YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်နမူနာ

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

5 ၏ နေ့ 5

လူသတ္တဝါအကြောင်းကို အကြွင်းမဲ့သိတော်မူသော ဘုရားသခင်

ကိုယ်တော်ကို ချီးမွမ်းပါမည် (ဆာ၊ ၁၁၉း၁၄)။ ဘုရားသခင်ကို ချီးမွမ်းသောသူတို့သည် ကိုယ်တော်ကို အမှန်ချီးမွမ်းကြလိမ့်မည်။ ကိုယ်တော်ကို ချီးမြှောက်လိုသူများသည် မိမိလက်ထဲတွင် ချီးမွမ်းတန်ဆာများကို ကိုင်လျက် အသင့်ရှိနေသည်။ ကျွန်တော်တို့ကိုယ်ခန္ဓာပေါ်ရှိ အလွန်ကျွမ်းကျွင်သော ဖန်ဆင်းခြင်း၊ စေ့စပ်စွာ ပြုပြင်တော်မူခြင်းနှင့် ကရုဏာတော်အလုံးစုံကို မကြာခဏ မေ့လျော့သော်လည်း ဣသရေလ၏ ချိုမြိန်သော သီချင်းဆိုသောသူသည် သာ၍သိကျွမ်းလှပေသည်။ ထို့ကြောင့်၊ ထိုသီချင်းဆိုသောသူသည် မိမိဂီတမှူးအဖို့၊ ကျွန်တော်တို့၏ ကိုယ်ခန္ဓာနှင့် မထင်ရှားသောအရပ်၌ ပြုပြင်ခြင်းအားလုံးအကြောင်း သီချင်းတစ်ပုဒ်ကို ပြင်ဆင်နေပါသည်။ ကျွန်တော်တို့ကို ဖန်ဆင်းခံကောင်းကြီးမင်္ဂလာကို ရရှိခံစားသောကြောင့်၊ ကျွန်တော်တို့၏ ဖန်ဆင်းရှင်ကို အများအပြား ချီးမွမ်ကြပါစို့။ အကယ်၍၊ ဘုရားသခင်၏ မဟာနာမကို ချီးမွမ်းစေခြင်းငှာ ကျွန်တော်တို့ကို ဖန်ဆင်းပြုပြင်တော်မူသည်။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည် (ဆာ၊ ၁၁၉း၁၄)။ ကျွန်တော်တို့၏ ခန္ဓာဗေဒပုံစံကို ကြည့်ရှုစဉ်တွင် အံ့သြလျက် ချီးမွမ်းသောစိတ်မရှိဘဲ ဘယ်သူနေနိုင်ပါမည်နည်း။ လူ့ကိုယ်ခန္ဓာကို ခွဲစိတ်ပြီး အစိတ်အပိုင်းတစ်ခု၏ နူးညံ့သိမ်မွေ့မှုအားဖြင့် အံ့ဩလျက် တုန်လှုပ်ခြင်းမရှိဘဲ ဘယ်သူနေနိုင်ပါမည်နည်း။ ဤဆာလံသီချင်းစပ်သောသူသည် အာရုံကြောများ၊ ကြွက်သားများနှင့် သွေးကြောများကို ဖုံအုပ်သော ကုလားကာအတွင်း သဘာဝအလွန် ချောင်းကြည့်ခွင့် ရရှိခဲ့သည်။ သူသည် ခန္ဓာဗေဒပညာကို မသိကျွမ်းသော်လည်း ဖန်ဆင်းရှင်နှင့် သူ၏ လက်ရာတော်များကို ချီးမွမ်းချင်သောစိတ် ထစေဖို့ လုံလောက်စွာ တွေ့မြင်ကြည့်ရှုခဲ့ရသည်။

ဤအစီအစဥ်ကို Thomas Nelson Bibles မှ ဝတ်ပြုကိုးကွယ်အစီစဉ်အသစ်ဖြစ်သော စပါးဂျန်းနှင့် ဆာလံကျမ်း (Spurgeon and the Psalms) စာအုပ်မှ ပြုပြင်ပြောင်းလဲထားပါသည်။ ဤဆာလံကျမ်း၏ အထူးထုတ်ဝေမှုအကြောင်း ပိုမိုသိလိုပါက၊ ဤနေရာတွင် လေ့လာပါ။

ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

Feasting on the Psalms: A Five-Day Devotional Featuring Insights From Charles Spurgeon

မျိုးဆက်ပေါင်းများစွာအတွက်၊ ဆာလံကျမ်းသည် ကျွန်တော်တို့အဖို့ ဘုရားသခင်ကို သစ္စာရှိစွာ ချစ်နည်းကို ဖော်ပြစေသလို၊ ကျွန်တော်တို့၏ ဆန္ဒများကို ဖော်ပြစေလျက်၊ ခွန်အားနှင့် မျှော်လင့်ခြင်းကို ပေးပြီး၊ ကိုယ်တော်၏ ခွန်အားလိုအပ်ခြင်းနှင့် ကိုယ်တော်၏ နိုင်ငံတော် ပေါ်ထွန်းလာဖို့ တသခြင်းကို ထုတ်ဖော်ပြသစေသည်။ ဆာလံကျမ်းသည် မိမိဝိညာဉ်အဖို့ ပွဲတော်ကြီးတစ်ခုဖြစ်သည်ဟု ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (Charles Spurgeon) ပြောဆိုခဲ့သည်။ စပါးဂျန်းနှင့် ဆာလံကျမ်း (Spurgeon and the Psalms) စာအုပ်မှ ပြင်ဆင်ခဲ့သော ဤ (၅) ရက်တာအစီအစဉ်မှာ ရွေးချယ်ထားသော ဆာလံသီချင်းများ၏ ပွဲတော်တွင် ကျက်စားလျက်၊ တရားဟောဆရာမင်းသားကြီး၏ ဆည်းကပ်သောဉာဏ်ပညာကို ရယူကြပါစို့။

More

ဤအစီအစဥ်အတွက် HarperCollins/Zondervan/Thomas Nelson ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရူ့ပါ။ https://thomasnelsonbibles.com/spurgeon?utm_source=youversion&utm_medium=reading-plan&utm_campaign=feasting-on-psalms