YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းနမူနာ

Grief Survivor

8 ၏ နေ့ 4

အကျွန်ုပ်သည် အဆင်ပြေပါသလား

မိတ်ဆွေသည် အခန်းထဲကို ဝင်လာပြီး ဘာကြောင့် အခန်းထဲဝင်လာတာလဲ ချက်ချင်းမေ့သွားဖူးပါသလား။ ဝမ်းနည်းကြေကွဲခြင်းသည် ၎င်းအမှုကို ဖြစ်စေတတ်သည်။ မသိကျွမ်းသော စိတ်ခံစားမှုများသည် ကိုယ့်ကိုယ်ကိုယ် နှောင့်ယှက်စေသလို၊ မိမိ၏ သိ၍ပိုင်ခြားတတ်သောဉာဏ်ကိုလည်း လျော့နည်းစေတတ်သည်။ မိမိမနောစတ်ကို မရှင်းလင်းနေပါက၊ စိတ်မပျက်ပါစေနှင့်။ မိမိမနောစိတ်သည် အချိန်တန်မှ ပြန်လည်ရှင်းလင်းလာပါလိမ့်မည်။

သတင်းကောင်းကား၊ မိတ်ဆွေသည် အရူးတစ်ဦး မဟုတ်ပါ။ ဝမ်းနည်းကြေကွဲခြင်းဖြစ်စေသော အိပ်မပျော်နိုင်ခြင်း၊ မစားချင်သောစိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် မရှင်းလင်းသောစိတ်တို့ကို တဖြည့်ဖြည့် ပျောက်သွားပါလိမ့်မည်။

ဤအလွန်တန်ခိုးကြီးလှသော ကတိတော်မြတ်ကို အောက်မေ့သတိရစေလိုက်ပါ... သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏ (ယော၊ ၁၆း၃၃)။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Grief Survivor

မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်‌ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။

More

ဤအစီအစဥ်အတွက်ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း - ‌မျှော်လင့်ခြင်းနှင့် ကုသခြင်းဆီသို့ ခြေလှမ်း (၂၈) လှမ်းနှင့် ကုသခြင်းအတွက် အချိန်ယူခြင်း၊ ‌သောကခရီး" စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) ကို ကျေးဇူးတင်ရှိပါသည်။ ‌ပိုမိုသိလိုပါက၊ www.griefsurvivor.com သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။