YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်နမူနာ

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

5 ၏ နေ့ 1

လူမျိုးတော်၏သိုးထိန်းတော်မြတ်၊ သခင်ဘုရား

အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ (ဆာ၊ ၂၃း၄)။ မုန်တိုင်းသည် တောင်ပေါ်မှ ဖြတ်သွားသော်လည်း ချိုင့်သည် တိတ်ဆိတ်ငြိမ်းအေးသော နေရာဖြစ်သောကြောင့်၊ ခရစ်ယာန်များ၏ နောက်ဆုံးသောနေ့ရက်များသည် သူတို့၏အသက်တာတွင် အအေးချမ်းဆုံးအချိန် ဖြစ်သည်။ တောင်သည် လှပသောရူပမရှိ၊ လွတ်လပ်လဟာဖြစ်သည်။ သို့သော်၊ ချိုင့်သည် ရွှေကောက်လှိုင်းများဖြင့် အလွန်ကြွယ်ဝပြီး သန့်ရှင်းသူအများအပြားသည် သူတို့အသက်ရှင်စဉ်ထက် သေလွန်သောအခါ ရွှင်လန်းခြင်းနှင့် အသိပညာများ ပိုမိုရရှိခံစားလာကြမည်။ ထိုကြောင့်၊ ၎င်းချိုင့်သည် သေမင်း၏ချိုင့်မဟုတ်ဘဲ သေမင်းအရိပ်ချိုင့်သာ ဖြစ်သည်။ အကြောင်းမှာ၊ သေမင်း၏တန်ခိုးကို ပယ်ရှားပြီး အရိပ်သာလျှင် ကျန်ရစ်သည်။ သေမင်းသည် ကျွန်တော်တို့သွားရမည့် လမ်းဘေးတွင် ရပ်နေလျက်၊ ထွန်းလင်းတောက်ပသော ကောင်းကင်ဘုံ၏ အလင်းရောင်သည် ကျွန်တော်တို့လမ်းတစ်လျှောက် အရိပ်တစ်ခု သက်ရောက်စေသောကြောင့် ဝမ်းသာဝမ်းမြောက်ကြပါစို့။ အရိပ်ကို ကြောက်သောသူတစ်ယောက်မျှမရှိပါ။ အရိပ်တစ်ခုသည် လူ၏လမ်းခရီးကို ခေတ္တခဏပင် မတားဆီးနိုင်ပေ။ ခွေးအရိပ်သည် မကိုက်နိုင်၊ ဓားအရိပ်သည် မသတ်နိုင်၊ သေမင်းအရိပ်သည်လည်း ကျွန်တော်တို့ကို မဖျက်ဆီးနိုင်ချေ။ ထို့ကြောင့်၊ မကြောက်ပါစေနှင့်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

မျိုးဆက်ပေါင်းများစွာအတွက်၊ ဆာလံကျမ်းသည် ကျွန်တော်တို့အဖို့ ဘုရားသခင်ကို သစ္စာရှိစွာ ချစ်နည်းကို ဖော်ပြစေသလို၊ ကျွန်တော်တို့၏ ဆန္ဒများကို ဖော်ပြစေလျက်၊ ခွန်အားနှင့် မျှော်လင့်ခြင်းကို ပေးပြီး၊ ကိုယ်တော်၏ ခွန်အားလိုအပ်ခြင်းနှင့် ကိုယ်တော်၏ နိုင်ငံတော် ပေါ်ထွန်းလာဖို့ တသခြင်းကို ထုတ်ဖော်ပြသစေသည်။ ဆာလံကျမ်းသည် မိမိဝိညာဉ်အဖို့ ပွဲတော်ကြီးတစ်ခုဖြစ်သည်ဟု ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (Charles Spurgeon) ပြောဆိုခဲ့သည်။ စပါးဂျန်းနှင့် ဆာလံကျမ်း (Spurgeon and the Psalms) စာအုပ်မှ ပြင်ဆင်ခဲ့သော ဤ (၅) ရက်တာအစီအစဉ်မှာ ရွေးချယ်ထားသော ဆာလံသီချင်းများ၏ ပွဲတော်တွင် ကျက်စားလျက်၊ တရားဟောဆရာမင်းသားကြီး၏ ဆည်းကပ်သောဉာဏ်ပညာကို ရယူကြပါစို့။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://thomasnelsonbibles.com/spurgeon?utm_source=youversion&utm_medium=reading-plan&utm_campaign=feasting-on-psalms