YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မဟောင်းဇာတ်တော်များမှ ဉာဏ်ပညာ နမူနာ

Wisdom From Old Testament Stories

5 ၏ နေ့ 3

ဂိဒေါင်

ယနေ့၏ ဇာတ်တော်သည် တရားသူကြီးကျမ်းစာမှ လာသည်။ ကျွန်တော်တို့သည် အညတရလူတို့ကို အမြဲတမ်းအောင်မြင်စေချင်သည်။ ဂိဒေါင်သည် မိဒျန်လူသားတို့ကို စစ်တိုက်ရာတွင် အညတရဖြစ်သော်လည်း အနိုင်ရခဲ့သည်။

ဒုတိယနေ့တွင်၊ ဣသရေလအမျိုးသားတို့သည် အပြစ်သံသရာ၌ ကျင်လည်သောသူများ ဖြစ်ကြသည်ဟု လေ့လာခဲ့သည်။ ထိုကာလအခါ ဂိဒေါင်သည် ဣသရေလအမျိုးကို အုပ်စိုးပြီး မိဒျန်အမျိုးသည် ဣသရေလအမျိုးကို (၇) နှစ်ပတ်လုံး နိုင်၍ ညှဉ်းဆဲကြခဲ့သည်။ မိဒျန်အမျိုးသားများသည် ဣသရေလအမျိုးသားတို့ကို ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် ညှဉ်းဆဲသဖြင့် အစာငတ်လာကြသည်။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြစေခဲ့သည်။

ထာဝရဘုရားသည် ပရောဖက်တစ်ယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၍၊ ရုတ်တုဆင်းတုတို့ကို မကိုးကွယ်နှင့်ဟု ကျပ်တည်းစွာ ဆုံးမပေးခဲ့သည်။ ထို့နောက်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟု ဆိုခဲ့သည် (သူကြီး၊ ၆း၁၂)။ ဂိဒေါင်သည် အလွန်အံ့ဩလျက်၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် အကျွန်ုပ်တို့ကို စွန့်တော်မူသနည်းဟု မေးမြန်းခဲ့သည်။

ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်လိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ ဂိဒေါင်သည် ဘုရားသခင်ကို ကြိမ်ပေါင်းများသွာ မယုံဘဲနေခဲ့သည်။ သို့သော်၊ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်ကို ကယ်နုတ်တော်မူမည်ဟု မိန့်တော်မူသည်။ နောက်ဆုံးတွင်၊ ဂိဒေါင်သည် ဘုရားသခင် မိန့်တော်မူသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။

ဂိဒေါင်သည် စစ်သူရဲ (၂၂၀၀၀) ရှိခဲ့သည်။ သို့ရာတွင်၊ ထာဝရဘုရားကလည်း၊ သင်၌ပါသောလူတို့သည် အလွန်များသည်။ ထို့နောက်၊ မိဒျန်လူမျိုးထောင်ပေါင်းများစွာကို စစ်တိုက်ရန် လူ (၂၂၀၀၀) ကနေ လူ (၃၀၀) အဖြစ်သို့ လျော့ပါးသွားခဲ့သည်။ ဘုရားသခင်ကို အားကိုးခြင်းအားဖြင့် ဂိဒေါင်ဦးဆောင်သော ဣသရေလလူမျိုးတို့သည် အောင်မြင်ခဲ့ကြသည်။ ဤဇာတ်တော်မှ ကျွန်တော်တို့ သင်ယူနိုင်သော အရာများကား...

ကျွန်တော်တို့သည် ပြဿနာများကို ကြုံစေရမည်

သခင်ဘုရား၏ ကောင်းကင်တမန်သည် ဂိဒေါင်ထံ ပထမအကြိမ် ကြွလာသောအခါ၊ ဂိဒေါင်သည် ဘုရားသခင်ကို သံသယစိတ်ရှိလျက် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူပြီးဟု အပြစ်တင်ခဲ့သည်။ ၎င်းသံသယစိတ်သည် ပြဿနာအမျိုးမျိုးကို ဖြစ်စေတတ်ခဲ့သည်။ ထိုသူတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုစေခြင်းငှာ အတင်းအဓမ္မ ရွေးချယ်ခဲ့သည် (သူကြီး၊ ၆း၁)။ ထို့ကြောင့်၊ ဆိုးသောလမ်းသို့ လိုက်မလိုက်သည်ကို ကိုယ်ကိုကိုယ် စစ်ကြော၍၊ သမ္မာတရားလမ်းထဲသို့ ကူးပြောင်းလိုက်ပါ။ ဘုရားသခင်အပေါ် အပြစ်မတင်သင့်ဘူး။

