YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 46:1-11

ဆာလံ 46:1-11 JBMLE

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။ ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။ သ​မု​ဒ္ဒ​ရာ​ရေ​သည် ဟုန်း​ဟုန်း​မြည်၍ မွှေ​နှောက်​ပါ​လေ​စေ။ လှိုင်း​တံ​ပိုး​ထ​သ​ဖြင့်၊ တောင်​များ​တုန်​လှုပ်​ပါ​လေ​စေ။ မြစ်​တစ်​မြစ်​ရှိ​သေး၏။ ထို​မြစ်​ရေ​သည်​စီး၍ ဘု​ရား​သ​ခင်၏ မြို့​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ သန့်​ရှင်း​သော​မြို့​တော်​ကို ရွှင်​လန်း​စေ​တတ်၏။ ထို​မြို့​သည် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဖြစ်၍ တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။ မိုး​သောက်​လင်း​စ၌ ဘု​ရား​သ​ခင် ကူ​မ​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တို့​သည် ဟုန်း​ဟုန်း​မြည်​ကြ၏။ တိုင်း​နိုင်​ငံ​တို့​သည် လှုပ်​ရှား​ကြ၏။ ဗျာ​ဒိတ်​သံ​ကို လွှတ်​တော်​မူ၍ မြေ​ကြီး​သည် အ​ရည်​ဖြစ်​လေ၏။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ပြု​ပြင်၍ မြေ​ကြီး​ပေါ်​မှာ သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​တော်​များ​ကို လာ၍​ကြည့်​ရှု​ကြ​လော့။ လေး​ကို​ချိုး​လျက်၊ လှံ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လျက်၊ ရ​ထား​ကို​မီး​ရှို့​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် စစ်​မှု​ကို ငြိမ်း​စေ​တော်​မူ၏။ ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။