြောင်း၊ မိမိအသက်တမှာ ထာဝရအဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ရှိကြောင်း ပြောနေတာဖြစ်တယ်။

ထိုအရာများအားလုံးကို ကြားပြီးပါပြီလို့ မိမိပြောတဲ့အသံ ကျွန်တော်ကြားလိုက်သလိုပဲ။ မဟုတ်ဘူး၊ ထိုစကားလုံးက တက်တက်ကြွကြွ၊ လွှမ်းမိုးမှုရှိသော လှပတဲ့ စကားလုံး ဖြစ်တယ်။ ထိုအရာကို မိမိကြားတာနဲ့ ဘယ်တော့မှ ဟောင်းနေသောအရာကို ကြားရမှာ မဟုတ်ပါ။ အရာအားလုံးဟာ အသစ်ဖြစ်နေမှာ ဖြစ်တယ်။ ထိုအရာက ကြားရတဲ့ အချိန်တိုင်းမှာ အသစ်အမြဲဖြစ်နေမှာ ဖြစ်တယ်။

မိမိအသက်တာမှာ ဘုရားရဲ့ မျက်မှောက်တော်ထဲက နိမိတ်လက္ခဏာတွေဆီ မိမိစိတ်နှလုံနဲ့ ချိန်ညှိဖို့ အဘယ်အရာကို လုပ်ဆောင်ဖို့ လိုပါသလဲ။၊

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Every Step An Arrival

ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး (သို့) စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ ဘယ်တော့မှ မသိနိုင်တဲ့အတွက် ဆရာယူဂျင်းပီတာဆန် (Eugene Peterson) ရဲ့ ဆုတောင်းခြင်းအစီအစဥ်က မိမိရဲ့ စိတ်နှလုံးကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ မိမိရဲ့ တစ်နေ့တာ ဆုတောင်းခြင်းအစီအစဥ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဥ်အဆုံးမှာ အသုံးချဖို့ ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ မိတ်ဆွေကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်းအဖြစ် သတ်မှတ်ပါ။

More

ဒီအစီအစဥ်ကို ထောက်ပံ့ပေးသော WaterBrook Multnomah ကို ‌ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://waterbrookmultnomah.com/books/540871/every-step-an-arrival-by-eugene-h-peterson/ သို့ ဝင်ရောက်ပြီး ကြည့်ရှုလိုက်ပါ။