YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆားနှင့် အလင့်နမူနာ

Salt And Light

5 ၏ နေ့ 5

အသင်းတော်သည် လောက၏ ဆားဟု ဖော်ပြသောအခါ ကျွန်တော်တို့၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အရှင်ယေရှုဘုရား အဘယ်အရာနားလည်စေလိုသလဲ။

ကျွန်တော်တို့၏ ကာယကံ၊ ဝစီကံနှင့် မနောကံအားဖြင့် ခရစ်တော်၏ ဓမ္မအလင်းကို ကောင်းစွာ ထွန်းလင်းနေပါသလား။ ကျွန်တော်တို့သည် တစ်ဦးချင်းနှင့် အသင်းတော်အနေနှင့် ဧဝံဂေလိတရားကို သစ္စာရှိရှိ တိရောက်စွာ ဟောပြောစေရန် ဘယ်လိုလုပ်နိုင်မလဲ။

ဆားဖြစ်ခြင်းဆိုသည်မှာ စစ်ဘေးသင့်နိုင်ငံများရှိသူများအတွက် ဆုတောင်းပတ္ထနာပြုခြင်းဟု ဆိုနိုင်သည်။ အလင်းဖြစ်ခြင်းဆိုသည်မှာ ဆင်းရဲသားတို့အား စွန့်ကြဲပြုခြင်းလည်း ဆိုနိုင်သည်။ အသင်းတော်သည် အရှင်ယေရှုဘုရားကဲ့သို့ တရားသဖြင့် ပြုခြင်းငှာ ကြံပြီး ကောက်သောအရာကို ဖြောင့်စေလျက် အပြစ်သားတို့နှင့် စွန့်ပစ်ခံသူတို့ကို ချစ်ရမည်။

ဓမ္မပညာရှင် သင်းအုပ်ဆရာကြီး တင်မ်ကဲလ်လား (Tim Keller) ၏ “ကျေးဇူးနှင့်ကြွယ်ဝသော တရားမျှတမှု” စာအုပ်တွင်၊ တရားမျှတခြင်းအကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသောအခါ၊ ပြိုပျက်သွားသော မင်္ဂလာအထည်ကို ပြုပြင်ရန်၊ လူသားများ ရှင်သန်ကြီးထွားနိုင်သည့် ခိုင်ခံ့သောအသိုင်းအဝိုင်းကို ဖန်တီး၍ နေထိုင်စေရန် ဆိုလိုသည်။ ဆင်းရဲသား၏ လိုအပ်ချက်များကို အာရုံစိုက်သည့်အခါ၊ ၎င်းအမှုတို့ကို ဖြစ်ပေါ်လာလိမ့်မည်ဟု ပြောဆိုခဲ့သည်။

အရှင်ယေရှုဘုရားသည် ဖန်ဆင်းခြင်းအားလုံးကို ရွေးနှုတ်လျက် ပြုစုစောင့်ရှောက်ခြင်းတည်းဟူသော ဘုရားသခင်၏ သာသနာတော်ကို ပါဝင်စေခြင်းငှာ အသင်းတော်အား ခေါ်တော်မူပြီး။ ဆားနှင့် အလင်းဖြစ်နည်း ဓမ္မစာပေကို ဒေါင်းလုဒ်ဆွဲ၍ ရယူပါ...ကျွန်တော်ဘယ်လိုပါဝင်နိုင်မလဲ။ ဘုရားသခင်၏ သာသနာတော်ကို ပါဝင်ခြင်း။

နေ့ 4

ဤအစီအစဉ်အကြောင်း

Salt And Light

အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။

More

ဤအစီအစဥ်အတွက် Tearfund ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.tearfund.org/yv