ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ
ဘုရားလုပ်ဆောင်နေတဲ့ အရာကို လကခံခြင်း
သမ္မာကျမ်းစာဇာတ်တော်တွေတွင် အကြိမ်များစွာ ဖတ်ရှုခြင်းဖြင့် ကျွန်တော်တို့က ရှေးသမိုင်းကြောင်းထက် မိမိကိုယ်ကို ပိုမိုသိရှိလာကြတယ်။ ဒီကျမ်းပိုဒ်ရှိ ဂိဒေါင်မေးခွန်ရဲ့ စကားလုံးတွေက ကျွန်တော်တို့ရဲ့ နှုတ်ခမ်းဆီသို့ လျင်မြန်စွာ ခုန်တက်သွားတယ်– သခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူလျှင် ဤအရာအားလုံးသည် ကျွန်ုပ်တို့ထံ အဘယ်ကြောင့် ကျရောက်ခဲ့ရသနည်း။
သေခြင်းတရား၊ ဒုက္ခဝေဒနာ၊ ပျင်းရိခြင်း၊ ကျွန်တော်တို့ မနှစ်သက်တဲ့ အလုပ်အကိုင်တွေ၊ နားမလည်နိုင်တဲ့ လူတွေ၊ မပြောင်းလဲနိုင်တဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့ ဘဝမှာ ပြည့်နှက်နေတဲ့အခါ ဘုရားက အဝေးရောက်နေသလို ခံစားရပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အဖြေကို ဂိဒေါင်ရဲ့ မေးခွန်းတွေထဲမှာ အဖြေကို ရှာတွေ့ဖို့ မျှော်လင့်ရင် ကျွန်တော်တို့နားစွင့်ထားကြပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာ ဘုရားနဲ့ လူတွေကြား မကြာခဏ တွေ့ဆုံပြောကြားမှုရှိသော်လည်း ကျွန်တော်တို့ သာမန် သတ်မှတ်ထားတဲ့ အဖြေမရှိကြောင်း တွေ့ရပါလိမ့်မယ်။ အဲ့အစား၊ ဣသရေလအမျိုးကို မိဒျန်လက်မှ ကယ်တင်လော့ဆိုတဲ့ မိန့်ကြားချက် ရှိတယ်။
ဂိဒေါင်ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့တွေနဲ့ ဆင်တူနိုင်တယ် ကိုယ့်ကိုကြည့်ပါ။ ကျွန်တော့်အဆွေအမျိုးသည် မနာရှေ၌ အအားနည်းဆုံးဖြစ်၍ ငါသည် အမှိုက်သရိုက်ဖြစ်၏။ သို့သော်၊ အတိတ်က ကျရှုံးမှုများအပေါ် စူးစမ်းလေ့လာခြင်း မရှိစေရ၊ ကံကြမ္မာလမ်းစဉ်အပေါ် ထင်မြင်ချက် မရှိ၊ မိမိကိုယ်ကို အကဲဖြတ်ခြင်း မရှိကြောင်း ဘုရားသခင်က ဂိဒေါင်ကို ပြသခဲ့သည်။ အဲဂုဒုတ်ပြည်မှာရှိခဲ့သလို အစပျိုးခြင်းဟာ ဘုရား လက်တော်ထဲမှာသာ ရှိတယ်။ ဂိဒေါင်က ကတိတော်ကို ဆုပ်ကိုင်ထားရန်နဲ့ နာခံခြင်းသာ လုပ်ဖို့ လိုအပ်ပါတယ်။ သူက အစေခံဖို့သာ လိုအပ်ပြီး ဘုရားသခင်က အောင်မြင်ခြင်းအခွင့်ကို ပေးလိမ့်မယ်။
ယခုမှာ၊ မိမိရဲ့ အသက်တာကို ပြန်ကြည့်ကြည့်ပါ၊ မိမိမိသားစုတွေရဲ့ ရာဇဝင်တွေကို ရှာဖွေကြည့်ပါ၊ တိုင်းပြည်တစ်ပြည်ရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်ပြီး ဘုရားရဲ့ မေတ္တာတော်ကို ငြင်းပယ်၍ ဘုရားဆီသို့ တုံ့ပြန်ရန် ငြင်းဆန်ခဲ့တဲ့ ပုဂ္ဂိုလ် ဘယ်လိုဖြစ်သွားသလဲကို ကြည့်ပါ။ မနာခံခြင်းကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဖြစ်နေကြ ရောဂါလက္ခဏာများမှာ နှေးကွေးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တုံ့ပြန်မှုများ၊ မိမိအစာခြေခြင်းကို အနှောင့်အယှက်ပေးတဲ့ မယုံကြည်နိုင်မှုတစ်ခု၊ မိတ်ဆွေအား မောပန်းလွယ်စေတဲ့ အပြစ်ဝန်ထုပ်ဝန်ပိုးနဲ့ မိတ်ဆွေအား ဖန်တီးနိုင်စွမ်းကို သက်သာစေသည့် အဆင့်နိမ့်စိတ်ဓာတ်ကျမှု တို့ဖြစ်ပါတယ်။
ထိုနဲ့တူတဲ့ ရောဂါလက္ခဏာများ မိမိအထဲတွင် ရှိနေပါက မိတ်ဆွေအတွက် ကျွန်တော့်မှာ သတင်းကောင်းတ ခုရှိတယ်၊ ဘုရားက မိတ်ဆွေကို အရမ်းချစ်ပြီး မိမိအပြစ်ကို ခွင့်လွှတ်လျက် မိမိထဲတွင် ထာဝရအသက်တာကို ဖန်ဆင်းပေးမှာ ဖြစ်တယ်။ အတိတ်ကို ဖြေရှင်းပေးဖို့၊ မှတ်တမ်းတွေ ဖယ်ရှားဖို့၊ မှတ်စုများကို မီးရှို့ဖို့ ယခုအချိန်မှာ ဘုရားက အဆင်သင့် ဖြစ်နေပါတယ်။ မိမိလုပ်ဆောင်ခဲ့တဲ့ (သို့) စိတ်ကူးကြည့်နိုင်တဲ့အရာက မိတ်ဆွေအတွက် ယခုပင် ဘုရားလုပ်ဆောင်နေတဲ့အရာကို လက်ခံခြင်းမှ မိတ်ဆွေအား အရည်အချင်း မရှိစေပါ။
မိမိအတိတ်က ကျရှုံးမှုတွေနဲ့ အားနည်းခြင်းကို အသိတရားရခြင်းတို့က မိတ်ဆွေ ဘုရားလမ်းပြမှုနောက်လိုက်ဖို့ ဘယ်အချိန်မှာ တားဆီးနေပါသလဲ
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး (သို့) စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ ဘယ်တော့မှ မသိနိုင်တဲ့အတွက် ဆရာယူဂျင်းပီတာဆန် (Eugene Peterson) ရဲ့ ဆုတောင်းခြင်းအစီအစဥ်က မိမိရဲ့ စိတ်နှလုံးကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ မိမိရဲ့ တစ်နေ့တာ ဆုတောင်းခြင်းအစီအစဥ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဥ်အဆုံးမှာ အသုံးချဖို့ ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ မိတ်ဆွေကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်းအဖြစ် သတ်မှတ်ပါ။
More