ဆားနှင့် အလင့်နမူနာ
အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဆားနှင့် အလင်း ဖြစ်သည်ဟု မိန်တော်မူခဲ့သည်။ ဆားနှင့် အလင်းသည် လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ ဖြစ်သည်။ ဆားနှင့် အလင်း မရှိလျှင် ဤကမ္ဘာကြီးကို ဘယ်လိုဖြစ်မလဲဆိုတာ ဆင်ခြင်နိုင်ပါသလား။
အဆိုတော်နှင့် တေးရေးဆရာ ဦးရစ်ချတ်မာလင်းစ် (Rich Mullins) က၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် မသီဆိုနိုင်သော သီချင်းနှင့် တူသည်ဟု ဆိုခဲ့ဖူးသည်။
အရှင်ယေရှုဘုရားက ဒေသန္တရအသင်းတော်ကို မိမိ၏ အသိုင်းအဝိုင်းအဖို့ အကျွတ်တရားလမ်း ဖော်ပြစေခြင်းငှာ အလွန်ရေးကြီးသော တာဝန်ဝတ္တရားကို ပေးတော်မူပြီ။ ၎င်းခေါ်တော်မူခြင်းကို ကောင်းစွာ လိုက်နာစေဖို့ ကျွန်တော်တို့၏ သန့်ရှင်းခြင်းပါရမီကို ထိန်းသိမ်းလျက် ထင်ရှားစေရမည်ဖြစ်သည်။
ဆရာဘရိုင်ယန်ဖစ်ကဒ့် (Brian Fikkert) ၏ “မိမိအဖို့ စေတနာ၊ သူတစ်ပါးအဖို့ ဝေဒနာ” စာအုပ်တွင်၊ ဒေသန္တရအသင်းတော်ဖြင့် ဧဝံဂေလိတရားကို မဝေငှလျှင် လူသား၏ ပြောင်းလဲမှုကို မရှိနိုင်ဘူးဟု ပြောဆိုခဲ့သည်။
ဤကျမ်းပိုဒ်သည် မိမိခံခဲ့သော ခေါ်တော်မူခြင်း၏ အရေးကြီးမှုကို ဖော်ပြစေသည်။ အသင်းတော်၏ ရည်ရွယ်ချက်မှာ စစ်မှန်သော အသက်တာအတွက် မရှိမဖြစ်လိုအပ်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို မျှဝေရန်ဖြစ်သည်ဟု အရှင်ယေရှုဘုရားက ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။
ဤသင်္ခါရလောက အလွန်ဆိုးရွားလာပြီး တစ်နေ့ပြီးတစ်နေ့ ပိုမိုမှောင်မိုက်လာစဉ်တွင်၊ မိမိအလင်းကို ဘယ်လိုလင်းစေမလဲ။ မိမိငန်သောအရသာကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် အသင်းတော်ကို ဤလောက၏ ဆားနှင့် အလင်းကို ဖြစ်စေခြင်းငှာ ခေါ်တော်မူပြီ။ ပြည့်စုံသောအသက်တာရှိစေဖို့ ဆားနှင့် အလင်းတို့ကို လိုအပ်သည်။ ဤအစီစဉ်တွင်၊ မိမိ၏ ခရစ်ယာန်အသက်တာ၌ ဆားနှင့် အလင်းအဖြစ် အကျင့်ကျင့်ခြင်းနှင့်ပတ်သက်ပြီးအကြောင့်ကို လေ့လာကြလိမ့်မည်။
More