(၂၁) ရက်တာ အစာရှောင်ခြင်းနမူနာ
ဤကျမ်းပိုဒ်တွင် လက်တွေ့လုပ်ဆောင်မှုပါသော ယုံကြည်ခြင်းရှိသူတစ်ဦးဖြစ်ရန် ခိုင်မာသောခံယူချက်ကိုဖြစ်စေသောစိန်ခေါ်မှုများအကြောင်းကို ဖော်ပြထားပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်ရုံသာမဟုတ်ဘဲ နှုတ်ကပတ်တော်လာသည့်အတိုင်း လုပ်ဆောင်ပါ။ အစာရှောင်ခြင်းအချိန်၏ဒုတိယအပိုင်းကို သင်စတင်နေပါပြီ။ သင်အစာရှောင်ရာတွင် နှုတ်ကပတ်တော်ကို ကြားနာခြင်းမျှသာဖြစ်သလား၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်းရှိသလား မည်သို့သောအသွင်ဆောင်သည်ကို ဆင်ခြင်စဉ်းစားပါ။ ဤအစာရှောင်ခြင်းအချိန်၏ဒုတိယပိုင်းတွင် ဘုရားသခင်သည် သင့်ကို မည်သည့်အရာသို့ မျက်နှာပြုစေလိုသည်ကို သိရှိနိုင်ရန် ဘုရားသခင်ထံ ဉာဏ်ပညာကို တောင်းခံပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
More
We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.