YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ နမူနာ

Wisdom From Old Testament Stories

5 ၏ နေ့ 1

ဗာလမ်၏ မြည်း

ဓမ္မဟောင်းရှိ တောလည်းရာကျမ်းသည် ဣသရေလ (၁၂) မျိုးနွယ်နှင့် ၎င်းသူတို့၏ သန်းခေါင်စာရင်းများထက် ပိုမိုနက်နဲပါသည်။ (တော၊၂၂) တွင်၊ လူသားတစ်ဦးနှင့် သူ၏ မြည်းအကြောင်း ဇာတ်တော်ရှိသည်။ ဤဉာဏ်ပညာနှင့် ပြည့်စုံသော ဇာတ်တော်ကို ကြည့်ရှုကြကုန်အံ့။

ဣသရေလအမျိုးသားတို့သည် မောဘပြည်ထံ လာရောက်သောအခါ၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြသည်။ ထို့ကြောင့်၊ မောဘရှင်ဘုရင် ဗာလက်သည် ဗာလမ် အမည်ရှိသော ပရောဖက်ကို ခေါ်ပင့်ပြီး၊ ဘုရားသခင်ချစ်တော်မူသောလူမျိုးတော်တို့ကို ကျိန်ဆဲပါဟု မှာလိုက်ခဲ့သည်။ ဗာလမ်က၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ပြန်ပြောဆိုခဲ့သည်။

နောက်အခန်းငယ်တွင် ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်းချီးမင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူသည်။ ထို့ကြောင့်၊ ဗာလမ်သည် ဣသရေလလူမျိုးတို့ကို ကျိန်ဆဲခြင်းမပြုဘဲ နေမည်ဟု ရှင်ဘုရင်ထံ အကြောင်းကြားခဲ့သည်။ ရှင်ဘရင်ကြီးသည် စိတ်မကျေနပ်ဘဲလျက်၊ ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ ဤလူမျိုးကို ငါ့အဖို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြသည်။ သို့သော်၊ ဗာလမ်သည် ရှင်ဘုရင်ကြီးကို ဥပေက္ခပြုခဲ့သည်။ ထို့နောက်၊ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကို ခေါ်ခြင်းငှာလာလျှင်၊ သူတို့နှင့်အတူ ထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာ ပြုရမည်ဟု မိန့်တော်မူသည်။ နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်ခဲ့သည်။

ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော် ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှာ လမ်း၌ ရပ်ခဲ့သည်။ ထိုအခါ ဗာလမ်သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ ဗာလမ်အောက်၌ ဝပ်လျက် နေခဲ့သည်။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝှေးနှင့် မြည်းကို (၃) ကြိမ်မြောက် ရိုက်ခဲ့သည်။ ထိုအခါ ထာဝရဘုရားသည် မြည်း၏ နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက စတင်စကားပြောစေခဲ့သည်။

မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင်၏ အစီးကို အစဉ်ခံရသော သင်၏ မြည်းဖြစ်သည် မဟုတ်လော။ သင်၌ တစ်ခါမျှ ဤသို့ ငါပြုဖူးသလောဟု ဗာလမ်အား မေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏ (တော၊ ၂ဝး၃၃)။

ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပျပ်ဝပ်ခဲ့သည်။ ကျွန်တော်တို့သည် ဤမြည်းစကားပြောခြင်းဇာတ်တော်အကြောင်း သင်ယူနိုင်သည့် ဉာဏ်ပညာ ရှိပါသည်။

ဘုရားသခင်သည် မထင်ရှားသောသူများကို အသုံးပြုတော်မူသည်

အကယ််၍၊ ကျွန်တော်တို့သည် ဗလမ်အကြောင်းကို အများကြီး မသိကြပေ။ ကျွန်တော်တို့တစ်ခုတည်းသောသိသည့်အရာမှာ၊ ဗလာမ်သည် ဘုရားသခင်ကို သိကျွမ်းခဲ့သည် (တော၊ ၂၂း၈)။ ဗလာမ်သည် မိမိအမှုတော်ကို ဆောင်ရွက်စေဖို့ရန်အတွက် ၎င်းသိကျွမ်းခြင်းမှတစ်ပါး အခြားသောအရာများကို မလိုဘူး။ ဘုရားသခင်ပြင်ဆင်ပေးသည့် မိဘ၊ အိမ်ထောင်ဖက်၊ လုပ်ငန်းပိုင်ရှင် (သို့) ဆရာတို့အတွက် မိတ်ဆွေက သင့်လျော်သူ မဟုတ်ဟု ခံစားကောင်းခံစားနိုင်သည်။ သို့သော်၊ ဘုရားသခင်သည် မိတ်ဆွေကို တစ်ခုခုလုပ်စေရန်အတွက် ခေါ်တော်မူလျှင်၊ ဘုရားသခင်သည် မိတ်ဆွေအဖို့ လိုအပ်သည့် အရည်အချင်းများကိုလည်း ပေးတော်မူလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ စွမ်းသတ္တိထက် မိမိ၏ စေတနာစိတ်ကို ပိုမိုစိတ်ဝင်စားပါသည်။ ဘုရားသခင်သည် စေတနာကင်းသောသူများကို မသုံးပြုဘဲ စေတနာကောင်းသူများကိုသာ အသုံးပြုတော်မူသည်။

ဘုရားသခင်သည် မဖြစ်နိုင်သောအခြေအနေများကို အသုံးပြုတော်မူသည်

လူတစ်ဦး၏ အာရုံကို ဖမ်းစေခြင်းငှာ ဘုရားသခင်သည် မြည်းတစ်ကောင်ကို အသုံးပြုတော်မူခဲ့သည်။ ဘုရားသခင်သည် မြည်းကို အသုံးပြုသည်သာမက၊ ၎င်းမြည်း၏ နှုတ်ကို ဖွင့်တော်မူလျက် စကားပြောနိုင်စေခဲ့သည်။ ၎င်းအမှုသည် ဗလမ်၏ အသက်တာကို ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် မိတ်ဆွေနှင့် မိတ်ဆွေကြုံဖူးခဲ့သော အခြေနေများကို အသုံးပြုချင်ပါသည်။ ဘုရားသခင်သည် ကျွန်တော်၏ဘဝရှိ အခြနေများကို အသုံးပြုတော်မမူဟု မိတ်ဆွေ ထင်ကောင်းထင်နိုင်သည်။ သို့သော်၊ ဘုရားသခင်သည် တကယ်အသုံးပြုနိင်ပါသည်။ မိမိအသက်တာရှိ ကြုံဖူးသောအခြေနေမှန်သမျှကို ကိုယ်တော်မြတ်ထံ အပ်နှံလျက် ဘုရားသခင်၏ လှုပ်ရှားမှုကို မျှော်လင့်လျက် နေပါ။ ဘုရားသခင်သည် မိမိလူမျိုးတော်ကို ချမ်းသာပေးစေခြင်းငှာ မြည်းတစ်ကောင်ကို အသုံးပြုနိုင်လျှင် ဘုရားသခင်သည် မိတ်ဆွေကိုလည်း အသုံးပြုနိုင်ပါသည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Wisdom From Old Testament Stories

ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်‌တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။