YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ နမူနာ

Wisdom From Old Testament Stories

5 ၏ နေ့ 4

နာသန်၏ ဆုံးမခြင်းနှင့် ဒါဝိဒ်၏ နောင်တ

(၂ရာ၊ ၁၁) တွင်၊ ဘုရင်ဒါဝိဒ်၏ ဇာတ်တော်သည် အလွန်ဆိုးသော အဓမ္မအမှုနှင့် ပြည့်ဝလှသည်။ ဤဇာတ်တော်ဖတ်စဉ်တွင်၊ ကျွန်တော်တို့သည် အမှုကြီးကို ကြိုတင်မြော်မြင်၍၊ ဒါဝိဒ်၊ သူမကို ကိလေသာစိတ်နှင့် မကြည့်ရှုပါစေနှင့်။ သူမသည် အိမ်ထောင်သည်ဖြစ်ပြီး၊ အစဉ်အတိုင်းသွား၍ အမှုနှင့် တွေ့ပါလိမ့်မည်တကားဟု ပြောချင်သောစိတ် ပေါ်လာပါသည် မဟုတ်ပါလား။ သို့သော်၊ ကျွန်တော်တို့သည် ဤဇာတ်တော်ကို ဖတ်ရှုလျက် လူတစ်ဦးသည် မိမိဇာတိပကတိကို ဦးစားပေးခဲ့သောကြောင့် သူတစ်ပါး၏ အသက်တာများစွာ ပျက်စီးသွားသည်ကို မြင်နိုင်သည်။ ဒါဝိဒ်သည် သမ္မာသတိရှိပြီး အချိန်မှန်နေရာမှန်တွင် ရှိနေပါက ဗာသရှေဘနှင့် မပြစ်မှားဘဲလျက် နေလိမ့်မည်။

ကျွန်တော်တို့သည် အလွန်ဆိုးသော အပြစ်တရာရွှံ့ထဲက နစ်မွန်းနေသောအခါ၊ ကျွန်တော်တို့သည် အလွန်နစ်မွန်းခဲ့သောကြောင့် အပြစ်သို့ ရောက်နေပြီဟု အသိအမှတ်ပြုရန် ခက်ခဲလှသည်။ ကျွန်တော်တို့၏ ဝိညာဉ်ရန်သူတည်းဟူသော မာရ်နတ်သည် ကျွန်တော်တို့ကို ၎င်းပြစ်တရာရွှံ့ထဲ၌ နေစေချင်သည်။ အဘယ်ကြောင့်ဆိုသော်၊ မာရ်နတ်သည် မုသား၏ အဘ ဖြစ်ပြီး ယုံကြည်သူများ၏ ဝိညာဉ်ရေးကို ပျက်စီးလိုသည်။ ထိုကြောင့်၊ မိမိအသက်တာမှာ ဘုရားချစ်သော ဓမ္မမိတ်ဆွေများကို လိုအပ်သည်။

ရှင်ဘုရင်ဒါဝိဒ်၏ အသက်တာမှာ နာသန်အမည်ရှိသော ဘုရားကိုချစ်သည့် ဓမ္မမိတ်ဆွေတစ်ဦး ရှိခဲ့သည်။ နာသန်သည် ပရောဖက်တစ်ဦး ဖြစ်ပြီး ဒါဝိဒ်ထံ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောခဲ့သည်။ ဗာသရှေဘနှင့်ပတ်သက်သည့် အခြေအနေကို သူမြင်ပြီး ဒါဝိဒ်သည် သတိလျစ်၍ အပြစ်ဒုစရိုက်ကို ပြုမိခဲ့သည်ဟု အသိအမှတ်ပြုခဲ့သည်။ နာသန်သည် ဒါဝိဒ်၏ ဓမ္မအာရုံကို ဖမ်းစေခြင်းငှာ သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦး၏ ဇာတ်လမ်းကို ပြောဆိုခဲ့သည် (၂ရာ၊ ၁၂း၂-၄)။ နာသန်သည် ပြောပြစဉ်တွင် ဒါဝိဒ်၏ အမျက်ဒေါသကို ထွက်လျက် ထိုသူဌေး၏ အပြစ်ကို စီရင်စေချင်ခဲ့သည်။ ထိုခဏတွင်၊ နာသန်က၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါသည်ဟု ပြန်ကြားခဲ့သည်။ နာသန်သည် ဆုံမစကားကို ဆက်လက်ပြောဆိုသောအခါ၊ ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍...(၂ရာ၊ ၁၂း၁၃)။

