YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ နမူနာ

Wisdom From Old Testament Stories

5 ၏ နေ့ 2

ဗာရက်နှင့် ဒေဗောရ

ဓမ္မဟောင်းရှိ တရားသူကြီးကျမ်းစာသည် ဘုရားသခင် ရွေးချယ်ထားသော ဣသရေလလူမျိုးများအကြောင်း အံ့သြဖွယ် စစ်ပွဲဇာတ်တော်များနှင့် ပြည့်နှက်လှသည်။ သူတို့သည် ဘုရားသခင် ပေးတော်မူသောပြည်ကို သိမ်းပိုက်လိုက်သောအခါတွင် လိုအပ်သောတိုက်ပွဲများကို ရင်ဆိုင်ခဲ့ကြရသည်။ ယနေ့၊ ဣသရေလလူမျိုးကို ဦးဆောင်နေသော အမျိုးသမီးတစ်ဦးပါဝင်သည့် ထူးခြားသော တိုက်ပွဲတစ်ခုအကြောင်း လေ့လာပါလိမ့်မည်။

ဣသရေလူမျိုးသည် ဘုရားသခင်၏ ရွေးချယ်သောလူမျိုး ဖြစ်သော်လည်း အပြစ်သံသရာ၌ လည်လျက် မကျွတ်မလွတ်နိုင်ကြခဲ့ဘူး။ သူတို့သည် ဘုရားသခင်ကို စွန့်၍ ရုပ်တုများကို ကိုးကွယ်ကြပြီး၊ ထို့နောက် ညှဉ်းဆဲခြင်းကို ခံရလျက် ဘုရားသခင်ထံ အော်ဟစ်သောအခါ ဘုရားသခင်က သူတို့ကို ကယ်နုတ်ချမ်းသာကို ပေးတော်မူသည်။ ဘုရားသခင်သည် သူတို့ကို အန္တရာယ်မှ ကယ်နုတ်ချမ်းသာပြုတော်မူသောအခါ သူတို့သည် ဘုရားသခင်ကို ပြန်လည်စွန့်ကြသည်။ နှစ်တိုင်းလိုလို ဤအပြစ်သံသရာကို လည်လျက် နေကြခဲ့သည်။

(သူကြီး၊ ၄) တွင်၊ ခါနနိလူသားတို့သည် ဣသရေလအမျိုးသားတို့ကို အနှစ် (၂၀) ပတ်လုံး အလွန်ညှဉ်းဆဲသည်ဟု ဖော်ပြထားသည်။ ထိုကာလအခါ ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုးခဲ့သည်။ ဒေဗောရသည် လူကို စေလွှတ်၍၊ ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် လူ (၁၀၀၀၀) ကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဆင့်ဆိုခဲ့သည်။ ဗာရက်သည် ဤသို့ပြန်ပြောဆိုခဲ့သည်...

ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင်မူကား မသွားပါဟု လျှောက်သော်...(သူကြီး၊ ၄း၈)။

ဗာရက်နှင့် ဒေဗောရတို့၏ ဦးဆောင်ခြင်းဖြင့် ဣသရေလလူသားတို့သည် ခါနနိလူသားတို့ကို အောင်နိုင်ခဲ့သည်။ ဗာရက်နှင့် ဒေဗောရတို့သည် အစွန့်သတ္တိ၊ ဉာဏ်သတ္တိနှင့် ရဲရင့်သတ္တိတို့ကို ပြသခဲ့သည်။

ဤဇာတ်တော်ကို အဆုံးသတ်စေဖို့ ဓမ္မသစ်ရှိ ဟေဗြဲဩဝါဒစာကို ကြည့်ရှုကြပါစို့။ ယုံကြည်သူများသည် (ဟေဗြ၊ ၁၁) ကို ယုံကြည်သူရဲကောင်းများစရင်ဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။ နောဧ၊ မောရှေ၊ ရာခပ်စသည့် ဓမ္မဟောင်ရှိ ထင်ရှားသောပုဂ္ဂိုလ်များသည် အရာရာ၌ ခိုင်ခံ့သောယုံကြည်ခြင်းရှိခဲ့သောကြောင့် ၎င်းယုံကြည်ခြင်းသူရဲကောင်းစရင်၌ ပါဝင်ကြသည်။ (ဟေဗြဲ၊ ၁၁း၃၂) တွင်၊ အခြားစိတ်ဝင်စားဖို့ကောင်းသည့် သစ္စာရှင်များကို ဖော်ပြထားသည်။

