YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၂၁) ရက်တာ အစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 12

အစားအစာသည် အများသောသူတို့အတွက် နှစ်သိမ့်မှု၏ မူလရင်းမြစ်ဖြစ်သည်။ အစာရှောင်နေစဉ်အတွင်း မစားရတော့သည့်အစားအစာတစ်စုံတစ်ခုကို စားလိုစိတ်ပြင်းပြခြင်း၊ ကိုယ်ခန္ဓာအလေးချိန်မည်မျှလျော့ကျသွားနိုင်သည်ကို စဉ်းစားနေခြင်းစသည့် အတွေများနှင့် မည်မျှအလွှမ်းမိုးခံခဲ့ရသည်ကို ဆင်ခြင်ပါ။ ထိုသို့ မကြာခဏတွေးမိပါသလား။ အရက်သေစာ သို့မဟုတ် ဥပဒ်ပေးသောဆေးဝါးများကို စားသုံးလိုစိတ်ပြင်းပြနေသည်ဆိုလျှင် ထိုအရာတို့ကို သင်စွဲနေပြီဟု မှတ်ယူရမည်မဟုတ်သလား။ ဤအစာရှောင်ခြင်းအားဖြင့် မိမိတို့အသက်တာတွင် စားသုံးနေသောအစားအစာထဲမှာ ဥပဒ်ဖြစ်စေသောအရာလည်းရှိကြောင်း အများသောသူတို့က အသိတရားရနိုင်ပါသည်။ တစ်စုံတစ်ခုကို မိမိစွဲနေကြောင်းကိုလည်း ဖော်ပြပေးနိုင်သည်။ ကရုဏာနှင့် နှစ်သိမ့်မှုအပေါင်း၏အရှင် ဘုရားသခင်ကို မိမိနှစ်သိမ့်မှု၏အဓိကရင်းမြစ်ဖြစ်လာစေရန် ဆုတောင်းပါ။ နာကျင်ခံစားရသောဤအတွေ့အကြုံကို အသုံးပြု၍ သင့်ကိုနှစ်သိမ့်မှုပေးသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်၏နေရာကို ယူထားသောအရာမှန်သမျှကို ဖယ်ရှားနိုင်ရန် ကိုယ်တော်ထံ တောင်းခံပါ။

ကျမ်းစာများ

နေ့ 11နေ့ 13

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.