YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 1

1
1ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍၊ အ​ခါ​ယ​ပြည် အ​ရပ်​ရပ်​တို့၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- 2သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း
3သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- 4ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။- 5အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။- 6သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။- 7သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။
8ညီ​အစ်​ကို​တို့၊ အာ​ရှိ​ပြည်၌​ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​တည်း​ဟူ​သော အ​သက်​မ​လွတ်​နိုင်​ဟု ထင်​ရ၍၊ မ​ခံ​နိုင်​အောင် အ​တိုင်း​ထက် အ​လွန်​လေး​သော ဆင်း​ရဲ​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​တို့ အ​လို​မ​ရှိ။- 9ငါ​တို့​သည် မိ​မိ​ကိုယ်​ကို အ​စဉ်​မ​ကိုး​စား​ဘဲ၊ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​အ​ကြောင်း သေ​စေ​ဟု​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​သ​ကဲ့​သို့ ဖြစ်၏။- 10ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။- 11သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
ပေါ​လု​အ​စီ​အ​စဉ်​ပြောင်း​ခြင်း
12ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။- 13-14သင်​တို့​သည်​ဖတ်၍ ဝန်​ခံ​သော​အ​ရာ​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ရာ​ကို ငါ​တို့​သည် ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်၏​နေ့၌ ငါ​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဖြစ်​သည်​ဟု သင်​တို့​သည် ငါ​တို့​ကို အ​နည်း​ငယ်​အား​ဖြင့် ဝန်​ခံ​သည်​အ​တိုင်း အ​စဉ်​ဝန်​ခံ​ကြ​လိမ့်​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။
15အ​စဉ်​ဝန်​ခံ​မည်​ဟု ငါ​သ​ဘော​ကျ​လျက်​ရှိ၍၊ သင်​တို့​သည်​တစ်​ဖန် ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​စေ​ခြင်း​ငှာ ငါ​သည် သင်​တို့​ဆီ​သို့ အ​ရင်​လာ​မည်​ဟု အ​ကြံ​ရှိ၏။- 16သင်​တို့​အ​နား​မှာ​လျှောက်၍ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​လျှင်၊ တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့ နေ​ရာ​သို့​လာ၍၊ ယု​ဒ​ပြည်​တိုင်​အောင် သင်​တို့​ပို့​ခြင်း​ကျေး​ဇူး​ကို ခံ​မည်​ဟု​အ​ကြံ​ရှိ၏။- 17ထို​သို့​အ​ကြံ​ရှိ​သော​အ​ခါ လျှပ်​ပေါ်​သော စိတ်​ရှိ​သ​လော။ သို့​မ​ဟုတ် ငါ့​စ​ကား​မှာ ဟုတ်​မှန်၏၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန်၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကြံ​စည်​သော​အ​ရာ​ကို ဇာ​တိ​ပ​က​တိ​အ​တိုင်း ကြံ​စည်​သ​လော။- 18ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဆီ​သို့ ငါ​တို့​ပေး​လိုက်​သော စ​ကား​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ မ​ဆို​လို။- 19ငါ​မှ​စ၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် သင်​တို့​အား​ဟော​ပြော​သော ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း မ​ဆို​လို​ဘဲ၊ ကိုယ်​တော်​မှာ ဟုတ်​မှန်၏ ဟူ၍​သာ​ဆို​လို​သ​တည်း။- 20ထို​သ​ခင်​မှာ ဘု​ရား​သ​ခင်၏ က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ငါ​တို့​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​အ​လို​ငှာ၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ အာ​မင်​ဟူ၍ လည်း​ကောင်း​ဖြစ်​သ​တည်း။- 21သင်​တို့​နှင့် ငါ​တို့​ကို ခ​ရစ်​တော်၌​တည်​စေ၍ ဘိ​သိက်​ပေး​သော သူ​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​သ​တည်း။- 22ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်၍ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို သွင်း​ပေး​တော်​မူ၏။
23ငါ​သည် သင်​တို့​ကို သ​နား​သော​ကြောင့်​သာ ယ​ခု​တိုင်​အောင် ကော​ရိ​န္သု​မြို့​သို့​မ​လာ​ဟု ငါ့​စိတ်​ဝိ​ညာဉ်​ဘက်၌ ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၏။- 24ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