YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းနမူနာ

Grief Survivor

8 ၏ နေ့ 1

မိတ်ဆွေသည် ဦးဆောင်သောသူ ဖြစ်သည်

ဤဝမ်းနည်းကြေကွဲမကာလသည် ဘယ်လိုဖြစ်လာမလဲကို ဆုံးဖြတ်နိုင်သူသည် မိတ်ဆွေသာ ဖြစ်သည်။ ဝမ်းနည်းကြေကွဲမှုကို မှန်ကန်သော ပုံသေနည်းဟူ၍ မရှိပေ။ မိတ်ဆွေသည် ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း ခရီးစဉ်ကို စတင်လိုက်သည်နှင့် အတွေး၌ ပေါ်လာသည်များကို ရေးရန် မှတ်စုအလွတ်တစ်အုပ် လိုလိမ့်မည်။

စိတ်သက်သာခြင်းသို့ ပထမဆုံးခြေလှမ်းကို လှမ်းသည်နှင့် ဤအချက်များကို မှတ်ထားပါ။

● ငိုချင်သလို ခံစားရသောအခါ ငိုပါ။

● ယခုလက်ရှိတွင် ဝမ်းနည်းမှုထက် သက်သာရာရခြင်း ခံစားရနိုင်သည်။ ထိုအရာလည်း အဆင်ပြေပါသည်။

● မိမိချစ်ရသူနှင့် ပတ်သက်သည့်အကြောင်းများကို အောက်မေ့ခြင်းနှင့် မျှဝေခြင်းက မိတ်ဆွေကို ရယ်မောစေမည်ဆိုပါက၊ ထိုသို့ပြုပါ။

● မိတ်ဆွေအား စိုးရိမ်စေသော၊ နွမ်းနယ်စောသူများနှင့် အဖြစ်အပျက်များကို ရှင်းလင်းဖယ်ရှားပါ။ မိမိလုပ်ဆောင်မှုများနှင့် အပေါင်းအဖော်များကို ပညာရှိစွာ ရွေးချယ်ခြင်းသည် မလိုအပ်သော စိတ်ဖိစီးမှုများကို တားဆီးနိုင်သည်။

● အကောင်းဆုံးကိုသာ ရွေးချယ်ပြီး ကျန်သောအရာများကို ငြင်းပယ်ပါ။

● တောင်းပန်ရန် မလိုအပ်ပါ။ မိတ်ဆွေသည် မိမိ၏ အချိန်ဇယား၏ ပိုင်ရှင် ဖြစ်သည်။

(ယော၊ ၁၁း၃၅) တွင်၊ အရှင်ယေရှုဘုရားသည် သူ၏ချစ်သောမိတ်ဆွေ လာဇရုသေဆုံးပြီးနောက် တုံ့ပြန်ပုံကို ဖော်ပြထားသည်။ အရှင်ယေရှုဘုရားသည် လူ့သဘာဝစိတ်ခံစားချက်ကို မတွန်းလှန်ခဲ့ပေ။ အရှင်ယေရှုဘုရားသည် မျက်ရည်ကျခဲ့သည်။ ကျွန်ုမတို့လည်း မျက်ရည်ကျနိုင်ပါသည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Grief Survivor

မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်‌ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။

More

ဤအစီအစဥ်အတွက်ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း - ‌မျှော်လင့်ခြင်းနှင့် ကုသခြင်းဆီသို့ ခြေလှမ်း (၂၈) လှမ်းနှင့် ကုသခြင်းအတွက် အချိန်ယူခြင်း၊ ‌သောကခရီး" စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) ကို ကျေးဇူးတင်ရှိပါသည်။ ‌ပိုမိုသိလိုပါက၊ www.griefsurvivor.com သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။