YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းနမူနာ

Grief Survivor

8 ၏ နေ့ 3

ကိုယ့်ကိုယ်ကို အရင်ကူညီပါ

လေယာဉ်ပေါ်တက်တိုင်း လေယာဉ်အမှုထမ်းများသည် သူတစ်ပါးကို မကူညီခင် သင့်ကိုယ်ပိုင် အောက်ဆီဂျင်မျက်နှာဖုံးကို တပ်ထားဖို့ သတိပေးပါသည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းသည် လေယာဉ်အတွင်း လုံခြုံမှုနှင့် အလွန်တူလှသည်။ သူတစ်ပါးကို ကောင်းကောင်းကူညီစေဖို့ မိမိခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးတို့ကို အရင်ပြုစုစောင့်ရှောက်လိုက်ပါ။

အနာယူခြင်းသည် မကောင်းသောအမှု မဟုတ်သလို၊ အချိန်ဖြုန်းဖွယ်ရာလည်း မဟုတ်ပါ။ ခဲယဉ်းသောကာလ၌ ဤနည်းလမ်းများဖြင့် မိမိဝိညာဉ်ကို အားဖြည့်စေပါ...

● ဟာသဇာတ်ကားကို ကြည့်ရှုပါ။

● မိမိအကြိုက်ဆုံး ရေကန်၊ ကမ်းခြေ (သို့) တောင်များသို့ သွားပါ။

● သီချင်းဆိုခြင်း (သို့) ပုံဆွဲခြင်းကို ပြုပါ။

● သတင်းချန်နယ်များကို ခေတ္တခဏ ရှောင်ပါ။

မိမိမိတ်ဆွေတွေ့လျက် ကော်ဖီသောက်ခြင်း (သို့) ညစာစားခြင်းဖြင့် မိတ်သဟာယဖွဲ့လိုက်ပါ။

ဤလတွင် အပျော်ခရီးအစီစဉ် မရှိသော်လည်း နေရက်စဉ်တိုင်းမှာ မိမိခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးတို့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပါ။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Grief Survivor

မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်‌ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။

More

ဤအစီအစဥ်အတွက်ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း - ‌မျှော်လင့်ခြင်းနှင့် ကုသခြင်းဆီသို့ ခြေလှမ်း (၂၈) လှမ်းနှင့် ကုသခြင်းအတွက် အချိန်ယူခြင်း၊ ‌သောကခရီး" စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) ကို ကျေးဇူးတင်ရှိပါသည်။ ‌ပိုမိုသိလိုပါက၊ www.griefsurvivor.com သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။