ဆားနှင့် အလင့်နမူနာ
ရှေ့ခေတ်တုန်းမှာ ဆားသည် မရှိမဖြစ်လိုအပ်သောအရာပင် ဖြစ်ခဲ့သည်။ ဆား၏ သတ္တုဓာတ်သည် သဘာဝပိုးသတ်ဆေးဖြစ်သောကြောင့် ဒဏ်ရာများကို သန့်စင်စေတတ်သည်။ ဆားကိုလည်း အစားအစာကို ထိန်းသိမ်းစေသလို၊ အရသာကို ပိုမိုကောင်းအောင် ဖြစ်စေတတ်သည်။
သမ္မာကျမ်းစာတွင်၊ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်းဟု အရှင်ယေရှုဘုရားသည် မိမိတပည့်တော်များအား မိန့်တော်မူခဲ့သည်။ သမ္မာကျမ်းစာခေတ်ရှိ အသုံးပြုခဲ့သော ဆားကို ပင်လယ်သေကမ်းရိုးတန်းမှ တူးဖော်ရရှိမည် ဆား ဖြစ်သည်။ သို့ရာတွင်၊ ၎င်းကမ်းတွင် အခြားသဘောဝသတ္တုဓာတ်များနှင့် ရောသော အဖြူရောင်မှုန့်လည်း ရှိပြီး ဆားစစ်စစ်နှင့်တူသော်လည်း ၎င်းမှုန့်သည် ဆား၏ အရည်အသွေး မရှိပေ။ အချိန်အတန်ကြာပြီးနောက်၊ ဆားအစစ်သည် အရည်ပျော်သွားလျက် ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှ မသုံးဝင်သော မှုန့်အကြွင်းအကျန်ကို ချန်ထားခဲ့သည်။
ဆားမူကား၊ အငန်ကင်းပျောက်လျှင် အချည်းနီးသက်သက် ဖြစ်သွားပြီ။ သူတစ်ပါးကို ကောင်းကြီးပေးလျက် အကျိုးသက်ရောက်မှု ရှိစေခြင်းငှာ ငန်သောအရသာကို ရှိစေလော့ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ၎င်းမှုကို ပြုစေရန် ပညတ်တော်တို့ကို စောင့်လျက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရစေမည်။
အသင်းတော်သည် မိမိပတ်ဝန်းကျင်ကို ပိုမိုကောင်းစေသလို၊ အရာရာ၌ အရသာကို ပိုမိုကောင်းစေပြီး အကောင်းအားဖြင့် အဆိုးကို နိုင်စေရန် တာဝန်ဝတ္တရား ရှိသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။
More