ဘုရားသခင်သည် ကျွန်တော်၏ ယုံမှားသံသယအပေါ် စိတ်ရှည်စွာ သည်းခံတော်မူသည်

ဂိဒေါင်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ခေါ်တော်မူခြင်းအပေါ် သံသယရှိသောကြောင့် ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါဟု တောင်းဆိုခဲ့သလို၊ တိုက်ပွဲကို အနိုင်ရရန် သူ့တွင် လူအလုံအလောက်မရှိဟု ငြင်းခုံခဲ့သည်။ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု ဘုရားသခင်သည် နှစ်ကြိမ်မြောက် မိန့်တော်မူခဲ့သော်လည်း ဂိဒေါင်အား သံသယစိတ် ရှိသေးသည်။ သို့ရာတွင်၊ ဂိဒေါင်၏ သံသယနှင့် ကြောက်ရွံ့ခြင်းများအပေါ် ဘုရားသခင်သည် မိမိမဟာကရုဏာတော်အားဖြင့် စိတ်ရှည်စွာ တုံ့ပြန်တော်မူသည်။ ဂိဒေါင်သည် ဘုရားသခင်အပေါ် ကြိမ်ပေါင်းများစွာ ယုံမှားသံသယ ရှိသော်လည်း ကိုယ်တော်သည် သူကို စွန့်တော်မမူ။ ဘုရားသခင်သည် ပုထုဇဉ်တို့၏ အားနည်းခြင်းကို သိတော်မူသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို စိတ်နှလုံးအကြွင်းမဲ့ သိတော်မူသောကြောင့် ကျွန်တော်တို့၏ အားနည်းခြင်းလည်း သိတော်မူသည်။ ဘုရားရှင်၏ အသံတော်ကို ကြားသိရသော်လည်း ကျွန်တော်တို့သည် ကြောက်ရွံ့သဘော ရှိတတ်သေးသည်ကို ကိုယ်တော် သိတော်မူသည်။ ကျွန်တော်တို့သည် သဗ္ဗညုတဉာဏ်ကို မရှိကြပေဟု ကိုယ်တော် သိတော်မူသည်။ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူသည်။

ဘုရားသခင်၏ မဟာတန်ခိုးတော်သည် ကျွန်တော်တို့အတွက် လောက်ပေသည်

ဘုရားသခင်သည် ဂိဒေါင်အမည်ရှိသော သံသယစိတ်နှင့် ကြောက်သောစိတ် ပြည့်နှက်သောသူကို ခေါ်တော်မူ၍ ထောင်နှင့်ချီသော မိဒျန်လူသားတို့ကို စစ်သူရဲ (၃၀၀) အားဖြင့် နိုင်စေခဲ့သည်။ ကိုယ်တော်သည် ကျွန်တော်တို့အတွက်လည်း ၎င်းအမှုကို ပြုတော်မူလိမ့်မည် မဟုတ်ပါလား။ ကျွန်တော်တို့သည် အားနည်းလှသောလည်း ကိုယ်တော်ဘုရား၏ မဟာတန်ခိုးတော်အားဖြင့် အရာရာ၌ အောင်မြင်စေကြလိမ့်မည်။ ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာ ဖြစ်တော်မူ၏ဟု နှုတ်ကပတ်တော်အားဖြင့် သိရသည်။ ကိုယ်တော် မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Wisdom From Old Testament Stories

ဓမ္မဟောင်းကျမ်းသည် လူတချို့အဖို့ စိတ်ရှုပ်ပြီး နားလည်ဖို့ ခက်ခဲပါသည်။ သို့သော်၊ ဓမ္မဟောင်းဇာတ်‌တော်များသည် လက်တွေ့ဉာဏ်ပညာနှင့် ပြည့်စုံလှပါသည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ ဓမ္မဟောင်းဇာတ်တော်များကို စေ့စေ့လေ့လာလျက် မိမိယုံကြည်ခြင်းကို တိုးပွားစေသော စိန်ခေါ်ဖွယ်ရာနှင့် ခွန်အားရဖွယ်ရာတို့ကို ရှာတွေ့ရပါလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။