ဆားနှင့် အလင့်နမူနာ
ယေရှုအသက်ရှင်တုန်းမှာ၊ မီးခွက်များက အိမ်တိုင်းအတွက် အလွန်ရေးကြီးသည်။ မီးခွက်များသည် အိမ်၏ မှောင်မိုက်ကို လင်းစေသည်။ ထိုနည်းတူစွာ၊ ကျွန်တော်တို့သည် ဤလောက၏ အလင်း ဖြစ်ကြသည်။
မိတ်ဆွေသည် အလင်းကင်းသော လောကကြီးတွင် နေထိုင်လျှင် မိမိဘဝ၏ ခြားနားမှုအကြောင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။
၎င်းမှောင်မိုက်လောကကြီးတွင် လုံခြုံမှုမရှိဘဲ သူတစ်ပါးကို မမြင်နိုင်လျက် အသွားအလာ အလွန်တရာ ခက်ခဲလိမ့်မည်။ အလင်းကင်းသော လောကကြီးသည် ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်၊ မှောင်မိုက်ခြင်းသည် အသက်အန္တရာယ်နှင့် အဓမ္မမှုကို ဖုံးလွှမ်းစေသည်။
တောင်ထိပ်၌ တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် လူတို့၏ အလင်း ဖြစ်သည်။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
အရှင်ယေရှုဘုရားသည် ဤလောက၏ အလင်း ဖြစ်သည်။ ကျွန်တော်တို့၏ ဧဝံဂေလိတရားဟောပြောခြင်းနှင့် အကျင့်ကျင့်ခြင်းအားဖြင့် သူတစ်ပါးကို အရှင်ယေရှုဘုရားထံ လမ်းညွှန်ပေးသည်။ သူတစ်ပါးသည် ယေရှုကို သိစေဖို့ မကြိုးစားကြလျှင်၊ ထိုသူတို့သည် မှောင်မိုက်၌ သွားလာလျက် အသက်၏ အလင်းကို မရဘဲ နေကြသည်။
မှောင်မိုက်သည် အလင်းကို မလွှမ်းမိုးနိုင်ဘူး။ သို့သော်၊ အလင်းသည် မှောင်မိုက်ကို လွှမ်းမိုးနိုင်သည်။ ချစ်သနားခြင်းမေတ္တာကရုဏာစိတ်အားဖြင့် မိမိတို့အလင်းကို လင်းစေကြပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။
More