YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၂၁) ရက်တာ အစာရှောင်ခြင်းနမူနာ

21 Day Fast

21 ၏ နေ့ 17

သမ္မာကျမ်းစာရှိ အဖြစ်အပျက်များစွာအနက် ဤအဖြစ်အပျက်မှာ အံ့ဩတုန်လှုပ်ဖွယ်အကောင်းဆုံးဖြစ်သည်။ ထိုလူငယ်သုံးယောက်ရင်ဆိုင်ရသည့်အခြေအနေကို သင်ဧကန်အမှန်နားလည်နိုင်ပါလိမ့်မည်။ ၎င်းမှာ အဖြစ်မှန်များက သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အခြေအနေဖြစ်သည်။ အဖြစ်မှန်မှာ သူတို့သည် အမိန့်ဥပဒေကို ချိုးဖောက်ခဲ့သည်။ ပြစ်ဒဏ်ကား သေဒဏ်ဖြစ်သည်။ နေဗုဒ်ခနေဇာမင်းကြီးကလည်း ကမ္ဘာတွင် တန်ခိုးကြီးဆုံးဖြစ်သည်။ သူတို့ကိုပြစ်ချရန် မီးဖိုသည် အနီးရှိအစောင့်ကိုပင် သေစေလောက်အောင် ပူလောင်နေသည်။ သူတို့ကို မီးထဲပစ်ချရန် အခြားအစောင့်များစွာရှိသေးသည်။ သူတို့အတွက် ရွေးချယ်စရာမှာ ဦးချမည်လော သို့မဟုတ် မီးအလောင်ခံမည်လော ဟူသည့်အရာတစ်ခုခုသာဖြစ်သည်။ ပြီးပြတ်ပြီ။ သို့သော် သမ္မာတရားက ထိုအဖြစ်မှန်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုလူငယ်သုံးယောက်က သမ္မာတရားဘက်၌ ရပ်တည်ခဲ့သည်။ သမ္မာတရားမှာ ဘုရားသခင်သည် သူတို့ကို ကယ်လွှတ်မည်လော သို့တည်းမဟုတ် အမှုတော်မြတ်၌ လိုလိုလားလား မိမိတို့အသက်စွန့်မည်လော ဟူသည့်အရာတစ်ခုခုပင်ဖြစ်သည်။ သမ္မာတရားမှာ ဘုရားသခင်၏သားတော်သည် မီးလျှံများထဲ၌ သူတို့နှင့်အတူလျှောက်ခဲ့ခြင်းဖြစ်၏။ ဘုရားသခင်၏သမ္မာတရားနှင့် ဆန့်ကျင်နေသော မည်သည့်အဖြစ်မှန်များနှင့် သင်ရင်ဆိုင်နေရပါသနည်း။ ယနေ့ဆုတောင်းသောအခါ အဖြစ်မှန်များကို ဘုရားသခင်ထံ ဖွင့်ဟပါ၊ ဘုရားသခင်သည် သင်နှင့်အတူ မီးထဲ၌ ရှိနေသည်ဟု ရဲရဲဝံ့ဝံ့ယုံကြည်လိုက်ပါ။

ကျမ်းစာများ

နေ့ 16နေ့ 18

ဤအစီအစဉ်အကြောင်း

21 Day Fast

အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.