အရှင်ယေရှုဘုရားက ဘယ်သူလဲနမူနာ
အပြစ်သားများ၏ အဆွေ အရှင်ယေရှုဘုရား
တစ်စုံတစ်ယောက်နှင့် တွဲစားလျှင် ထိုသူတို့နှင့် သူငယ်ချင်းဖြစ်ကြောင်း ပြသပါသည် မဟုတ်ပါလား။
ဤအမှုသည် အရှင်ယေရှုဘုရားခေတ်ကာလတွင်လည်း ရှိခဲ့ပါသည်။
ထိုခေတ်ရှိ ဘာသာရေးခေါင်းဆောင်များတည်းဟူသော ဖာရိရှဲများက၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသလဲဟု ဆိုကြသည်။ အကယ်၍၊ အတူတကွ သုံးဆောင်ခြင်းသည် မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ အရှင်ယေရှုဘုရားသည် ဘုရားသခင်နှင့် ဝေးလှသောအပြစ်သားတို့နှင့်အတူ စားသောက်လျက် မိတ်သဟာယဖွဲ့စေခြင်းငှာ အလိုရှိခဲ့သည်။
ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်တို့အား ဆိုကြ၏ (မာ၊ ၂း၁၆)။
ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏ (မာ၊ ၂း၁၇)။
ထို့ကြောင့်၊ အရှင်ယေရှုဘုရားသည် ဆိုးသောသူနှင့်အတူ စားသောက်အလေ့ ရှိတော်မူ၍၊ သူ၏သတင်းသည် တစ်ပြည်လုံး၌ နှံ့ပြားကျော်စောလေသည်။
ဘုရားသခင်၏ နိုင်ငံတော်ကို ပါတီတစ်ခုအဖြစ် စိတ်ကူးကြည့်မည်ဆိုလျှင်၊ ဖာရိရှဲများသည် သရေရှိသောသူများ၊ သူတော်စင်များနှင့် ဘုရားတရား၌ မွေ့လျာ်သောသူများသာကို ဖိတ်ခေါ်လိုကြသည်။
သို့သော်၊ အရှင်ယေရှုဘုရားသည် လူများအားလုံးကို ဖတ်ခေါ်တော်မူသည်။ မိမိပြစ်ဘယ်လောက်ပဲ ဆိုးရွာသည်ဖြစ်ပါစေ၊ အရှင်ယေရှုဘုရားနှင့်အတူ မိတ်သဟာယဖွဲ့လျက် ဘုရားသခင်၏နိုင်ငံတော်ထံသို့ ဝင်စားစေခြင်းငှာ ဖတ်ကြားခံရကြသည်။ ကိုယ်တော်၏ အပြစ်သားများအဖို့ စားပွဲတော်ကို ခင်းတော်မူပြီ။
ဖာရိရှဲများသည် သန့်ရှင်းခြင်း၊ ကိုယ်အကျင့်တရားနှင့် ပညာတော်လိုက်နာခြင်းဖြင့်သာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရရှိသည်ဟု ထင်ကြခဲ့သည်။ ထို့ကြောင့်၊ ဖာရိရှဲများသည် ၎င်းအမှုကို တွေ့မြင်သောအခါ ဒေါသမီးကို ထွက်ခဲ့သည်။ သို့သော်၊ အရှင်ယေရှုဘုရားသည် စစ်မှန်သော မိတ်သဟာယဖွဲ့နည်းကို သိကျွမ်းသောသူတစ်ပါး ဖြစ်သည်။
အခြားနည်းပြောရလျှင်၊ အရှင်ယေရှုဘုရားကို မယုံခင်မှာ မိမိအကျင့်နှင့် စိတ်သဘောကို ပြောင်းလဲစေလိုက်ပါလို့ မဟုတ်ဘဲ အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံပြီးမှ ကိုယ်တော်၏ မဟာမေတ္တာတော်ကို ထောက်၍ မိမိအကျင့်နှင့် စိတ်သဘောကို စတင်ပြောင်းလဲပါလိမ့်မည်။ ထို့ကြောင့်၊ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ အကျင့်စာရိတ္တနှင့် စတင်တော်မမူ။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်၏ မဟာမေတ္တာတော်သည် ကျွန်တော်တို့၏ စိတ်သဘောနှင့် ကျွန်တော်တို့၏ အသက်တာကို ပြောင်းလဲစေမည်ကို သိရှိခြင်းဖြင့် ဘုရားသခင်၏ မဟာမေတ္တာတော်ဖြင့် စတင်တော်မူသည်။
ဘုရားသခင်သည် မိမိသားတော်ကို ယုံကြည်လက်ခံရန် ကျွန်တော်တို့အား ဖိတ်ခေါ်တော်မူသည်။ ဘုရားသခင်၏ နိုင်ငံတော်ထံသို့ ဖိတ်ခေါ်တော်မူခြင်းသည် ကျွန်တော်တို့၏ ကုသိုလ်ကောင်းမှုအပေါ် မမူတည်ဘဲ ကိုယ်တော်၏ မဟာကုသိုလ်တော်နှင့် ကျေးဇူးတော်မြတ်အပေါ်သာ မူတည်သည်။
အရှင်ယေရှုဘုရား၏ စားပွဲတော်သည် လူသားအားလုံးကို ကယ်ချွတ်နိုင်သော ကျေးဇူးတော်ကို ဖော်ပြခဲ့သည်။
မိတ်ဆွေ၏ စားပွဲကော ဘာကိုဖော်ပြနေပါသလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။
More