ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ
စစ်မှန်တဲ့ ကိုးကွယ်ခြင်း
ဒီဆာလံကျမ်းတွင် အထူးခြားဆုံးစကားမှာ မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်းစီရင်ပြီးမှ၊ မိုးရွာသောအားဖြင့် ပျော့စေ၍၊ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏ (ဆာ၊ ၆၅:၁၀)။ ဆာလံဆရာရဲ့ ခံစားချက်က များပြားလွန်းတယ်။ နွေဦးနှစ်သစ်ကို တောင်ကုန်းတောင်တန်းများမှ လယ်ယာတိရစ္ဆာန်တို့ရဲ့ အစေခံခြင်းကို ခံရတဲ့ ကြီးထွားလာတဲ့ လယ်ယာမြေတွေဖြင့် ဝတ်ရုံခြုံထားပြီး ဘုရားရဲ့ ပန်းကုံးကို သရဖူလိုပဲ ဆောင်ထားတဲ့ မိဖုရားအဖြစ် ဆာလံဆရာက မြင်ပါတယ်။ ဒီအံ့ဖွယ်အမှုတွေအကြောင်း ဆာလံဆရာက အကြမ်းဖျင်းပြောထားတာကို ကျွန်တော်တို့ နားထောင်သောအခါ ထိုနေရာသို့ ကျွန်တော်တို့ သွားရောက်လိုသည်မှာ အထူးအဆန်း မဟုတ်ပါ။
ဒီအကြောင်းအရာကို ဆာလံဆရာ တိုက်ရိုက် မပြောသော်လည်း ဒီအကြောင်းရေးထားတဲ့ အချိန်က အမျိုးသားတစ်ယောက်က ဗိမာန်တော်မှာ ကိုးကွယ်တာထက် အပြင်တစ်နေရာမှာ ကိုးကွယ်ပြီး အသင်းတော်အစား သဘာဝတရားကို အစားထိုးခဲ့သူအကြောင်းကို ဖော်ပြသတိပေးထားခဲ့တယ်။ ရှုပ်ယှက်ခတ်နေတဲ့ အသင်းတော်မှာ သမားရိုးကျ ဆုတောင်းတာထက် နေဝင်ချိန် အလှတရားကို ကြည့်ပြီး ဝတ်ပြုကိုးကွယ်ခြင်းက ပိုပြီးကောင်းမွန်တယ်လို့ ဒီလူရဲ့ ခေတ်ဆန်တဲ့ အတွေးအယူအဆကို တွေ့ရနိုင်ပါတယ်။ သူပိုပြီး ကောင်းစွာ ဝတ်ပြုနိုင်ပေမဲ့ ဖြစ်နိုင်တာက ဘုရားကို မကိုးကွယ်ဘဲ (သို့) နေနှင့် ပတ်သက်ပြီး သူ့စိတ်ခံစားချက်ကို ကိုးကွယ်တာ ဖြစ်နိုင်တယ်။
ခရစ်ယာန် ဝတ်ပြုကိုးကွယ်ခြင်းက အချိန်နှင့်နေရာ သန့်စင်ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ ကြည့်ရှုနေထိုင်ပြီး ပေါ့ပေါ့ဆဆဆက်ဆံတဲ့ သာမန်ဘဝက ခရစ်ယာန်ကိုးကွယ်ခြင်း အချိန်နာရီထဲမှာ အာရုံစူးစိုက်မှုရှိပြီး ကိုးကွယ်ခြင်းရဲ့ အဆုံးစွန်နဲ့ ထာဝရအဓိပ္ပာယ်ကို ကျွန်တော်တို့ မြင်တွေ့မှာဖြစ်တယ်။ ဝတ်ပြုကိုးကွယ်ခြင်းက လောကရဲ့ အချိန်နဲ့ ပြင်ဟာကို မြှင့်တင်ပေးပြီး သိသာထင်ရှားစေပါတယ်။ ဝတ်ပြုကိုးကွယ်မှုပြင်းထန်တဲ့ လောကမှာ ဘယ်သူမှ ဘယ်သူကမှ အချိန်တိုင်းနေဖို့ မဖြစ်နိုင်ပါ။ ဒါပေမဲ့ ဝတ်ပြုကိုးကွယ်ခြင်း ခရစ်ယာန်တွေ လုပ်သမျှအရာတွေကို ထူးချွန်ထက်မြက်မှု ပေးတယ်။
ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ချီးမွမ်းခြင်း၊ ကောင်းချီးပေးခြင်းနဲ့ ကျေးဇူးတရားတို့က အသက်တာ၌ ထာဝရခြားနားမှုကို ဖြစ်စေတဲ့ မိနစ်အရေအတွက်ဖြင့် ကွဲပြားမှုများကို ပေးစွမ်းကြောင်း ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်ပြီးတဲ့ ယုံကြည်သူတွေ သိရှိရပါတယ်။ ဝတ်ပြုကိုးကွယ်နေတဲ့ ခရစ်ယာန်တွေဟာ လေထဲတွင် ကျွမ်းဘားသမားနဲ့ တူတယ်။ အချိန်နဲ့ လေဟာနယ်ကို သူမခံစားရတယ်။ သူမ နေရာကို ပြန်လည်ရောက်ရှိသွားတဲ့အခါ အရင်ကမရှိခဲ့ဖူးတဲ့ သူမရဲ့ လုပ်ဆောင်မှုနဲ့ ခံစားချက်တွေမှာ ထူးချွန်မှုနဲ့ တိကျမှုကို ရရှိမှာ ဖြစ်တယ်။
ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အတွေ့အကြုံတစ်ခုသည် ပြီးဆုံးသွားသောအခါတွင် မိတ်ဆွေက အခြားသူတွေနဲ့ ဘုရားသခင်နဲ့ သက်ဆိုင်ပုံကို ပြောင်းလဲစေခဲ့တယ်။
ဆရာ Eugene Peterson ရဲ့ (၅) ရက်တာ အစီအစဥ်ကို နှစ်သက်တယ်ဆိုရင် ဆရာ Eugene ရဲ့ စာအုပ်ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်း .
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဝိညာဥ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး (သို့) စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ ဘယ်တော့မှ မသိနိုင်တဲ့အတွက် ဆရာယူဂျင်းပီတာဆန် (Eugene Peterson) ရဲ့ ဆုတောင်းခြင်းအစီအစဥ်က မိမိရဲ့ စိတ်နှလုံးကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်။ မိမိရဲ့ တစ်နေ့တာ ဆုတောင်းခြင်းအစီအစဥ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဥ်အဆုံးမှာ အသုံးချဖို့ ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ မိတ်ဆွေကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်းအဖြစ် သတ်မှတ်ပါ။
More