အရှင်ယေရှုဘုရားက ဘယ်သူလဲနမူနာ
မိတ်ဆွေသည် အသုဘကို သွားဖူးပါသလား။ အသုဘ၏ အနက်ကို သိပါသလား။ အသုဘဟူသော ဝေါဟရသည် ပါဠိတော်ဖြစ်ပြီး အနက်ကား အ – မ၊ သုဘ – တင့်တယ်။ မတင့်တယ်သောအရာ ဖြစ်သည်။ သို့ရာတွင်၊ အသုဘများတွင် သေခြင်းတရားနှင့် နောင်ဘဝအကြောင်းကို တရားနာအခွင့်ကို ရနိုင်ပါသည်။
သေသွားလျှင်၊ နောင်ဘဝမရှိဘဲ ရုတ်တရက်တွင် ပျက်စီးခြင်းသို့ ရောက်မလား။ သို့မဟုတ်၊ ကျွန်တော်တို့သေသောအခါ၊ ဘဝသံသရာကို လည်လျက် အခြားဘဝထံသို့ ဝင်စားရမလား။
သေခြင်းတရားနှင့် တမလွန်ရေး၌ မျှော်လင့်ခြင်းကို ရှိနိုင်ပါသလား။
ဤဇာတ်တော်တွင်၊ အရှင်ယေရှုဘုရားသည် ရောမစစ်သားများဖြင့် အသေခံပြီးမှ အလွန်အားနည်းကြောက်ရွံ့သောတပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ အရှင်ယေရှုဘုရားသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူခဲ့သည်။
အရှင်ယေရှုဘုရားသည် မိမိ၏ တပည့်တော်များထံ အကြိမ်ကြိမ် တင်ပြခဲ့သည်။ သို့သော်၊ ၎င်းတင်ပြသောအချိန်မှာတွင် ရှင်သောမည် မရှိဘဲ ဤထူးဆန်းလှသောသတင်းအပေါ် သံသယစိတ် ရှိသေးသောကြောင့် အရှင်ယေရှုဘုရားသည် ရှင်သောမထံ တကူးတက ကြွလာ၍...
ထိုအခါ သောမအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏ (ယော၊ ၂ဝး၂၇-၂၈)။
ထိုကြောင့်၊ ရှင်သောမသည် ယုံမှားသောမဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့သည်။
ကျွန်တော်တို့သည် ရှင်သောမကဲ့သို့ ဘုရားသခင်တကယ်ရှိပါသလား၊ အရှင်ယေရှုဘုရားက ကျွန်တော်ကို တကယ်ချစ်ပါသလားဟု သံသယစိတ်ဖြင့် တွေးတောမိသည့်အချိန်များ ရှိကောင်းရှိနိုင်ပါသည်။ ဧဝံဂေလိတရားကို တကယ်မှန်ပါသလား... မမြင်နိုင်သည့် အရူပအရာများကို ဘယ်လိုယုံကြည်အားကိုးနိုင်မလဲ...ဟု တစ်ခါတစ်ရံမှာ မေးမြန်းတတ်ပါသည်။
ကျေးဇူးတော်ကြောင့် ဘုရားသခင်သည် ကျွန်တော်တို့၏ ယုံမှားသံသယကို ကြောက်လန့်တော်မမူ။ အကယ်၍၊ မိမိယုံမှားမှုကို ကိုယ်တော်၌ အပ်နှံခြင်းသည် ယုံကြည်ခြင်းဖြင့် ပြုသောအကျင့်ပင် ဖြစ်သည်။ ကျွန်တော်တို့သည် ဝိစိကိစ္ဆာ၊ သံသယစိတ်နှင့် မောဟစိတ် ရှိကြသော်လည် အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ထံ ကြွလာလျက် မိတ်သဟာယဖွဲ့ချင်သည်ဟု ဤဇာတ်တော်အားဖြင့် သိရသည်။ အကယ်၍၊ မိမိယုံမှားသံသယကို ကျော်သွားသောအခါ မိမိယုံကြည်ခြင်းကို ပိုမိုခိုင်မြဲပါစေလိမ့်မည်။
ဘယ်လိုပဲဖြစ်ပါစေ၊ သတင်းကောင်းမှာ ဘုရားသခင်သည် အရှင်ယေရှုဘုရားကို သေခြင်းမှ ထမြောက်စေသည်ဟု စိတ်ချယုံကြည်နိုင်သည့် အကြောင်းပြချက်များစွာ ရှိပါသည်။ ဥပမာ...