ဤအကျည်းတန်ဇာတ်လမ်းရှိ လှပသည့်အစိတ်အပိုင်းတစ်ခုမှာ နာသန်၏ ဆုံးမခြင်းကို ဒါဝိဒ်မှ ခုခံတွန်းလှန်ခြင်းမရှိခြင်း ဖြစ်သည်။ ဒါဝိဒ်သည် ဆင်ခြေမပြဘဲ မိမိပြစ်မှားသောအပြစ် ကြီးလှသည်ဟု ဝန်ခံခဲ့သည်။ နာသန်သည် ဒါဝိဒ်၏ အပြစ်ကို ပြသောကြောင့်၊ ဒါဝိဒ်သည် မိမိအပြစ်ကို မြင်ပြီး ဘုရားသခင့်ရှေ့တော်၌ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ခဲ့သည်။

ကျွန်တော်တို့အားလုံးသည် မဖြစ်သင့်သောအခြေအနေများကို ရောက်သွားတတ်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့သည် သမ္မာသတိမရှိဘဲ ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ၌ ပျင်းရိလာပြီး မရောက်သင့်သောလမ်းသို့ ရောက်နိုင်သည်။ သို့မဟုတ်၊ ကျွန်တော်တို့သည် သခင်ဘုရား၌ မွေ့လျော်ခြင်းမရှိဘဲ အပြစ်တရား၌ မွေ့လျော်တတ်ကြသည်။ အပြစ်တရားသို့ မည်သို့နည်းလမ်းဖြင့် ရောက်သည်ဖြစ်စေ၊ လူအားလုံးသည် မထင်ထားသော အပြစ်ဒုစရိုက်များကို လွန်ကျူးမိတတ်သည်။ အပြစ်တရား၌ မကျင်လည်စေဖို့ အလွန်တရာ ရေးကြီးပါသည်။ အပြစ်ဒုစရိုက်ကို ရှောင်းဖို့ အကောင်းဆုံးသောနည်းလမ်းကား မိမိ၏ အသက်တာမှာ သစ္စာရှိသော ဓမ္မမိတ်ဆွေများထားရှိခြင်း ဖြစ်သည်။

ကျွန်တော်တို့၏ ပြစ်မှားခြင်းကို ပြလျက် ဆုံးမရဲသော ဓမ္မမိတ်ဆွေများ။

ကျွန်တော်တို့သည် မှန်ကန်သောလမ်းများကို ရွေးချယ်ဖို့ ကူညီမစမည့် ဓမ္မမိတ်ဆွေများ။

ကျွန်တော်အဖို့နှင့် ကျွန်တော်နှင့်အတူ ဆုတောင်းပေးသော ဓမ္မမိတ်ဆွေများ။

ကျွန်တော်နှင့် အမြဲသဘောမတူညီသော ဓမ္မမိတ်ဆွေများ။

ကျွန်တော်တို့၏ အိမ်ထောင်ရေးနှင့် မိသာစုးရေးအတွက် ထောက်ပံ့အားပေးမည့် ဓမ္မမိတ်ဆွေများ။

ကျွန်တော်သည် အရှင်ယေရှုဘုရားကဲ့သို့ သာ၍ ဖြစ်လာစေဖို့ စိန်ခေါ်ရဲသော ဓမ္မမိတ်ဆွေများ။

ဤလောက၌ ဓမ္မမိတ်ဆွေများ ရှားပါးသောကြောင့် ကျွန်တော်တို့၏ အသက်တာများတွင် ဓမ္မမိတ်ဆွေများ လိုအပ်သည်။ မြေကြီးမျက်နှာပေါ်မှာ အဓမ္မလူများနှင့် ပြည့်ဝသောကြောင့် ခိုင်မာသောယုံကြည်ခြင်း ရှိပြီး နှုတ်ကပတ်တော်တရားနှင့်အညီ အသက်ရှင်လျက် ကောင်းသောအကျင့်ကို ကျင့်တတ်သော ဓမ္မမိတ်ဆွေများနှင့် မိတ်ဖွဲ့ဖြစ်ကြရမည်ဖြစ်သည်။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Wisdom From Old Testament Stories

ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်‌တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။