ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ
ဟိုးရှေးရှေးတုန်းက
ဇာတ်လမ်းကောင်းတွေက ဟိုးရှေးရှေးတုန်းကနဲ့ စတင်ကြတင်တယ်။ ကျွန်တော့်ဘဝ အရေးပါရဲ့လားစတဲ့ မေးခွန်းနဲ့ ခရစ်ယာန်တွေအများစု ရင်ဆိုင်နေကြရတယ်။ ဇာတ်လိုင်းတိုင်းမှာ ဇာတ်ကောင်တိုင်းဟာ အရေးပါတယ်။ လူတိုင်းမှာ ထူးခြားမှု ရှိပါတယ်။ ဒါကြောင့်၊ ဟိုးရှေးရှေးတုန်းကနဲ့ စတင်ပြီး အဲ့အနောက်ကနေ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ သံသယဝင်ခြင်း၊ နာခံခြင်း၊ မနာခံခြင်း၊ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းနဲ့ မတူညီခြင်းတွေ ရှိပါတယ်။ ဒါတွေအားလုံးဟာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ—အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဇာတ်လမ်းပုံပြင်တိုင်းဟာ သူရဲကောင်းတွေအကြောင်းသာ မဟုတ်ပါ။ ဇာတ်လမ်းတိုင်းဟာ စွန့်စားခန်းတွေပဲ မဟုတ်ပါ။ ယောသပ်၊ မောရှေ၊ ဒါဝိဒ်၊ ပေါလုလိုသော သူရဲကောင်း ဇာတ်လမ်းတွေလည်း ရှိပါတယ်။ နောမိ၊ ရုသနဲ့ ဗောဇ ဇာတ်လမ်းများလည်း ရှိပါတယ်။ ဒီနေရာမှာတော့ လက်တွေ့လုပ်ဆောင်ခြင်းက နေ့ရက်တိုင်း ဖြစ်တယ်။ ထိုနေ့ရက်တိုင်း လက်တွေ့လုပ်ဆောင်ခြင်း- ပြောင်းရွေ့နေထိုင်ခြင်း၊ နောမိအပေါ် ရုသသစ္စာရှိခြင်း၊ ရုသအပေါ် ဗောဇ အကြင်နာတရားရှိခြင်း၊ ပညတ်တော်တွေအပေါ် နာခံမှုရှိခြင်း- ဒီအသေးစိတ်အချက်အလက်အားလုံးက ဘုရားသခင်ရဲ့ ကြီးကျယ်သော ကယ်တင်ခြင်းဇာတ်လမ်းမှာ တစိတ်တပိုင်း အနေနဲ့ပါဝင်ပါတယ်။ တစုံတခုကို ဆိုလိုတဲ့ ဇာတ်လမ်းက အရာအားလုံးကိုလည်း ဆိုလိုနိုင်ပါတယ်။
ညည်းညူခြင်းနဲ့ နောမိက ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တယ်။ သူမက ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရတယ်၊ ထိုအကြောင်းကို ခါးသီးစွာ ဝေဖန်ခဲ့တယ်၊ ဇာတ်ညွှန်းဆရာက သူမရဲ့ မပျော်ရွှင်မှုကို အသုံးပြုပြီး ဘုရားကို ပုန်ကန်တဲ့ ပုံစံဖြင့် ရေးသားခဲ့တယ်။ ဒီအခန်းငယ်မတွေကို ဘုရားသခင်ရှေ့တော်၌ ရုသက တရားစွဲသူအဖြစ် တင်ပြတဲ့ပုံစံဖြင့် စကားလုံးတွေကို သုံးနှုန်းထားပါတယ်။ ဘုရားသခင်နဲ့ လူတွေကြား အငြင်းအခုံဖြစ်ခဲ့တဲ့ ယေရမိလည်း အဲလိုပဲ ဝေဖန်ခဲ့ပုံကို တွေ့ရနိုင်ပါတယ်။ လူတွေရဲ့ ဝေဖန်မှုတွေကို ဘုရားသခင်ဆီ အချက်အလက်ကျကျ တရားစွဲတင်ပြခဲ့တဲ့ စွပ်စွဲချက်မှာ ဘုရားက တရားမျှတမှုမရှိကြောင်း ဖြစ်တယ်။
ဘုရားကို ဒီလိုပြောဆိုခြင်းက မုသားပြောခြင်း၊ ဘုရားအပေါ် ယုတ်မာခြင်းလို့ ထင်ရသော်လည်း အရိုးရှင်းဆုံးပြောရရင် ဒီအချက်ဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ခြင်းကို နားထောင်ပြီး ထိုအရာများကို ဘုရားဆီပြန်ပြောဆိုသောအခါ ဇာတ်လမ်းထဲပါဝင်အောင် အချင်းချင်း ကူညီကြတယ်။ ဘုရားကို ခုခံပြီး ကျွန်တော်တို့ ဘုရားဘက်မှာ တစ်ချိန်လုံးရှိနေစရာ မလိုပါ။ သမ္မာကျမ်းစာက ကျွန်တော်တို့ကို သတ်မှတ်ထားတဲ့နေရာက တရားလိုဘက်မှာထားထားတဲ့ အချိန်အခါတွေလည်း ရှိပါတယ်။ လေးလေးနက်နက် အလေးအနက်ထားခြင်းဖြင့်-ငြင်းပယ်ခြင်းမပြု၊ လျှော့မချဘဲ၊ ဝိညာဉ်ရေးအရ မလုပ်ဆောင်ဘဲ-နောမိရဲ့ ဝေဖန်ခြင်းက ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတယ်။ သူမ ဘဝရဲ့ လစ်ဟာမှုက ဇာတ်ညွှန်းထဲတွင် ပါဝင်လာပြီး ဘုရားသခင်ရဲ့ မစတော်မူခြင်းကို ဖော်ပြတဲ့ လုပ်ဆောင်မှုတွင် ပါဝင်လာပါတယ်။
မိမိရဲ့ ညည်းညူခြင်းတွေကို ဘုရားဆီ ပြောပြဖို့ ဝန်လေးနေပါသလား။ နောမိရဲ့ ဇာတ်လမ်းက ဘုရားသခင်အား ပိုပြတ်သားစွာ ပြောဆိုရာတွင် မိတ်ဆွေအား ဘယ်လိုလမ်းညွှန်နိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး (သို့) စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ ဘယ်တော့မှ မသိနိုင်တဲ့အတွက် ဆရာယူဂျင်းပီတာဆန် (Eugene Peterson) ရဲ့ ဆုတောင်းခြင်းအစီအစဥ်က မိမိရဲ့ စိတ်နှလုံးကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ မိမိရဲ့ တစ်နေ့တာ ဆုတောင်းခြင်းအစီအစဥ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဥ်အဆုံးမှာ အသုံးချဖို့ ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ မိတ်ဆွေကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်းအဖြစ် သတ်မှတ်ပါ။
More