- တနင်္ဂနွေမှာ၊ အရှင်ယေရှုဘုရား၏သည် လက်ဝါးကပ်တိုင်မှာ ရိုက်သတ်ပြီး သေကြောင်း ကြေညာပြီးနောက်တွင် ကိုယ်တော်၏ သင်္ချိုင်းဂူတွင် သူ၏ အလောင်းတော် မရှိခဲ့ဘူး။
- အရှင်ယေရှုဘုရားသည် ရှင်ပြန်ထမြောက်ပြီးနောက်၊ ရက်ပေါင်း (၄၀) ကြာမှာ၊ သောမကဲ့သို့သော သံသယရှိသူများနှင့် အရှင်ယေရှု၏ဘုရား ကနဦးတပည့်တော်မဟုတ်သော ရှင်ယာကုပ်နှင့် ရှင်ပေါလုကဲ့သို့သော သံသယရှိသူများအပါအဝင် ကိုယ်တော်တိုင်း ထင်ရှားပေါ်လွင်ခဲ့သည်။
- အရှင်ယေရှုဘုရား၏ ထမြောက်ခြင်းကို မြင်သောကြောင့် ကနဦးတပည့်တော်များသည် လုံးဝဥဿုံ ပြောင်းလဲစေ၍ ဆင်းရဲဒုက္ခခံကာ သေဆုံးလိုသည့်အထိ ယုံကြည်ခဲ့သည်။ အခြားဘာသာဝင်သူများသည် မိမိအယူအဆအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ သို့သော်၊ မိစ္ဆာဒိဋ္ဌိနှင့် မုသားစကားအတွက် အသေခံဝံံ့သောသူတစ်ယောက်မျှမရှိပါ။ ဤဇာတ်တော်တွင်၊ အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းအား မှန်ကန်မှုရှိမရှိကို ကနဦးတပည့်တော်များ သေချာစွာ စစ်ဆေး၍ သိရှိနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ခရစ်ယာန်ဘာသာ၏ တိုးပွားမှုနှင့် ယနေ့ခေတ်အထိ သူတစ်ပါးဘ၀များကို ဆက်လက်ပြောင်းလဲလာမှုကို ရှင်းပြရန် အကောင်းဆုံးနည်းလမ်းမှာ အထက်ဖော်ပြပါ အချက်အလက်အားလုံးနှင့် အရှင်ယေရှုခရစ်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းပင် ဖြစ်သည်။
ဤ (၅) ရက်တာ အစီစဉ်သည် အရှင်ယေရှုဘုရား၏ ဘုရားဇာတိတော်ကို စေ့စေ့ကြည့်ရှုစေပြီ။ သူ၏ ရှင်ပြန်ထတော်မူခြင်းလည်း သူ၏ ဘုရားဇာတိတော်မြတ်ကို ပိုမိုအတည်ပြုစေသည်။
ဘုရားသခင်သည် အံ့ဩဖွယ်နမိတ်လက္ခဏတစ်ခုအားဖြင့် အရှင်ယေရှုဘုရား၏ ဘုရားဇာတိတော်မြတ်ကို ထင်ရှားစွာ ပြသတော်မူခဲ့သည်။
သားတော် အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ ကယ်တင်သောအရှင် ဖြစ်တော်မူသည်။
ရှင်ပြန်ထမြောက်ခြင်းသည် သေမင်းကို လုံးဝဥဿုံ ဆုံးရှုံးသွားပါပြီဟု ဆိုလိုသည်။
မိမိတမလွန်ခရီးအတွက် ထာဝရအာမခံကို ရနိုင်ပြီ။
သေခြင်းတရားသည် အရှင်ယေရှုဘုရားထံ ပို့ဆောင်သောအရာပင် ဖြစ်သည်။
ကျွန်တော်တို့သည် ရှင်သောမနှင့်အတူ၊ အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု စိတ်နှလုံးပါလျက် ဝန်ခံပြောဆိုကြပါစို့။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။
More