အရှင်ယေရှုဘုရားက ဘယ်သူလဲနမူနာ
မိတ်ဆွေသည် မှောင်မိုက်ခြင်းကို ကြောက်ပါသလား။
ညကြီးမှာ အလင်းမထွန်းလျှင် အိပ်မပျော်နိုင်ဘူးလား။
အကယ်၍၊ အလင်းရှိလျှင် ဘေးကင်လုံးခြုံခြင်းကို ရရှိခံစားစေသည်။
မှောင်မိုက်ခြင်းသည် ကျွန်တော်တို့ကို ကြောက်ရွံ့စေပြီး မိမိစိတ်ချမ်းသာခြင်းကို ပယ်ရှားစေသည်။
မှောက်မိုက်ကို ကြောက်ရွံ့သောအခါ၊ အလင်းကို ပိုမိုစွဲလမ်းလျက် ပိုမိုအလေးထားစေသည်။
အလင်းသည် မိမိပတ်ဝန်းကျင်ကို လင်းစေသည်။ အလင်းသည် မိမိလမ်းခရီးကို လင်းစေတတ်သည်။ အလင်းသည် မိမိချစ်သောအရာများကို ပိုမိုမြတ်နိုးစေဖို့ ကူညီစေသည်။ မိမိခန္ဓာ၊ စိတ်၊ ဝိညာဉ် (၃) ပါးတို့ကို ကျန်းမာစေဖို့ အလင်းကို လိုအပ်သည်။
သမ္မာကျမ်းစာတွင် ဉာဏ်ပညာနှင့် သန့်ရှင်းခြင်းပါရမီအတွက် အလင်းရောင်ကို သင်္ကေတအဖြစ် မကြာခဏ အသုံးပြုလေ့ ရှိသည်။ မှောင်မိုက်၌ သွားလာခြင်းသည် ဘုရားသခင်၏ သမ္မာတရားကို ပယ်ရှားလျက် ဘုရားသခင်၏ စကားတော်ကို နားမထောင်ချင်သဘော ရှိသလို၊ အလင်း၌ သွားလာခြင်းသည် အရှင်ယေရှုဘုရားနောက်သို့ လိုက်လျက် သူ၏စကားတော်ကို နားထောင်ချင်သောသဘော ဖြစ်သည်။ အလင်း၌ သားလာစေဖို့ရန် အရှင်ယေရှုဘုရား၏ ကူညီမစတော်မူခြင်းကို လိုအပ်ကြသည်။
ငါသည် ဤလောက၏ အလင်းဖြစ်၏ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။
အရှင်ယေရှုဘုရား၏ ဓမ္မအလင်းတော်အားဖြင့် ဘုရားသခင်၏ မျက်နှာတော်မြတ်ကို လင်းစေသလို မိမိလမ်းခရီးကိုလည်း လင်းစတော်မူသည်။
အရှင်ယေရှုဘုရားသည် ဤလောက၏ အလင်းကို ဖြစ်စေသလို မိတ်ဆွေတို့လည်း ဖြစ်ကြသည်။ (မ၊ ၅း၁၄) တွင်၊ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။
အရှင်ယေရှုဘုရားသည် သားတော်အနေနှင့် ဓမ္မအလင်းကို လင်းစေလျက် ကျွန်တော်တို့သည်လည်း ၎င်းဓမ္မအလင်းကို ရောင်ပြန်ဟပ်ကြသည်။
မိတ်ဆွေ၏ အိမ်၊ ကျောင်းနှင့် အသိုင်းအဝိုင်းတွင် အရှင်ယေရှုဘုရား၏ ဓမ္မအလင်းတော်နှင့် မေတ္တာတော်ကို ရောင်ပြန်ဟပ်သောအခါ၊ လောကီမှောင်မိုက်ခြင်းကို ပယ်ရှားလျက် ယေရှုနာမတော်၌ရှိ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတော်တို့ကို သယ်ဆောင်စေသည်။ လောကီသားများသည် အရှင်ယေရှုဘုရား၏ ဓမ္မအလင်းတော်ကို ခံယူ၍ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု မျှော်လင့်စွာ နေကြသည်။
ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့ မရှိ။
သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြပါ။
ဓမ္မအလင်း၏ ရည်ရွယ်ချက်မှာ အမှောင်ထုကို တွန်းလှန်ရန် ဖြစ်သည်။
မိတ်ဆွေ၊ မိမိအိမ် (သို့) ကျောင်း၌ မိမိကာယကံ၊ ဝစီကံနှင့် မနောကံအားဖြင့် ဘုရားသခင်၏ ဓမ္မအလင်းတော်ကို ဘယ်လိုထွန်းလင်းနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။
More