ထိုမှတစ်ပါး၊ အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်... (ဟေဗြဲ၊ ၁၁း၃၂)။

၎င်းကျမ်းပိုဒ်တွင်၊ အံ့သြဖွယ်ကောင်းသော စစ်သည်များနှင့် ယုံကြည်သူအချို့တွေ့သလို၊ ဗာရက်ကိုလည်း ကျွန်တော်တို့တွေ့နိုင်သည်။ ဗာရက်သည် မိမိခေါင်းဆောင်ကြီးတည်းဟူသော အမျိုးသမီး ဒေဗောရကို မပါလျှင် အလွန်ကြောက်ရွံ့ပြီး စစ်မတိုက်ရဲသူ ဖြစ်ခဲ့သည်။ အကယ်၍၊ ဒေဗောရသည် စိတ်အားကြီးသောယုံကြည်သူတစ်ဦး ဖြစ်ခဲ့ပေမဲ့ (ဟေဗြဲ၊ ၁၁) တွင် မပါဝင်ခဲ့ဘူး။ ဤအကြောင်းအရာများအကြောင်းကို စဉ်းစားလိုက်ပါ။

ခေါင်းဆောင်များသည် ကြောက်ရွံ့တတ်သည်

ခေါင်းဆောင်များသည် ဘယ်တော့မှမကြောက်ဘဲ အရာရာ၌ တည်ကြည်ခိုင်ခံ့သော ယုံကြည်ခြင်းကို ရှိကြသည်ဟု လူတချို့ ယူဆကြသည်။ အကယ်စင်စစ်၊ ၎င်းသည် အမြဲတမ်းမမှန်ပါ။ ထာဝရဘုရားသည် ဗာရက်ကို စစ်တိုက်စေခြင်းငှာ အမိန့်ပေးခဲ့သော်လည်း ဗာရက်သည် ကြောက်ရွံ့ခဲ့သည်။ သူသည် အလွန်ကြောက်သောကြောင့် သူနှင့်အတူ သွားစေခြင်းငှာ ဒေဗောရကို တောင်းပန်ခဲ့သည်။ လူတစ်စုံတစ်ယောက်သည် ခေါင်းဆောင်ကြီး ဖြစ်ပေမဲ့ ကြောက်တတ်သောစိတ်သဘောကို ရှိတတ်သည်။ သို့သော်၊ စစ်တိုက်ခြင်းသည် မိမိယုံကြည်ခြင်းကို တိုးပွားစေပြီး အားနည်ခြင်းကနေ အားကြီးခြင်းအဖြစ်သို့ ပြောင်းလဲစေတတ်သည်။

သူတစ်ပါး၏ အောင်မြင်မှုနောက်ကွယ်မှာ မည်သူရှိသည်ဆိုတာ မသိနိင်ကြပေ

ခေါင်းဆောင်များသည် အလွန်တော်ပြီး သူတို့ပြုသောအမှုများကို အလွန်အံ့ဩဖို့ကောင်းသည်ဟု ထင်မှတ်လွယ်သည်။ သို့ရာတွင်၊ ကောင်းသောခေါင်းဆောင်များသည် တစ်ယောက်တည်းပဲ မလုပ်နိုင်ဘူးဟု ဝန်ခံပြောဆိုတတ်သည်။ ခေါင်းဆောင်သည် အရာရာ၌ အောင်မြင်စေဖို့ရန်အတွက် ကူညီပေးနေသည့် အဖွဲ့တစ်ဖွဲ့ အမြဲတမ်းရှိသည်။ ခဲယဉ်းသောကာလမှာ ခေါင်းဆောင်အနီးရှိ အဖွဲ့ဝင်များသည် မိမိခေါင်းဆောင်ကို ဘယ်လိုထောက်မခဲ့သည်ဆိုသည်ကို သူတပါးများ မသိကြချေ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Wisdom From Old Testament Stories

ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်‌တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။