YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:31-33

ရှင်ယောဟန် 16:31-33 JBMLE

ယေ​ရှု​က​လည်း၊ ယ​ခု​တွင်​ယုံ​ကြ​ပြီ​လော။- သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။- သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။