ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်နမူနာ
ဘုရားသခင်ထံတော်၌ တည်နေပါ
ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေပြီး ဘုရားသခင်နှင့် ဝေးလှသူများသည် မရဘဲ၊ ကြွယ်ဝသော ကျေးဇူးတော်အားဖြင့် ဘုရားသခင်နှင့် စဉ်ဆက်မပြတ် ထူးဆန်းသော မိတ်သဟာယဖွဲ့လျက် ခရစ်တော်၌ တည်၍ ခရစ်တော်သည်လည်း သူတို့၌ တည်သူများအား ရှားပါးလှသော အထူးအကျိုးခံစားခွင့်များကို ရရှိခံစားကြသည်။ ယေရှုခရစ်တော်၌ရှိ ဘုရားသခင်၏ မဟာမေတ္တာတော်ကို သိသောသူများသာ ကွယ်ကာရာအရပ်သို့ ရောက်ရှိလာကြလျက်၊ ထိုနေရာ၌ နေထိုင်သောသူတို့အဖို့ အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်သည်။ သူတို့အတွက် ကုလားကာသည် စုတ်ပြဲပြီး၊ ကရုဏာပလ္လင်တော်ကို ပေါ်ထွန်းသလို၊ ခေရုဗိမ်များနှင့် ထင်ရှားပေါ်လွင်ပြီး အမြင့်ဆုံးသောထာဝရဘုရားရှင်၏ ကြောက်မက်ဖွယ် ဘုန်းအနုဘော်ကို ထင်ရှားစေသည်။ သူတို့သည် ရှိမောင်ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ရှိ၍ အန္နကဲ့သို့ ဗိမာန်တော်မှ ထွက်လျက် မဟာဘုရင်ကြီး၏ စေတမန်များဖြစ်သလို၊ ရှောလမုန်၏ အိပ်ရာပတ်လည်၌ သတိရှိရှိ စောင့်ကြပ်နေသောသူများဖြစ်ပြီး၊ သွားလေရာရာ၌ သိုးသငယ်နောက်သို့ လိုက်သော ဖြူစင်သော ဝိညာဉ်များလည်း ဖြစ်ကြသည်။ ရွေးကောက်သူများတွင် ရွေးကောက်သောသူဖြစ်ကြပြီး၊ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျက် သခင်ဘုရားနှင့်အတူ သွားလာကြလိမ့်မည်။ မီးမိုးတိမ်တိုင်၏ ထူးခြားနက်နဲသော အလင်းရောင်ကို ထွန်းလင်းစေသည့် ကျက်သရေအခန်း၌ နေထိုင်သူတို့သည် အတူတကွ ထမြောက်၍ ကောင်းကင်အရပ်၌ ခရစ်တော်နှင့်အတူ ထိုင်လျက်၊ သူတို့၏ စကားပြောဆိုသံသည် ကောင်းကင်ဘုံ၌ ဧကန်အမှန် ကြားရကြသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မျိုးဆက်ပေါင်းများစွာအတွက်၊ ဆာလံကျမ်းသည် ကျွန်တော်တို့အဖို့ ဘုရားသခင်ကို သစ္စာရှိစွာ ချစ်နည်းကို ဖော်ပြစေသလို၊ ကျွန်တော်တို့၏ ဆန္ဒများကို ဖော်ပြစေလျက်၊ ခွန်အားနှင့် မျှော်လင့်ခြင်းကို ပေးပြီး၊ ကိုယ်တော်၏ ခွန်အားလိုအပ်ခြင်းနှင့် ကိုယ်တော်၏ နိုင်ငံတော် ပေါ်ထွန်းလာဖို့ တသခြင်းကို ထုတ်ဖော်ပြသစေသည်။ ဆာလံကျမ်းသည် မိမိဝိညာဉ်အဖို့ ပွဲတော်ကြီးတစ်ခုဖြစ်သည်ဟု ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (Charles Spurgeon) ပြောဆိုခဲ့သည်။ စပါးဂျန်းနှင့် ဆာလံကျမ်း (Spurgeon and the Psalms) စာအုပ်မှ ပြင်ဆင်ခဲ့သော ဤ (၅) ရက်တာအစီအစဉ်မှာ ရွေးချယ်ထားသော ဆာလံသီချင်းများ၏ ပွဲတော်တွင် ကျက်စားလျက်၊ တရားဟောဆရာမင်းသားကြီး၏ ဆည်းကပ်သောဉာဏ်ပညာကို ရယူကြပါစို့။
More