YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆားနှင့် အလင့်နမူနာ

Salt And Light

5 ၏ နေ့ 4

အသင်းတော်သည် ဆားနှင့် အလင်း ဖြစ်သောအခါ သူတစ်ပါးကို ပြောင်းလဲစေတတ်သည်။ ၎င်းသမ္မာတရားသည် ယူဂန်ဒါနိုင်ငံရှိ အသက် (၆၄) နှစ်အရွယ် အဘွား ဒေါ်အဲလစ်ဇဘက် (Elizabeth) ၏ အသက်တာမှာ ထင်ရှားလှသည်။ လွန်ခဲ့သည့် (၈) နှစ်ခန့်၊ သူမ၏ အသင်းတော်သည် Tearfund ခရစ်ယာန်ပရဟိတနှင့် လက်တွဲပြီး ၎င်းအဖွဲ့၏ အခြေခံအကြံအစည်းများကို စတင်အသုံးပြုသောကြောင့် မိမိအရင်းအမြစ်များအားဖြင့် မိမိအသိုင်းဝိုင်းရှိသူများကို ထိရောက်စွာ ကူညီထောက်ပံ့ပေးခဲ့သည်။

သူမ၏ အသင်းတော်အဖို့ ဘုရားသခင်၏ အလိုတော်မြတ်ကို ပြန်လည်အောက်မေ့သတိရစေခဲ့သည်။ ဤအမှုကို ပြုစဉ်တွင်၊ နှုတ်ကပတ်တော်တရားကို စေ့စေ့ ကြည့်ရှုလေ့လာသောကြောင့် ကျွန်မ၏ အသင်းတော် နှိုးထတိုးပွာစေဖို့ ကူညီပေးသည်ဟု ဒေါ်အဲလစ်ဇဘက် သက်သေခံခဲ့သည်။

သူတို့၏ အသင်းတော်သည် ဘာမှမရှိဘူးလို့ မတွေဘဲ မိမိအသုံးပြုနိုင်သည့် အရင်းအမြစ်များ ရှိသည်ဆိုတာ သိသွားခဲ့ပါသည်။ အသင်းသူအသင်းသားများသည် အတူတကွ လုပ်ဆောင်လျက် မိမိသိုင်းဝိုင်းရှိ အကြီးမားဆုံး ပြဿနာများကို ကူညီမစဖို့ စေတနာစိတ်ရှိရှိ ကြိုးစားအားတုတ်ကြသည်။

ယခင်က၊ ယူဂန်ဒါနိုင်ငံ၌ ရေငတ်ခြင်းဘေး ရှိခဲ့သည်။ လူများသည် ချက်ပြုတ်ဖို့ရန်၊ သန့်ရှင်းဖို့ရန်နှင့် ရေသောက်ဖို့ရန်အတွက် နေ့စဉ် (၃) မိုင်ခန့် လမ်းလျှောက်သွားရသည်။ ထို့ကြောင့်၊ အသင်းတော်သည် မိမိရွာဇနပုဒ်၌ ရေတွင်များကို စတင်တူးစေခဲ့သည်။

ကလေးမီးဖွားစဉ် အမျိုးသမီးအများအပြား သေဆုံးခဲ့သည်။ အနီးဆုံး သားဖွားဆေးခန်းသည် (၈) မိုင်လောက် ဝေးသောကြောင့် မိခင်တစ်ဦးသည် ရုတ်တရက် မီးဖွားလာလျှင် အကူအညီရဖို့ နည်းလမ်းမရှိခဲ့ဘူး။ ၎င်းပြဿနာကို ထောက်လျက် အသင်းတော်သည် မိမိရွာဇနပုဒ်၌ ဝမ်းဆွဲဆရာမ (၁၀) ဦးကို ရှိစေဖို့ သင်ပေး၍ ခန့်ထားခဲ့သည်။

ဒေါ်အဲလစ်ဇဘက်၏ ရွာသည် အရမ်းပြောင်းလဲပြီ။ ယခုအခါ၊ ရွာသူရွာသားများသည် ပိုမိုကောင်းသော နေအိမ်များကို ဆောက်ရန် အုပ်ခဲများကို စတင်အသုံးပြုနေသလို၊ စီးပွားရေး၊ ငါးဖမ်းရေး၊ တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေးတို့ကိုလည်း အလွန်တိုးထက်နေသည်။ အသင်းတော်သည် အရှင်ယေရှုဘုရား၏ မေတ္တာတော်ကို ပြသ၍၊ စေတနာစိတ်ရှိရှိ ကောင်းသောအကျင့်ကို ကျင့်လျက် ကြိုးစားအားထုတ်သောကြောင့် မိမိအသိုင်းအဝိုင်းသည် အလွန်အံ့ဩဖွယ် ပြောင်းလဲမှုကို ရရှိခံစားကြသည်။


နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Salt And Light

အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။

More

ဤအစီအစဥ်အတွက် Tearfund ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.tearfund.org/yv