YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်နမူနာ

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

5 ၏ နေ့ 3

တိုင်းနိုင်ငံတို့ကိုအောင်မြင်သူ၊ လူမျိုးတော်၏ခိုလှုံရာ၊ ဘုရားသခင်

ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ ကျသည် (ဆာ၊ ၄၆း၂)။ ရှမ်းရိုးမနှင့် ဧဝရတ်တောင်တို့သည် တုန်လှုပ်နိုင်သော်လည်း ယုံကြည်ခြင်းသည် အခိုင်မာဆုံးသော ကျောက်ဆောင်ကြီးပေါ်တွင် တည်ရှိနေသောကြောင့် မွှေနှောက်နေသော သမုဒ္ဒရာရေများဖြင့် ရွေ့လျားမည် မဟုတ်ပါ။ အဓမ္မမှုသည် ချဉ်ဖောက်တတ်သည်၊ ဒေါသမီးသည် လောင်လျက် ထွက်တတ်သည်၊ မာန်မာနသည် ပေါက်တတ်သည်။ သို့သော်၊ သန့်ရှင်းသော ယုံကြည်ခြင်း၏ ရဲရင့်သည့်နှလုံးမူကား မတုန်လှုပ်နိုင်ရ။ ကြီးမြတ်သောပုဂ္ဂိုလ်များသည် တောင်များနှင့်တူသကဲ့သို့ ကြီးစွာသော ဘေးဆိုးကြီးတွင် ကြောက်ရွံ့တုန်လှုပ်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ကိုးစားသောသူများသည် စိတ်ပျက်စရာ မလိုပေ။ စေလာ (Selah)။ ၎င်းသည် မစဉ်းစားဘဲလျက် တိရစ္ဆာန်ကဲ့သို့ ပြုစုသည့် ကြမ်းတမ်းသတ္တိ မဟုတ်ပါ။ ကျွန်တော်တို့သည် အန္တရာယ်ကို စိတ်တည်ကြည်စွာ ရင်ဆိုင်နိုင်ပြီး ကြောက်မက်ဖွယ်ရာများကို စေ့စေ့အာရုံစိုက်နိုင်လျက် ၎င်းအန္တရာယ်၏ အစိတ်အပိုင်းများနှင့် စည်းလုံးညီညွတ်သော အစုများကို သိ၍ပိုင်းခြားနိုင်သည်။ ဤစေလာ (ခေတ္တခဏရပ်ခြင်း) သည် စိတ်ပျက်ခြင်း၏ အာမေဍိတ်တစ်ခု မဟုတ်ဘဲ၊ ဂီတတွင် အနားယူခြင်းပင် ဖြစ်ပြီး၊ ကျွန်တော်တို့၏ ချီးမွမ်းသီချင်းကို ထိတ်လန့်စွာ မရပ်ဆိုင်းဘဲ မုန်တိုင်း၏ အသံဗလံများကြားတွင် ကျွန်ုတော်တို့၏ စောင်းများကို စူးစူးစိုက်စိုက် ကြိုးညှိပြန်သည်။ ကျွန်တော်တို့အားလုံးသည် ခပ်သိမ်းသော စုံစမ်းနှောင့်ယှက်ခြင်းများတွင် စေလာဟု မြွတ်ဆိုနိုင်လျှင် အလွန်ကောင်းမည်။ သို့သော်၊ ကျွန်တော်တို့သည် လျင်မြန်၍ စကားပြောပြီး၊ ကြိုးများကြားတွင် တုန်လှုပ်နေသော လက်များကို တင်ကာလျက်၊ မိမိစောင်းကို ရိုင်းစိုင်းကြမ်းတမ်းစွာ ရိုက်သဖြင့် ကျွန်တော်တို့ ဘဝသီချင်း တေးသံကို မှားစေလေ့ ရှိသည်။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

မျိုးဆက်ပေါင်းများစွာအတွက်၊ ဆာလံကျမ်းသည် ကျွန်တော်တို့အဖို့ ဘုရားသခင်ကို သစ္စာရှိစွာ ချစ်နည်းကို ဖော်ပြစေသလို၊ ကျွန်တော်တို့၏ ဆန္ဒများကို ဖော်ပြစေလျက်၊ ခွန်အားနှင့် မျှော်လင့်ခြင်းကို ပေးပြီး၊ ကိုယ်တော်၏ ခွန်အားလိုအပ်ခြင်းနှင့် ကိုယ်တော်၏ နိုင်ငံတော် ပေါ်ထွန်းလာဖို့ တသခြင်းကို ထုတ်ဖော်ပြသစေသည်။ ဆာလံကျမ်းသည် မိမိဝိညာဉ်အဖို့ ပွဲတော်ကြီးတစ်ခုဖြစ်သည်ဟု ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (Charles Spurgeon) ပြောဆိုခဲ့သည်။ စပါးဂျန်းနှင့် ဆာလံကျမ်း (Spurgeon and the Psalms) စာအုပ်မှ ပြင်ဆင်ခဲ့သော ဤ (၅) ရက်တာအစီအစဉ်မှာ ရွေးချယ်ထားသော ဆာလံသီချင်းများ၏ ပွဲတော်တွင် ကျက်စားလျက်၊ တရားဟောဆရာမင်းသားကြီး၏ ဆည်းကပ်သောဉာဏ်ပညာကို ရယူကြပါစို့။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://thomasnelsonbibles.com/spurgeon?utm_source=youversion&utm_medium=reading-plan&utm_campaign=feasting-on-psalms