YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရှင်ယေရှုဘုရားက ဘယ်သူလဲနမူနာ

Who Is Jesus?

5 ၏ နေ့ 1

လက်ခြေသေသူ၏ ဇာတ်တော် - အပြစ်လွှတ်ပိုင်သောသူ အရှင်ယေရှုဘုရား

မိတ်ဆွေသည် စူပါဟီးရိုးအနေနှင့် စူပါပါဝါတစ်ခု ရနိုင်လျှင် ဘာလိုချင်သလဲ။

ဈာန်တန်ခိုးကို ရချင်လား။

မိမိရူပကို မမြင်နိုင်စေသောတန်ခိုးကို ရချင်လား။

သူတစ်ပါး၏ စိတ်ကို သိလျက် ထိန်းချုပ်နိုင်သောတန်ခိုးကို ရချင်လား။

မိမိခန္ဓာကို မပျက်စီးနိုင်သောတန်ခိုးကို ရပါသလား။

အပေါ်ပါ ပါဝါများအားလုံးကို ရယူလို့ ရနိုင်မလား။

စူပါဟီးရိုးဇာတ်ကားများကို ကြည့်ရှုသောအခါ၊ မိမိခံစားရသော လောကဓံဒုက္ခကို ခေတ္တခဏ မေ့စေတတ်သည်။ အကယ်၍၊ လူသားများသည် ကယ်တင်ခြင်းတရားနှင့် သဘာဝအလွန်တန်ခိုးများကို စိတ်စွဲလမ်းသောကြောင့် စူပါဟီးရိုးဇာတ်ကားများကို သဘောကျကြသည်။

အရှင်ယေရှုဘုရားသည် လောကစူပါဟီးရိုးတစ်ပါး မဖြစ်ပေမဲ့ သူသည် သူတစ်ပါး၏အနာကို ပျောက်စေလျက် နတ်ဆိုးများကို နှင်ထုတ်နိုင်သော သဘာဝအလွန် ထူးဆန်းသောတန်ခိုးတော်ကို ပိုင်တော်မူ၍၊ သူ၏သတင်းသည် တစ်ပြည်လုံး၌ နှံ့ပြားကျော်စောလေသည်ဟု သမ္မာကျမ်းစာရှိ ခရစ်ဝင်ကျမ်းများကို ဖော်ပြစေသည်။

ဤဇာတ်တော်တွင်၊ လက်ခြေသေသောသူတစ်ယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အရှင်ယေရှုဘုရားအထံတော်သို့ ဆောင်ခဲ့ကြသည်။ လူစုဝေးလျက် ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ချေ။

လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျှော့ချကြ၏ (မာ၊ ၂း၄)။

ခေတ္တခဏစောင့်ပါဦး။

ဤလူများသည် သူတစ်ပါး၏ အိမ်ကို လက်သရမ်းဖျက်ဆီးခဲ့သည့်တကား။

ကျေးဇူးတော်ကြောင့် အရှင်ယေရှုဘုရားသည် အိမ်၏ လက်သရမ်းဖျက်ဆီးခြင်းကို မကြည့်ရှုဘဲ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူလျက် ထိုသူ၏အနာကို ပျောက်စေတော်မူခဲ့သည်။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်း ရှိပေမဲ့ ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြသည်။

အကယ်၍၊ ဘုရားသခင်မှတစ်ပါး အပြစ်အားလုံးကို လွှတ်နိုင်သောသူ မရှိ။

ဤဇာတ်တော်သည် အရှင်ယေရှုဘုရား၏ ဇာတိတော်မြတ်ကို ပိုမိုပြသစေသည်။ သူသည် ဘုရားသခင်အတွက်ကိုယ်စား ရဲရဲရင့်ရင့် မိန့်တော်မူလျက် မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ကို ထင်ရှားစွာ ဖော်ပြတော်မူသည်။ အရှင်ယေရှုဘုရားသည် ဘုရားသခင်ဖြစ်သည်ဟု ဤဇာတ်တော်အားဖြင့် သိရသည်။

ကျွန်တော်တို့သည် ဤဇာတ်တော်ရှိ လက်ခြေသေသူကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအားနည်းခြင်း မရှိသော်လည်း...

ကျွန်တော်တို့အားလုံးသည် ပြစ်မှားခဲ့ပြီး မိမိ၏ ရှက်ကြောက်ခြင်း၊ ကြောက်ရွံ့သံဝေဂနှင့် မစုံလင်ခြင်းကြောင့် လေဖြတ်သွားသလို ခံစားရကြသည်။ ကျွန်တော်တို့၏ အပြင်လူသည် ကျန်းမာပကတိအခွင့် ရှိသော်လည်း အတွင်လူကတော့ ကျိုးပဲ့သဘော ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော်၊ ကျွန်တော်တို့၏ အနက်ရှိုင်းဆုံးပြဿနာမှာ ရုပ်ပိုင်းဆိုင်ရာမဖြစ်မီ အတွင်လူတည်းဟူသော ဝိညာဉ်ရေးရာမှာ အရင်ဖြစ်တတ်သည်။

ကျွန်တော်တို့၏ အနက်ရှိုင်းဆုံးလိုအပ်ချက်မှာ ကျွန်တော်တို့၏ ဖန်ဆင်းရှင်၏ ခွင့်လွှတ်ချမ်းသာကို ရရှိခံစား၍ ပြန်လည်မိတ်သဟာယဖွဲ့စေရန်ဖြစ်သည်—ဘုရားသခင်၏ မဟာမေတ္တာတော်၏ သက်သာခြင်းတန်ခိုးကို ကျွန်တော်တို့၏ ဝိညာဉ်ထဲသို့ စိမ့်ဝင်စေပြီး ကျန်းမာစေလိုသည်။

အရှင်ယေရှုဘုရားသည် ဇာတ်ကားရှိ လောကစူပါဟီးရိုးတစ်ပါး မဟုတ်ပေ။

အရှင်ယေရှုဘုရားသည် စစ်မှန်သော ကယ်တင်ရှင်မြတ် ဖြစ်သည်။

အရှင်ယေရှုဘုရားထံ ချဉ်းကပ်လျှင်၊ ကျန်းမာပကတိအခွင့်ရရှိခြင်း၊ စိတ်သက်သာခြင်း၊ ဩတ္တပ္ပစိတ်စင်ကြယ်စေခြင်း၊ ထာဝစဉ်မျှော်လင့်ခြင်းနှင့် ဂုဏ်သိက္ခာပြန်လည်ရရှိခြင်းတည်းဟူသော ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ရရှိခံစားရသည်။

မိတ်ဆွေ၊ ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်ပြီး အရှင်ယေရှုဘုရား၏ ခွင့်လွှတ်ချမ်းသာကို ခံယူလိုက်ပါ။ အရှင်ယေရှုဘုရားသည် မိမိသူငယ်ချင်းများ၏ အပြစ်များကိုလည်း ခွင့်လွှတ်နိုင်သည်ဟု တကယ်ယုံကြည်ပါသလား။ တကယ်ယုံကြည်ပါက၊ မိမိမိတ်ဆွေထံ ဧဝံဂေလိတရားကို ဝေငှသင့်ပြီ မဟုတ်ပါလား။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Who Is Jesus?

အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။

More

ဤအစီအစဥ်အတွက် Alpha နှင့် Alpha Youth Series ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://alpha.org/youth