(၂၁) ရက်တာ အစာရှောင်ခြင်းနမူနာ
သင်သည် ရွေးကောက်ခံရသူ၊ သန့်ရှင်းသူ၊ သီးသန့်ဖယ်ထားခြင်းခံရသူ၊ တော်ဝင်ယဇ်ပုရောဟိတ်ဖြစ်ပြီး ဘုရားသခင်၏သားသမီးဖြစ်သည်။ ယခုအချိန်တွင် သင်သည် ကျောက်ဆူးကို လိုအပ်နေပါလိမ့်မည်။ သခင်ခရစ်တော်ကို ယနေ့ သင်၏ထိပ်ဆုံးထောင့်ချုပ်ကျောက်အဖြစ် ချထားပါ။ ကိုယ်တော်သည် သင့်ကို အမှောင်မှအလင်းသို့ မည်သို့ဆောင်ယူတော်မူခဲ့သည့်ကို ချရေးပါ။ ဘုရားသခင်သည် သားတော်ကို အုတ်မြစ်အဖြစ်ချထားလျက် သားတော်နှင့်အတူ သင့်အထဲ၌ စတင်လုပ်ဆောင်ခဲ့သည့် အလုပ်အတွက် ကျေးဇူးတော်ကို ချီးမွမ်းလျက် ဤနေ့ကို ဆုတောင်းခြင်းဖြင့်ကုန်လွန်စေပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.